Vivo က ပထမဆုံး တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ Vivo Pad လို့ နာမည်ပေးထားပြီး စွမ်းဆောင်ရည်မြင့် Specs တွေ ထည့်သွင်းထားပါတယ်။ Vivo Pad ဟာ OPPO Pad, Xiaomi Pad 5 , Samsung Galaxy Tab S7 FE တို့ကိုယှ
ဉ်ပြိုင်မှာပါ။

Vivo Pad

မျက်နှာပြင်အကြောင်းစပြောရရင် ၁၁ လက်မ OLED ဖြစ်ပြီး 2.5K Resolution ရှိပါတယ်။ 120z Refresh Rate နဲ့ Dolby Vision Support ပါလာပါတယ်။ Vivo Pen လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပြီး သံလိုက်နဲ့ တက်ဘလက်မှာ ကပ်ထားနိုင်ပါတယ်။ Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပြီး အနောက်ဘက် ကင်မရာ Module က လေးထောင့်ပုံ ဖြစ်ပါတယ်။

7" vivo X Note with SD 8 Gen 1 unveiled, SD870-powered vivo Pad follows -  GSMArena.com news

အနောက်ဘက်မှာ 13MP Main နဲ့ 8MP Ultra-wide Angle ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Snapdragon 870 SoC နဲ့ Adreno 650 GPU ပါလာပြီး 8GB RAM နဲ့ 128GB /256GB Storage တပ်ဆင်ထားပါတယ်။ 44W Fast Charging ပါတဲ့ 8,040mAh ဘက်ထရီ ပါလာပြီး ဆော့ဖ်ဝဲ အပိုင်းမှာ Android 11 OS ထည့်ထားပါတယ်။

Vivo Pad အတွက် အပြာ၊ အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 8GB RAM/128GB Storage နဲ့ 8GB RAM/256GB Storage  ကို ၂,၄၉၉ ယွမ်နဲ့ ၂,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇၃၀,၀၀၀ နဲ့ ၈၇၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : gizmochina