[Zawgyi]

ဒီေန႔မွာေတာ့ Vivo အမွတ္တံဆိပ္ပါတဲ့ ဘက္ထရီနဲ႔ စမတ္ဖုန္း တစ္လုံးရဲ႕ ဓာတ္ပုံဟာ တရားဝင္ မိတ္မဆက္ရေသးခင္မွာ အြန္လိုင္းေပၚကို ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။ အဆိုပါ ဓာတ္ပုံကို Vivo စက္႐ုံအတြင္းမွာ ႐ိုက္ကူးထားတာ ျဖစ္ႏိုင္ၿပီး၊ ကုမၸဏီအေနနဲ႔ Display ကို အေပါက္ေဖာက္ၿပီး Selfie Camera ထည့္သြင္းတပ္ဆင္ထားမယ့္ Punch-hole Display အသုံးျပဳ စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ယူဆရပါတယ္။

ဓာတ္ပုံကို အြန္လိုင္းေပၚမွာ ပထမဦးဆုံး လႊင့္တင္လာခဲ့သူ Leakster ကေတာ့ အဆိုပါ စမတ္ဖုန္းဟာ Vivo Z5X နာမည္နဲ႔ ေစ်းကြက္ထဲကို ေရာက္ရွိလာမွာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဓာတ္ပုံကို ျပဴးၿပဲၾကည့္မယ္ဆိုရင္ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 5000mAh အထိ ပါဝင္တာကို ေတြ႕ရၿပီး၊ Selfie Camera အတြက္ Punch-hole ကို Display ရဲ႕ ထိပ္၊ ဘယ္ဘက္ေထာင့္မွာ အေပါက္ေဖာက္ထားတာ ေတြ႕ရပါတယ္။ Vivo Z5X နဲ႔ ပတ္သက္ၿပီး တျခားေသာ Specifications ေတြကို အတိအက် မသိရေသးေပမယ့္ အဆိုပါ စမတ္ဖုန္းမွာ USB Type-C Port ကို အသုံးျပဳထားၿပီး အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေကာလဟလသတင္းေတြမွာေတာ့ Vivo Z5X ဟာ Snapdragon 712 SoC ဒါမွမဟုတ္ Snapdragon 730 SoC ကို အသုံးျပဳထားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုမႈမ်ား ရွိေနပါတယ္။ Vivo အေနနဲ႔ 5000mAh ဘက္ထရီပါတဲ့ Vivo Y17 ကို လြန္ခဲ့တဲ့ ဧၿပီလတုန္းက အိႏၵိယႏိုင္ငံမွာ မိတ္ဆက္ခဲ့ဖူးပါတယ္။ တ႐ုတ္ႏိုင္ငံမွာေတာ့ Vivo Y3 နာမည္နဲ႔ မိတ္ဆက္သြားတာပါ။ ဒါ့ေၾကာင့္ Z5X ဟာ 5000mAh ဘက္ထရီႀကီးပါတဲ့ Vivo ရဲ႕ ဒုတိယေျမာက္ စမတ္ဖုန္းျဖစ္လာႏိုင္ၿပီး၊ Punch-hole Display အသုံးျပဳထားတဲ့ Vivo ရဲ႕ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

Punch-hole Display နဲ့ 5000mAh ဘက်ထရီကြီးတွေ ပါမယ့် Vivo Z5X ကို မကြာခင် မိတ်ဆက်နိုင်ဖွယ်ရှိ

ဒီနေ့မှာတော့ Vivo အမှတ်တံဆိပ်ပါတဲ့ ဘက်ထရီနဲ့ စမတ်ဖုန်း တစ်လုံးရဲ့ ဓာတ်ပုံဟာ တရားဝင် မိတ်မဆက်ရသေးခင်မှာ အွန်လိုင်းပေါ်ကို ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံကို Vivo စက်ရုံအတွင်းမှာ ရိုက်ကူးထားတာ ဖြစ်နိုင်ပြီး၊ ကုမ္ပဏီအနေနဲ့ Display ကို အပေါက်ဖောက်ပြီး Selfie Camera ထည့်သွင်းတပ်ဆင်ထားမယ့် Punch-hole Display အသုံးပြု စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

ဓာတ်ပုံကို အွန်လိုင်းပေါ်မှာ ပထမဦးဆုံး လွှင့်တင်လာခဲ့သူ Leakster ကတော့ အဆိုပါ စမတ်ဖုန်းဟာ Vivo Z5X နာမည်နဲ့ စျေးကွက်ထဲကို ရောက်ရှိလာမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဓာတ်ပုံကို ပြူးပြဲကြည့်မယ်ဆိုရင် ဘက်ထရီ သိုလှောင်မှု ပမာဏ 5000mAh အထိ ပါဝင်တာကို တွေ့ရပြီး၊ Selfie Camera အတွက် Punch-hole ကို Display ရဲ့ ထိပ်၊ ဘယ်ဘက်ထောင့်မှာ အပေါက်ဖောက်ထားတာ တွေ့ရပါတယ်။ Vivo Z5X နဲ့ ပတ်သက်ပြီး တခြားသော Specifications တွေကို အတိအကျ မသိရသေးပေမယ့် အဆိုပါ စမတ်ဖုန်းမှာ USB Type-C Port ကို အသုံးပြုထားပြီး အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမယ်လို့ မျှော်လင့်ရပါတယ်။

ကောလဟလသတင်းတွေမှာတော့ Vivo Z5X ဟာ Snapdragon 712 SoC ဒါမှမဟုတ် Snapdragon 730 SoC ကို အသုံးပြုထားနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေပါတယ်။ Vivo အနေနဲ့ 5000mAh ဘက်ထရီပါတဲ့ Vivo Y17 ကို လွန်ခဲ့တဲ့ ဧပြီလတုန်းက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံမှာတော့ Vivo Y3 နာမည်နဲ့ မိတ်ဆက်သွားတာပါ။ ဒါ့ကြောင့် Z5X ဟာ 5000mAh ဘက်ထရီကြီးပါတဲ့ Vivo ရဲ့ ဒုတိယမြောက် စမတ်ဖုန်းဖြစ်လာနိုင်ပြီး၊ Punch-hole Display အသုံးပြုထားတဲ့ Vivo ရဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : Gizmochina