[Unicode]

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Vivo သည် ကမ္ဘာကျော် PUBG MOBILE မှ ပြုလုပ်သည့် PUBG MOBILE Club Open (PMCO) 2019 Fall Split ဂိမ်းပြိုင်ပွဲ၏ တရားဝင် Title Sponsor အဖြစ် ကူညီပံ့ပိုးပေးထားခဲ့ပြီး ကမ္ဘာ့အဆင့်ဖိုင်နယ်ပွဲစဉ်များကို (Global Finals) နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Putra World Trade Center (PWTC) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သည့် Global Finals ၏ နောက်ဆုံးနေ့ ဖိုင်နယ်ပွဲစဉ်အား မြန်မာနိုင်ငံမှ PUBG Mobile ဂိမ်းချစ် ပရိသတ်များ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်ကြည့်ရှု အားပေးနိုင်ရန် Live Streaming Watch Party ကို Vivo Myanmar မှ စီစဉ်ပြီး HOG E-Sport Center တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ Live Streaming ကို PUBG MOBILE လောကတွင် ကျော်ကြားသော နာမည်ကြီး Caster Bling X မှ တိုက်ရိုက် Cast ပေးပြီး ထုတ်လွှင့်ပြသခဲ့သည်။

Vivo အနေဖြင့် PUBG MOBILE Club Open 2019 Fall Split ပြိုင်ပွဲတွင် Title Sponsor အဖြစ်သာမက official Smartphone Provider အဖြစ်လည်း ပါဝင်ခဲ့ပြီး Vivo ၏ စွမ်းရည်မြင့် 5G Flagship ဖုန်းဖြစ်သည့် NEX 3 စမတ်ဖုန်းများကိုလည်း ဂိမ်း၏ Official Secret Weapon အဖြစ် ထည့်သွင်းကူညီပေးခဲ့သည်။

Global Finals ပွဲစဉ်များ၌ ကမ္ဘာတစ်ဝန်းမှ အသင်း (၁၆) သင်းက ပါဝင်ဆင်နွှဲခဲ့ကြပြီး

ပထမဆု (‌‌ဒေါ်လာ ၁၈၀,၀၀၀) – BTR Team (Score 303)

ဒုတိယဆု (ဒေါ်လာ ၉၀,၀၀၀) – TES Team (Score 197)

တတိယဆု (ဒေါ်လာ ၄၅,၀၀၀) – MEGA Team (Score 191) တို့ မှ အသီးသီး အနိုင်ရရှိခဲ့ကြပြီး အဆင့် (၄) နှင့် အဆင့် (၅) တို့ကို ILMN Team (Score 190) နှင့် Entity Team (Score 157) အသင်းများကရရှိခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၂၃,၀၀၀ နှင့် ဒေါ်လာ ၁၂,၀၀၀ တို့ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ ပါဝင်ယှဉ်ပြိုင်သည့် ၁၆ သင်းထဲမှ chicken dinner ရရှိခဲ့သည့် TQ Team, ORANGE Team, Soul Team တို့ကိုလည်း Winner များအဖြစ် ဆုကြေးငွေ ဒေါ်လာ ၅၀၀၀ ချီးမြှင့်ခဲ့သည်။

“ကျွန်တော်တို့ Vivo အနေနဲ့ နည်းပညာပိုင်းမှာ တီထွင်ဆန်းသစ်မှုတွေ စဉ်ဆက်မပြတ်လုပ်ပြီး သုံးစွဲသူတွေ အတွက် အသစ်အသစ်သော စမတ်ဖုန်းတွေ ထုတ်လုပ်နေသလို အီလက်ထရောနစ် အားကစား (Esports) ကဏ္ဏ တိုးတက်မြင့်မားစေရန်လည်း တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးနေပါတယ်။ Vivo အနေနဲ့ PUBG MOBILE နဲ့ ပူးပေါင်းပြီး PMCO 2019 Fall Split ပြိုင်ပွဲကြီးကို Official Title Sponsor အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး ယနေဆိုရင် Global Finals ရဲ့ နောက်ဆုံးနေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ Vivo ရဲ့ အဆင့်မြင့် မိုဘိုင်းလ်နည်းပညာ အကူအညီနဲ့ ပြိုင်ဘက်ကင်း ဂိမ်းကစားခြင်း အတွေ့အကြုံများနဲ့အတူ အောင်မြင်မှုတွေ အရယူနိုင်ပါစေလို့လည်း ပြိုင်ပွဲဝင်တွေကို အားပေးချင်ပါတယ်။” ဟု Vivo ၏ Chief Operating Officer ဖြစ်သ Mr. Nelson Ni မှ ပြောကြားသွားခဲ့သည်။

Vivo ထုတ် စမတ်ဖုန်းများသည် မိုဘိုင်းလ်ဂိမ်းများကို ပြိုင်ဖက်ကင်းတဲ့ ဆော့ကစားမှု အတွေ့အကြုံများ ရရှိစေရန် ဖန်တီးထုတ်လုပ်ထားသကဲ့သလို အခြားတစ်ဖက်တွင်လည်း Vivo အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် အီလက်ထရောနစ် အားကစား (Esports) ကဏ္ဏကို မြှင့်တင်နိုင်စေရန် တစိုက်မတ်မတ် ကူညီပံ့ပိုးလျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံကိုယ်စားပြု Top Esports အသင်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့သည့် PMCO 2019 Spring Split ပြိုင်ပွဲများတွင်လည်း Title Sponsor အဖြစ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

ယခု PUBG MOBILE Club Open 2019 Fall Split ပြိုင်ပွဲ၏ Global Finals နောက်ဆုံးနေ့ ပွဲစဉ်များကို မြန်မာနိုင်ငံမှ PUBG MOBILE ချစ်သူများ တိုက်ရိုက်ကြည့်ရှု အားပေးနိုင်ရန် Vivo Myanmar နှင့် HOG E-Sport Center တို့မှ ပူးပေါင်းတင်ဆက်ခဲ့ခြင်းဖြစ်သည်။ PUBG MOBILE Club Open 2019 Fall Split ပြိုင်ပွဲအကြောင်း အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တရားဝင် Facebook စာမျက်နှာ https://cutt.ly/deV8Ljf သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

[Zawgyi]

Vivo မှ Title Sponsor အဖြစ် ကူညီပံ့ပိုးပေးထားသည့် PUBG MOBILE Club Open 2019 Fall Split နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို တိုက်ရိုက် Live Streaming ဖြင့် ပရိသတ်များအတူတကွ ကြည့်ရှုအားပေးခဲ့









