[Zawgyi]

Vivo ဟာ Official Smartphone Partner အျဖစ္ ပူးေပါင္းၿပီး ကမာၻတစ္လႊားက Gamers ေတြနဲ႔ ခ်ိတ္ဆက္မႈေတြကို ထုတ္ေဖာ္ျပသလိုက္ပါတယ္

Vivo ဟာ ကမာၻတစ္ဝွမ္းမွာ ဦးေဆာင္ေနတဲ့ Mobile Game တစ္ခုျဖစ္တဲ့ Player Unknown’s Battlegrounds Mobile (PUBG MOBILE) မွ မၾကာခင္က်င္းပျပဳလုပ္ေတာ့မယ့္ ကမာၻ႔အႀကီးဆုံး Mobile Game ၿပိဳင္ပြဲ ျဖစ္တဲ့ PUBG MOBILE Club Open 2019 မွာ Title Sponsor အျဖစ္ ပါဝင္မယ္လို႔ တရားဝင္ေၾကျငာလိုက္ပါတယ္။ အဆိုပါၿပိဳင္ပြဲအတြက္ Vivo မွ Official Smartphones မ်ားကို ေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး ကမာၻတစ္ဝွမ္းရွိ ေဒသ ၁၀ ခုမွ ကစားသမားမ်ားဟာ စုစုေပါင္း Prize Pool $2.0Million USD အတြက္ ေႏြဦးနဲ႔ ေဆာင္းဦးရာသီေတြမွာ ယွဥ္ၿပိဳင္ၾကမွာပဲ ျဖစ္ပါတယ္။ ဒီလိုကမာၻနဲ႔ခ်ီတဲ့ ပူးေပါင္းမႈကတစ္ဆင့္ Vivo ဟာ အသုံးျပဳသူေတြထံ ပိုမိုေျပျပစ္ေခ်ာေမြ႕ေသာ ဂိမ္းအေတြ႕အႀကဳံေတြကို ေပးစြမ္းႏိုင္ေတာ့မွာျဖစ္ၿပီး အဓိပၸာယ္ျပည့္ဝတဲ့ မိတ္ဖက္ေဆာင္႐ြက္မႈအျဖစ္ လူေတြနဲ႔ ပိုမိုခ်ိတ္ဆက္ႏိုင္ေတာ့မွာပါ။

Vivo ဟာ အသုံးျပဳသူေတြအတြက္ အေကာင္းဆုံး ေဆာင္႐ြက္ေပးရင္း eSports ေလာကရဲ႕ ေရွ႕ေဆာင္အျဖစ္ ယွဥ္သန္လ်က္ ရွိပါတယ္။ PUBG MOBILE နဲ႔ ပူးေပါင္းမႈဟာ ႀကီးမားတဲ့ မွတ္တိုင္တစ္ခုျဖစ္ၿပီး Tencent Games နဲ႔ PUBG Corporation တို႔ကေန ထုတ္လုပ္တဲ့ မိုဘိုင္းဂိမ္းဟာ တ႐ုတ္၊ ကိုရီးယားနဲ႔ ဂ်ပန္ျပင္ပမွ ေဒါင္းေလာ့ခ်အသုံးျပဳသူေပါင္း ၂၀၀ မီလီယံ ရွိေနၿပီး မိုဘိုင္းဂိမ္းေလာကကို ဦးေဆာင္လ်က္ ရွိပါတယ္။ ကမာၻ႔အႀကီးဆုံး မိုးဘိုင္းဂိမ္းၿပိဳင္ပြဲေတြထဲက တစ္ခုျဖစ္လာမယ့္ PUBG MOBILE Club Open 2019 ဟာ Vivo ရဲ႕ “သမား႐ိုးက်မဟုတ္သည္မ်ားကို ခံစားျခင္း” ဆိုတဲ့ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အႀကီးမားဆုံး အခြင့္အေရးတစ္ရပ္ျဖစ္ၿပီး ကမာၻ႔အဆင့္ ကစားသမားေတြအတြက္ တျခားနဲ႔မတူတဲ့ ဂိမ္းအေတြ႕အႀကဳံကို ယူေဆာင္လာေပးမွာ ေသခ်ာပါတယ္။ ကမာၻ႔အဆင့္ မိတ္ဆက္ေဆာင္႐ြက္မႈကတစ္ဆင့္ Vivo ရဲ႕ တီထြင္ဆန္းသစ္ျခင္း၊ စမတ္က်ျခင္းဆိုတဲ့ အမွတ္တံဆိပ္ ရပ္တည္မႈကို ဖြင့္လွစ္ျပသႏိုင္ခဲ့ၿပီးျဖစ္သလို၊ အသုံးျပဳသူေတြထံသို႔လည္း ပိုမိုေကာင္းမြန္ေသာ အေတြ႕အႀကဳံေတြ ေပးစြမ္းခဲ့ပါၿပီ။

