Zawgyi
အခု Vivo Z5 စမတ်ဖုန်းကို Aurora Illusion ၊ Holographic Illusion နဲ့ Bamboo Forest Night ဆိုပြီး အရောင် ၃ မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းတွေအနေနဲ့ ဒေါ်လာ ၂၃၀ ဝန်းကျင်ကနေ ဒေါ်လာ ၃၃၀ အထိရှိမယ်လို့ သိရပါတယ်။
Vivo Z5 ဈေးနှုန်းများ
Ref – GSM Arena
Unicode
Vivo ကနေ နောက်ဆုံးတော့ ယခင်တုန်းက သတင်းတွေပေါက်ကြားနေခဲ့တဲ့ Vivo Z5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Vivo Z5 စမတ်ဖုန်းက ပြီးခဲ့တဲ့ မေလတုန်းက မိတ်ဆက်ခဲ့တဲ့ Z5x စမတ်ဖုန်းနဲ့ အနည်းငယ်ဆင်တူပြီးတော့ Camera ၊ Performance နဲ့ Under-Display Fingerprint Sensor တွေမှာ Upgrade လုပ်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။
Performance ပိုင်းအနေနဲ့ကတော့ Vivo Z5 စမတ်ဖုန်းမှာ Qualcomm Snapdragon 712 Processor ကို အသုံးပြုထားပြီးတော့ RAM 6GB ဒါမှမဟုတ် 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 64GB ၊ 128GB နဲ့ 256GB ဆိုပြီး ထည့်သွင်းထားမှာဖြစ်ပါတယ်။ Display ပိုင်းမှာလည်း 6.38″ Full HD+ Super AMOLED Display ကို သုံးထားပြီးတော့ Under-Display Fingerprint Sensor လည်းပါဝင်လာပါပြီ။
Camera ကိုကြည့်မယ်ဆိုရင်လည်း Triple Back Camera Setup ကို အသုံးပြုထားပြီး 48MP Aperture f1.8 Primary Sensor ၊ 8MP Ultra-wide Angle Sensor နဲ့ 2MP Depth Sensor တွေကို ထည့်သွင်းပေးထားပါတယ်။ ဒီ Camera စနစ်မှာ ညဘက်ဓါတ်ပုံတွေရိုက်ကူးဖို့အတွက် သီးသန့် Night Mode လည်းပါဝင်လာမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ Waterdrop Notch မှာ 32MP Sensor ကို ထည့်သွင်းပေးထားပါတယ်။
Battery အနေနဲ့ကတော့ 4500mAh Battery ပါဝင်မှာဖြစ်သလို 22.5 Fast Charging ကိုလည်း ထည့်ပေးထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော Device တွေကိုလည်း Cable နဲ့အားသွင်းပေးနိုင်တဲ့ Reverse Charging Feature လည်းပါဝင်ဦးမှာပါ။ Software ပိုင်းအနေနဲ့ကတော့ Android 9.0 Pie ကို အခြေခံထားတဲ့ Funtouch OS 9.1 ကို အသုံးပြုထားပါတယ်။
အခု Vivo Z5 စမတ်ဖုန်းကို Aurora Illusion ၊ Holographic Illusion နဲ့ Bamboo Forest Night ဆိုပြီး အရောင် ၃ မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းတွေအနေနဲ့တော့ ဒေါ်လာ ၂၃၀ ဝန်းကျင်ကနေ ဒေါ်လာ ၃၃၀ အထိရှိမယ်လို့ သိရပါတယ်။
Vivo Z5 စျေးနှုန်းများ
6GB/64GB – တရုတ်ငွေ ၁၅၉၈ ယွမ် (၃သိန်းခွဲ ဝန်းကျင်)
6GB/128GB – တရုတ်ငွေ ၁၈၉၈ ယွမ် (၄၁၅,၀၀၀ ကျပ် ဝန်းကျင်)
6GB/256GB – တရုတ်ငွေ ၁၉၉၈ ယွမ် (၄၃၇,၀၀၀ ကျပ် ဝန်းကျင်)
8GB/128GB – တရုတ်ငွေ ၂၂၉၈ ယွမ် (၅သိန်း ဝန်းကျင်)
Ref – GSM Arena