[Zawgyi]

Vivo က NEX 3 ရဲ႕ Teaser  Image ေတြကို မွ်ေ၀လိုက္ပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ေဖာ္ျပထားတာ မရွိေပမယ့္ Waterfall Display နဲ႔ ဒီဇိုင္းကို ပိုၿပီး ထင္ထင္ရွားရွား ျမင္လာရပါတယ္။ ေဘးဘက္ေတြမွာ ခလုတ္ေတြ မပါဘဲ Dual Front Facing Camera ကို ေမာ္တာအေျချပဳ Pop-up Design ဖန္တီးထားပါတယ္။ ဒုတိယ Module ဟာ Depth Sensor လား၊ Ultrawide လားဆိုတာ မသိရေသးပါဘူး။

NEX 3 ကို တရုတ္မွာ အေစာဆံုး ေရာင္းခ်မယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ ထူးျခားဆန္းသစ္တဲ့ စမတ္ဖုန္း ျဖစ္တာေၾကာင့္ အျခားႏုိင္ငံေတြမွာလည္း ေရာင္းခ်ႏုိင္ပါတယ္။ Vivo က စက္တင္ဘာလ ၁၆ ရက္ေန႔မွာ NEX 3 ကို ေၾကညာေတာ့မွာပါ။ Vivo NEX 3 ရဲ႕ သတင္းအခ်က္အလက္ေတြ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူ႔မွာ ၆.၈၉ လက္မ 2256x1080p Display တပ္ဆင္ထားမွာပါ။ Screen-to-body Ratio ဟာ ၉၉.၆ ရာခုိင္ႏႈန္းရွိမယ္လို႔ သိရၿပီး ဒါဟာ Waterfall Display Design ေၾကာင့္ ျဖစ္ပါတယ္။ X50 5G Modem ပါတဲ့ 7nm Qualcomm Snapdragon 855+ Chipset ပါလာမွာပါ။ အေနာက္ကင္မရာ ၃ လံုးမွာ 64MP Main  , 13MP နဲ႔ 13MP နဲ႔ အေရွ႕ ကင္မရာ ၁ လံုးက 16MP ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

8GB+128GB Configuration နဲ႔ ထြက္လာႏုိင္ၿပီး 44W Fast Charge ပါတဲ့ 4,500mAh Battery ပါလာႏုိင္ပါတယ္။ 3.5mm Headphone Jack နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာေတြ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ 4G VoLTE နဲ႔ 5G Model ေတြ ထုတ္လုပ္ထားႏိုင္ပါတယ္။

Vivo ရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ Li Xiang က အဲဒီ စမတ္ဖုန္းရဲ႕ Custom Camera Optimizations အေၾကာင္းကို မၾကာခင္က ေျပာျပခဲ့ပါတယ္။ သူက စမတ္ဖုန္း ကင္မရာေတြဟာ အခ်ိန္နဲ႔အမွ် တိုးတက္လာၿပီး Vivo ကလည္း အဲဒီ လမ္းစဥ္ကို လိုက္ေနတယ္လို႔ ေျပာပါတယ္။  Vivo NEX 3 မွာ လူတိုင္း သေဘာက်မယ့္ Camera UI အသစ္ ထည့္သြင္းထားႏုိင္ပါတယ္။ Li Xiang က ကင္မရာ လုပ္ေဆာင္ခ်က္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ Self-timer နဲ႔ Beauty Modes ေတြမွာ ဆန္းသစ္ထားႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Vivo က NEX 3 ရဲ့ Teaser  Image တွေကို ပြသ

Vivo က NEX 3 ရဲ့ Teaser  Image တွေကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဖော်ပြထားတာ မရှိပေမယ့် Waterfall Display နဲ့ ဒီဇိုင်းကို ပိုပြီး ထင်ထင်ရှားရှား မြင်လာရပါတယ်။ ဘေးဘက်တွေမှာ ခလုတ်တွေ မပါဘဲ Dual Front Facing Camera ကို မော်တာအခြေပြု Pop-up Design ဖန်တီးထားပါတယ်။ ဒုတိယ Module ဟာ Depth Sensor လား၊ Ultrawide လားဆိုတာ မသိရသေးပါဘူး။

NEX 3 ကို တရုတ်မှာ အစောဆုံး ရောင်းချမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်း ဖြစ်တာကြောင့် အခြားနိုင်ငံတွေမှာလည်း ရောင်းချနိုင်ပါတယ်။ Vivo က စက်တင်ဘာလ ၁၆ ရက်နေ့မှာ NEX 3 ကို ကြေညာတော့မှာပါ။ Vivo NEX 3 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့မှာ ၆.၈၉ လက်မ 2256x1080p Display တပ်ဆင်ထားမှာပါ။ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်းရှိမယ်လို့ သိရပြီး ဒါဟာ Waterfall Display Design ကြောင့် ဖြစ်ပါတယ်။ X50 5G Modem ပါတဲ့ 7nm Qualcomm Snapdragon 855+ Chipset ပါလာမှာပါ။ အနောက်ကင်မရာ ၃ လုံးမှာ 64MP Main , 13MP နဲ့ 13MP နဲ့ အရှေ့ ကင်မရာ ၁ လံုးက 16MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

8GB+128GB Configuration နဲ့ ထွက်လာနိုင်ပြီး 44W Fast Charge ပါတဲ့ 4,500mAh Battery ပါလာနိုင်ပါတယ်။ 3.5mm Headphone Jack နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 4G VoLTE နဲ့ 5G Model တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Vivo ရဲ့ ထုတ်ကုန် မန်နေဂျာ Li Xiang က အဲဒီ စမတ်ဖုန်းရဲ့ Custom Camera Optimizations အကြောင်းကို မကြာခင်က ပြောပြခဲ့ပါတယ်။ သူက စမတ်ဖုန်း ကင်မရာတွေဟာ အချိန်နဲ့အမျှ တိုးတက်လာပြီး Vivo ကလည်း အဲဒီ လမ်းစဉ်ကို လိုက်နေတယ်လို့ ပြောပါတယ်။ Vivo NEX 3 မှာ လူတိုင်း သဘောကျမယ့် Camera UI အသစ် ထည့်သွင်းထားနိုင်ပါတယ်။ Li Xiang က ကင်မရာ လုပ်ဆောင်ချက် အသေးစိတ်ကိုတော့ မပြောပါဘူး။ Self-timer နဲ့ Beauty Modes တွေမှာ ဆန်းသစ်ထားနိုင်ပါတယ်။

Ref : gsmarena