[Zawgyi]













PMCO 2019 Spring Split


[Unicode]

PUBG MOBILE Club Open Global 2019 Final ပွဲစဉ်များတွင် Vivo NEX ၏ နောက်ဆုံး Gaming Upgrade များကို မိတ်ဆက်ပြသ

နောက်ဆုံးပေါ် Multi-Turbo တပ်ဆင်ထားသည့် Game ကစားရန် အထူးထုတ်လုပ်ထားသော Vivo ၏ game-changing smartphone NEX မှ Turbo Mode ဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော PUBG MOLBILE Club Open (PMCO) 2019 ၏ Spring Split Global Final ပွဲစဉ်များ၏ ထိပ်တန်းအဖွဲ့ ၁၆ ဖွဲ့ကို ပြိုင်ဆိုင်စေခဲ့သည်။ NEX သည် gamers များအတွက် ၎င်းတို့၏ ပြိုင်ဆိုင်မှုကို ထောက်ပံ့ပေးသည့် နောက်ဆုံးပေါ် gaming ကိရိယာတစ်ခုဖြစ်သည်။ PMCO 2019 ပြိုင်ပွဲများကို Sprint နှင့် Fall Split ဖြင့် အမျိုးအစား ၂ မျိုး ခွဲခြားထားပြီး အမျိုးအစားတစ်မျိုးစီအတွက် အမေရိကန်ဒေါ်လာ ၂.၅ သန်း ဆုချီးမြင့်သွားမည် ဖြစ်ပါသည်။

NEX သည် Vivo ၏ premium ရွေးချယ်စရာအဖြစ် ထုတ်လုပ်ထားသည့် flagship စီးရီးဖြစ်ပြီး ဆန်းသစ်တီထွင်မှုများဖြင့် ဖန်တီထားသော ဒီဇိုင်း၊ လုပ်ဆောင်ချက်များအပြင် cutting-edge နည်းပညာများ အသုံးပြုထားသည့် ထိပ်တန်းစမတ်ဖုန်း ဖြစ်ပါသည်။ မျက်နှာပြင်အပြည့် notch-free Ultra FullViewTM Dispay ဖြင့် ဖန်တီးထားသည့် NEX သည် bezel-less အနေအထားကို ဖန်တီးပေးပြီး screen-to-body 91.24% ရှိသည့်အတွက် gamers များကို အကောင်းဆုံး အတွေ့အကြုံများကို အပြည့်အဝ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

လက်ရှိတွင် Vivo သည် နောက်ဆုံးပေါ် အကောင်းဆုံးနှင့် အသစ်သစ်သော game feature များဖြင့် သာလွန်ပြည့်စုံသည့် NEX ကို ယူဆောင်လာနိုင်ခဲ့ပါသည်။ ထိုသို့ ယူဆောင်လာနိုင်ခြင်းသည် gamer ၏ စွမ်းရည်ကို ပိုမို မြှင့်တင်ပေးနိုင်ရန်အတွက် Vivo ၏ ကတိကဝတ်ဖြစ်ပြီး အထူးသဖြင့် PUBG MOBILE Club Open Global Finals 2019 ပွဲစဉ်များတွင် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။ အဆိုပါ NEX ၏ အဆင့်မြင့် နည်းပညာများဖြင့် gamer များသည့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး best-in-class gaming software များကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ချောမွေ့သော gaming အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန် Vivo ၏ Multi-Turbo Engine

NEX တွင် မိုဘိုင်းဂိမ်းများ နစ်ဝင်ကစားနေစဉ်အတွင်း အကောင်းဆုံး လုပ်ဆောင်ချက်များကို ရရှိနိုင်ဖို့ Vivo Multi-Turbo Engine ကို ထည့်သွင်းထားပါသည်။ အကောင်းဆုံးနှင့် အချောမွေ့ဆုံး gaming အတွေ့အကြုံများ ရရှိနိုင်ရန် Game Turbo, Center Turbo, Colling Turbo နှင့် AI Turbo များဖြင့် ပေါင်းစပ်ထည့်သွင်းထားပါသည်။

‘Game Turbo’ က PUBG MOBILE အပါအဝင် အခြား နာမည်ကြီး မိုဘိုင်းဂိမ်းများကို အကောင်းဆုံး ကစားနိုင်စေရန် game performance SDK နဲ့ ချိတ်ဆက်ထားပါသည်။

‘Center Turbo’ က CPU နဲ့ internal storage တွင် ပါဝင်သည့် အချက်အလက်များကို အဓိကထားပြီး အခြားအက်ပလီကေးရှင်းများ ဖွင့်ထားသည့် တစ်ချိန်တည်းမှာပင် အမြင့်ဆုံး game လုပ်ဆောင်ချက်ကို ရရှိစေရန် လုပ်ဆောင်ပေးသည်။ ထိုသို့ လုပ်ဆောင်ချက်သည် FPS လျော့ကျမှုကို ၇၈% လျှော့ချပေးပါသည်။

‘Cooling Turbo’ က game ပွဲစဉ်များ အပြင်းအထန် ကစားနေစဉ် အပူထိန်းချုပ်ပေးသည့် feature မှ တစ်ဆင့် စမတ်ဖုန်းများကို အပူမလွန်ကဲစေရန် လုပ်ဆောင်ပေးပါသည်။

‘AI Turbo’ မှ CPU/GPU လုပ်ဆောင်ချက်များကို ချောမွေ့သော game အတွေ့အကြုံများ ရရှိစေရန် ဖြစ်လာမည့် အခြေအနေများကို စနစ်တကျ ပြုလုပ်ပေးသည်။ AI ခန့်မှန်းချက်များမှတစ်ဆင့် အသုံးပြုသူများ၏ အက်ပလီကေးရှင်း အမြန်နှုန်းများကို ပုံမှန်အမြန်နှုန်းများထက် ၂၀% ထက်ပိုစေရန် ဆောင်ရွက်ပေးပါသည်။

Turbo Mode မှ PUBG MOBILE များအတွက် အကောင်းဆုံး Display ပေးစွမ်းနိုင်ခြင်း

NEX တွင် Turbo mode ဖွင့်ခြင်းသည် PUBG MOBILE များအတွက် အကောင်းဆုံး display ကို ရရှိစေသည်။ NEX နှင့် PUBG MOBILE သီးသန့် ပူးပေါင်းဆောင်ရွက်ခြင်းသည် display ကို HDR+ နဲ့ တည်ငြိမ်ပြီး မြင့်မားသည့် frame rate ကို အကောင်းဆုံး ရရှိစေပါသည်။

အသုံးပြုသူများသည် NEX ၏ PUBG MOBILE အက်ပလီကေးရှင်းပေါ်တွင် Turbo Mode ကို ရရှိနိုင်ပါသည်။

PMCO 2019 Spring Split

PMCO 2019 Spring Split ကို မတ်လတွင် စတင်ကျင်းပခဲ့ပြီး ကမ္ဘာအနှံ့အပြားမှ ဂိမ်းအဖွဲ့ဝင်ပေါင်း ၃၀,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ Fall Split ပြိုင်ပွဲများကို လာမည့်နှစ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။