ၿပီးခဲ့တဲ့ႏွစ္က ဒူဘိုင္းမွာ က်င္းပခဲ့တဲ့ The PUBG MOBILE STAR CHELLENGE 2018 ရဲ႕ ေနာက္ဆုံးဖိုင္နယ္ပြဲမွာဆိုရင္ ၾကည့္ရႈသူေပါင္း ၂၃၀ မီလီယံ၊ ပြဲအတြင္း ၾကည့္ရႈသူေပါင္း ၅၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ PUBG MOBILE Club Open 2019 ရဲ႕ အရည္အခ်င္းစစ္ပြဲဟာဆိုရင္ ၂၀၁၉ ခုႏွစ္၊ မတ္လ ၂၂ ေန႔မွာ စတင္ခဲ့ပါတယ္။ ေႏြဦးရာသီ Global Finals ပြဲကိုေတာ့ ယခုႏွစ္ ဇူလိုင္လမွာ က်င္းပမွာျဖစ္ၿပီး၊ ေဆာင္းဦးရာသီ Global Finals ပြဲကိုေတာ့ ဒီဇင္ဘာလမွာ က်င္းပျပဳလုပ္သြားမွာပါ။

“ႀကီးမားတဲ့ ဂုဏ္သိကၡာနဲ႔ အသုံးျပဳသူေတြရဲ႕ လိုအပ္ခ်က္ကို အၿမဲအေလးထားတဲ့ Vivo နဲ႔ မိတ္ဖက္အျဖစ္ ေဆာင္႐ြက္ရတဲ့အတြက္ အရမ္းကို ရင္ခုန္စိတ္လႈပ္ရွားမိပါတယ္။ ကြၽန္ေတာ္တို႔လို တီထြင္ဆန္းသစ္ေနတဲ့ အမွတ္တံဆိပ္တစ္ခုအတြက္ ဒီလိုမ်ိဳးပူးေပါင္းေဆာင္႐ြက္မႈဟာ ကမာၻတစ္လႊားမွာရွိတဲ့ ကစားသမားမ်ားအတြက္ အေကာင္းဆုံး အေတြ႕အႀကဳံေတြ၊ ခံစားမႈေတြကို ေဆာင္ယူလာေပးမယ္ဆိုတာ မီးေမာင္းထိုးျပလိုက္ သလိုပါပဲ။ ဒီပူးေပါင္းမႈဟာ အစပဲရွိပါေသးတယ္။ အေကာင္းဆုံး ဂိမ္းအေတြ႕အႀကဳံေတြေပးစြမ္းႏိုင္ဖို႔ Vivo လိုမ်ိဳး ေဈးကြက္ကို ဦးေဆာင္ေနတဲ့ ကုမၸဏီေတြနဲ႔ ေရွ႕ဆက္လက္တြဲသြားမယ့္ အစီအစဥ္ရွိပါတယ္” လို႔ Tencent Games ရဲ႕ General Manager တစ္ဦးျဖစ္သူ Vincent Wang က ေျပာပါတယ္။

[Unicode]

“PUBG အဖွဲ့အစည်းနဲ့ Tencent Games တို့ရဲ့ PUBG Mobile Club Open 2019 မှာ Gamer တွေရဲ့ အောင်မြင်မှုတွေကို မြှင့်တင်ဖို့ Vivo က ပူးပေါင်းပါဝင်”

Vivo ဟာ Official Smartphone Partner အဖြစ် ပူးပေါင်းပြီး ကမ္ဘာတစ်လွှားက Gamers တွေနဲ့ ချိတ်ဆက်မှုတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်

Vivo ဟာ ကမ္ဘာတစ်ဝှမ်းမှာ ဦးဆောင်နေတဲ့ Mobile Game တစ်ခုဖြစ်တဲ့ Player Unknown’s Battlegrounds Mobile (PUBG MOBILE) မှ မကြာခင်ကျင်းပပြုလုပ်တော့မယ့် ကမ္ဘာ့အကြီးဆုံး Mobile Game ပြိုင်ပွဲ ဖြစ်တဲ့ PUBG MOBILE Club Open 2019 မှာ Title Sponsor အဖြစ် ပါဝင်မယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။ အဆိုပါပြိုင်ပွဲအတွက် Vivo မှ Official Smartphones များကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ဒေသ ၁၀ ခုမှ ကစားသမားများဟာ စုစုပေါင်း Prize Pool $2.0 Million USD အတွက် နွေဦးနဲ့ ဆောင်းဦးရာသီတွေမှာ ယှဉ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာနဲ့ချီတဲ့ ပူးပေါင်းမှုကတစ်ဆင့် Vivo ဟာ အသုံးပြုသူတွေထံ ပိုမိုပြေပြစ်ချောမွေ့သော ဂိမ်းအတွေ့အကြုံတွေကို ပေးစွမ်းနိုင်တော့မှာဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ မိတ်ဖက်ဆောင်ရွက်မှုအဖြစ် လူတွေနဲ့ ပိုမိုချိတ်ဆက်နိုင်တော့မှာပါ။

