[Zawgyi]

ေမာ္ဒယ္နံပါတ္ V1922A အမည္ရွိ Vivo စမတ္ဖုန္းတစ္လုံးဟာ Compulsory Certification of China (3C) ခြင့္ျပဳလက္မွတ္ကို ရရွိသြားပါၿပီ။ အဆိုပါ စမတ္ဖုန္းမွာ 44W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ ေကာလဟလသတင္းေတြမွာေတာ့ V1922A ဆိုတာ Vivo NEX 2 ရဲ႕ ေမာ္ဒယ္နံပါတ္ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

3C ဝက္ဆိုက္မွာ ေဖာ္ျပထားတဲ့ V3030A-CN Charger ဟာ 5V/2A , 9V/2A, 11V/3A နဲ႔ 11V/4A အားသြင္းစနစ္ေတြကို ေထာက္ပံ့ေပးႏိုင္ၿပီး Vivo iQOO စမတ္ဖုန္းမွာသုံးထားတဲ့ Charger နဲ႔ အတူတူပဲလို႔ သိရပါတယ္။ Vivo iQOO စမတ္ဖုန္းဟာ 44W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတာေၾကာင့္ အခုအသစ္ထြက္လာမယ့္ ေမာ္ဒယ္ကလည္း အဆိုပါ အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးလိမ့္မယ္လို႔ ယူဆေနၾကတာ ျဖစ္ပါတယ္။ Vivo NEX 2 နဲ႔ ပတ္သက္ၿပီး လက္ရွိအခ်ိန္ထိ တိက်ေသခ်ာတဲ့ အခ်က္အလက္မရွိေသးပါဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ တပတ္တုန္းကေတာ့ Ice universe က vivo NEX 2 လို႔ ေရးသားထားတဲ့ စာသားနဲ႔ ဓာတ္ပုံတပုံကို သူရဲ႕ တြစ္တာအေကာင့္မွာ လႊင့္တင္ခဲ့ပါတယ္။

Vivo NEX 2 သာ ဓာတ္ပုံထဲက ဒီဇိုင္းအတိုင္း တကယ္ထြက္လာရင္ ေတာ္ေတာ္ေလး လန္းမွာပါ။ Selfie Camera ကို ဘယ္နားမွာထားၿပီး၊ ေနာက္ေက်ာဘက္ဒီဇိုင္းကို ဘယ္လိုလုပ္ထားလဲဆိုတာ အတိအက် မသိရေသးေပမယ့္ ေရွ႕ဘက္မ်က္ႏွာျပင္ဒီဇိုင္းကေတာ့ အားလုံးျမင္ၾကတဲ့အတိုင္း အထက္/ေအာက္နဲ႔ ေဘး Bezel ေတြက ပါးလႊာၿပီး ေတာ္ေတာ္းေလးကို လွပေနတာ ေတြ႕ရပါတယ္။

Vivo ဟာ မၾကာေသးခင္တုန္းက ပိုျမန္တဲ့အင္တာနက္ Speed ကို ရရွိဖို႔အတြက္ မတူညီတဲ့ Wi-Fi ကြန္ရက္ ၂ခုကို ဖုန္းတစ္လုံးတည္းကေန တၿပိဳင္နက္ခ်ိတ္လို႔ရတဲ့ Dual Wi-Fi Acceleration နည္းပညာကို ျပသထားပါတယ္။ ဒါ့ေၾကာင့္ Vivo NEX 2 ဟာ အဆိုပါ နည္းပညာကို ပထမဦးဆုံး အသုံးျပဳလာမယ့္ စမတ္ဖုန္းျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

Ref : Gizmochina

[Unicode]

လုံးဝ မျက်နှာပြင်ပြည့် စမတ်ဖုန်းအဖြစ် ပွဲထွက်လာနိုင်တဲ့ Vivo NEX 2

မော်ဒယ်နံပါတ် V1922A အမည်ရှိ Vivo စမတ်ဖုန်းတစ်လုံးဟာ Compulsory Certification of China (3C) ခွင့်ပြုလက်မှတ်ကို ရရှိသွားပါပြီ။ အဆိုပါ စမတ်ဖုန်းမှာ 44W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ကောလဟလသတင်းတွေမှာတော့ V1922A ဆိုတာ Vivo NEX 2 ရဲ့ မော်ဒယ်နံပါတ်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

3C ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ V3030A-CN Charger ဟာ 5V/2A , 9V/2A, 11V/3A နဲ့ 11V/4A အားသွင်းစနစ်တွေကို ထောက်ပံ့ပေးနိုင်ပြီး Vivo iQOO စမတ်ဖုန်းမှာသုံးထားတဲ့ Charger နဲ့ အတူတူပဲလို့ သိရပါတယ်။ Vivo iQOO စမတ်ဖုန်းဟာ 44W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတာကြောင့် အခုအသစ်ထွက်လာမယ့် မော်ဒယ်ကလည်း အဆိုပါ အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးလိမ့်မယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။ Vivo NEX 2 နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တိကျသေချာတဲ့ အချက်အလက်မရှိသေးပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ တပတ်တုန်းကတော့ Ice universe က vivo NEX 2 လို့ ရေးသားထားတဲ့ စာသားနဲ့ ဓာတ်ပုံတပုံကို သူရဲ့ တွစ်တာအကောင့်မှာ လွှင့်တင်ခဲ့ပါတယ်။

Vivo NEX 2 သာ ဓာတ်ပုံထဲက ဒီဇိုင်းအတိုင်း တကယ်ထွက်လာရင် တော်တော်လေး လန်းမှာပါ။ Selfie Camera ကို ဘယ်နားမှာထားပြီး၊ နောက်ကျောဘက်ဒီဇိုင်းကို ဘယ်လိုလုပ်ထားလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ရှေ့ဘက်မျက်နှာပြင်ဒီဇိုင်းကတော့ အားလုံးမြင်ကြတဲ့အတိုင်း အထက်/အောက်နဲ့ ဘေး Bezel တွေက ပါးလွှာပြီး တော်တော်းလေးကို လှပနေတာ တွေ့ရပါတယ်။

Vivo ဟာ မကြာသေးခင်တုန်းက ပိုမြန်တဲ့အင်တာနက် Speed ကို ရရှိဖို့အတွက် မတူညီတဲ့ Wi-Fi ကွန်ရက် ၂ခုကို ဖုန်းတစ်လုံးတည်းကနေ တပြိုင်နက်ချိတ်လို့ရတဲ့ Dual Wi-Fi Acceleration နည်းပညာကို ပြသထားပါတယ်။ ဒါ့ကြောင့် Vivo NEX 2 ဟာ အဆိုပါ နည်းပညာကို ပထမဦးဆုံး အသုံးပြုလာမယ့် စမတ်ဖုန်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

Ref : Gizmochina