Vivo ဟာ အသုံးပြုသူတွေအတွက် အကောင်းဆုံး ဆောင်ရွက်ပေးရင်း eSports လောကရဲ့ ရှေ့ဆောင်အဖြစ် ယှဉ်သန်လျက် ရှိပါတယ်။ PUBG MOBILE နဲ့ ပူးပေါင်းမှုဟာ ကြီးမားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး Tencent Games နဲ့ PUBG Corporation တို့ကနေ ထုတ်လုပ်တဲ့ မိုဘိုင်းဂိမ်းဟာ တရုတ်၊ ကိုရီးယားနဲ့ ဂျပန်ပြင်ပမှ ဒေါင်းလော့ချအသုံးပြုသူပေါင်း ၂၀၀ မီလီယံ ရှိနေပြီး မိုဘိုင်းဂိမ်းလောကကို ဦးဆောင်လျက် ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး မိုးဘိုင်းဂိမ်းပြိုင်ပွဲတွေထဲက တစ်ခုဖြစ်လာမယ့် PUBG MOBILE Club Open 2019 ဟာ Vivo ရဲ့ “သမားရိုးကျမဟုတ်သည်များကို ခံစားခြင်း” ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အကြီးမားဆုံး အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့အဆင့် ကစားသမားတွေအတွက် တခြားနဲ့မတူတဲ့ ဂိမ်းအတွေ့အကြုံကို ယူဆောင်လာပေးမှာ သေချာပါတယ်။ ကမ္ဘာ့အဆင့် မိတ်ဆက်ဆောင်ရွက်မှုကတစ်ဆင့် Vivo ရဲ့ တီထွင်ဆန်းသစ်ခြင်း၊ စမတ်ကျခြင်းဆိုတဲ့ အမှတ်တံဆိပ် ရပ်တည်မှုကို ဖွင့်လှစ်ပြသနိုင်ခဲ့ပြီးဖြစ်သလို၊ အသုံးပြုသူတွေထံသို့လည်း ပိုမိုကောင်းမွန်သော အတွေ့အကြုံတွေ ပေးစွမ်းခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ်က ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ The PUBG MOBILE STAR CHELLENGE 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲမှာဆိုရင် ကြည့်ရှုသူပေါင်း ၂၃၀ မီလီယံ၊ ပွဲအတွင်း ကြည့်ရှုသူပေါင်း ၅၀၀၀ ကျော် ရှိခဲ့ပါတယ်။ PUBG MOBILE Club Open 2019 ရဲ့ အရည်အချင်းစစ်ပွဲဟာဆိုရင် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၂ နေ့မှာ စတင်ခဲ့ပါတယ်။ နွေဦးရာသီ Global Finals ပွဲကိုတော့ ယခုနှစ် ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပြီး၊ ဆောင်းဦးရာသီ Global Finals ပွဲကိုတော့ ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်သွားမှာပါ။

“ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို အမြဲအလေးထားတဲ့ Vivo နဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်ရတဲ့အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့လို တီထွင်ဆန်းသစ်နေတဲ့ အမှတ်တံဆိပ်တစ်ခုအတွက် ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ကစားသမားများအတွက် အကောင်းဆုံး အတွေ့အကြုံတွေ၊ ခံစားမှုတွေကို ဆောင်ယူလာပေးမယ်ဆိုတာ မီးမောင်းထိုးပြလိုက် သလိုပါပဲ။ ဒီပူးပေါင်းမှုဟာ အစပဲရှိပါသေးတယ်။ အကောင်းဆုံး ဂိမ်းအတွေ့အကြုံတွေပေးစွမ်းနိုင်ဖို့ Vivo လိုမျိုး ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီတွေနဲ့ ရှေ့ဆက်လက်တွဲသွားမယ့် အစီအစဉ်ရှိပါတယ်” လို့ Tencent Games ရဲ့ General Manager တစ်ဦးဖြစ်သူ Vincent Wang က ပြောပါတယ်။