Zawgyi

ၿပီးခဲ့တဲ့လတုန္းက Vivo ရဲ႕အမွတ္တံဆိပ္ခြဲ iQOO ဟာ သူတုိ႔ရဲ႕ 5G စမတ္ဖုန္းကို ၂၀၁၉ ခုႏွစ္ တတိယ သုံးလပတ္မကုန္ခင္ မိတ္ဆက္လာမယ္လို႔ ဆုိခဲ့တာေၾကာင့္ ဇူလိုင္နဲ႔ စက္တင္ဘာလအတြင္းမွာ ျမင္ရမယ္လို႔ ယူဆခဲ့ပါတယ္။ အခုခါမွာေတာ့ ကုမၸဏီဟာ သူတုိ႔ရဲ႕ပထမဆုံး 5G စမတ္ဖုန္း iQOO Pro ကို ၾသဂုတ္လ အတြင္းမွာတင္ မိတ္ဆက္လာမယ္လို႔ ေျပာၾကားလိုက္ပါၿပီ။

Vivo ဟာ သူတုိ႔ရဲ႕ 5G စမတ္ဖုန္းနဲ႔ပတ္သက္လို႔ ဘာမွသိပ္မေျပာေပမယ့္ တရုတ္ဆုိရွယ္ဝက္ဆုိက္ Weibo မွာေတာ့ အခ်က္အလက္ေတြပါဝင္တဲ့ ပုိစတာတစ္ခု တင္ခဲ့ပါတယ္။ ပုံထဲမွာ ဖုန္းရဲ႕ေနာက္ေက်ာဘက္ကို သဲသဲကြဲကြဲမျမင္ရေသာ္လည္း မတ္လတုန္းက စတင္မိတ္ဆက္ခဲ့တဲ့ iQOO မူလစမတ္ဖုန္းနဲ႔ တူညီတာကိုေတာ့ သိႏုိင္တယ္။

အဆုိပါပုံကို နည္းနည္းလင္းၾကည့္မယ္ဆုိရင္ေတာ့ iQOO Pro ရဲ႕ေနာက္ဘက္မွာ Triple-camera အတြဲ အသုံးျပဳထားတာကို ျမင္ရမွာပါ။ 5G နက္ဝပ္အသင့္သုံးစြဲႏုိင္မယ့္ iQOO Pro ဖုန္းဟာ ေနာက္ဆုံးေပၚ Snapdragon 855+ နဲ႔ ထြက္ရွိလာမယ္လို႔ ယူဆရၿပီး 120W အားအျမန္သြင္းစနစ္ ပါဝင္ဦးမလား ေမွ်ာ္လင့္ေနဆဲပါ။

ဒီလိုဆုိေပမယ့္ iQOO Pro အမည္ရ စမတ္ဖုန္းဟာ Vivo က ေနာက္လထဲမိတ္ဆက္လာမယ့္ တစ္ခုထဲေသာ 5G ဖုန္းျဖစ္ပါ့မလား ဆုိတာလည္း မေသခ်ာပါဘူး။ လြန္ခဲ့တဲ့အပတ္က iQOO Plus 5G လို႔ အမည္ေပးထားတဲ့ ဖုန္းတစ္လုံးရဲ႕ ပုိစတာလည္း အင္တာနက္ေပၚမွာ ေပါက္ၾကားလာခဲ့ၿပီး Snapdragon 855+ နဲ႔ 8 / 128GB မန္မုိရီပါဝင္ကာ 4,500 mAh ဘကၳရီကို 44W အားသြင္းစနစ္နဲ႔လို႔ ေဖာ္ျပထားပါတယ္။

ဘာပဲျဖစ္ျဖစ္ ၾသဂုတ္လထဲကို ခ်င္းနင္းဝင္ေရာက္လာၿပီျဖစ္တာေၾကာင့္ ဒီ 5G စမတ္ဖုန္းေတြရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို မၾကာခင္ ရွင္းရွင္းလင္းလင္း သိလာရေတာ့မွာပါ။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လတုန်းက Vivo ရဲ့အမှတ်တံဆိပ်ခွဲ iQOO ဟာ သူတို့ရဲ့ 5G စမတ်ဖုန်းကို ၂၀၁၉ ခုနှစ် တတိယ သုံးလပတ်မကုန်ခင် မိတ်ဆက်လာမယ်လို့ ဆိုခဲ့တာကြောင့် ဇူလိုင်နဲ့ စက်တင်ဘာလအတွင်းမှာ မြင်ရမယ်လို့ ယူဆခဲ့ပါတယ်။ အခုခါမှာတော့ ကုမ္ပဏီဟာ သူတို့ရဲ့ပထမဆုံး 5G စမတ်ဖုန်း iQOO Pro ကို သြဂုတ်လ အတွင်းမှာတင် မိတ်ဆက်လာမယ်လို့ ပြောကြားလိုက်ပါပြီ။

Vivo ဟာ သူတို့ရဲ့ 5G စမတ်ဖုန်းနဲ့ပတ်သက်လို့ ဘာမှသိပ်မပြောပေမယ့် တရုတ်ဆိုရှယ်ဝက်ဆိုက် Weibo မှာတော့ အချက်အလက်တွေပါဝင်တဲ့ ပိုစတာတစ်ခု တင်ခဲ့ပါတယ်။ ပုံထဲမှာ ဖုန်းရဲ့နောက်ကျောဘက်ကို သဲသဲကွဲကွဲမမြင်ရသော်လည်း မတ်လတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ iQOO မူလစမတ်ဖုန်းနဲ့ တူညီတာကိုတော့ သိနိုင်တယ်။

အဆိုပါပုံကို နည်းနည်းလင်းကြည့်မယ်ဆိုရင်တော့ iQOO Pro ရဲ့နောက်ဘက်မှာ Triple-camera အတွဲ အသုံးပြုထားတာကို မြင်ရမှာပါ။ 5G နက်ဝပ်အသင့်သုံးစွဲနိုင်မယ့် iQOO Pro ဖုန်းဟာ နောက်ဆုံးပေါ် Snapdragon 855+ နဲ့ ထွက်ရှိလာမယ်လို့ ယူဆရပြီး 120W အားအမြန်သွင်းစနစ် ပါဝင်ဦးမလား မျှော်လင့်နေဆဲပါ။

ဒီလိုဆိုပေမယ့် iQOO Pro အမည်ရ စမတ်ဖုန်းဟာ Vivo က နောက်လထဲမိတ်ဆက်လာမယ့် တစ်ခုထဲသော 5G ဖုန်းဖြစ်ပါ့မလား ဆိုတာလည်း မသေချာပါဘူး။ လွန်ခဲ့တဲ့အပတ်က iQOO Plus 5G လို့ အမည်ပေးထားတဲ့ ဖုန်းတစ်လုံးရဲ့ ပိုစတာလည်း အင်တာနက်ပေါ်မှာ ပေါက်ကြားလာခဲ့ပြီး Snapdragon 855+ နဲ့ 8 / 128GB မန်မိုရီပါဝင်ကာ 4,500 mAh ဘက္ထရီကို 44W အားသွင်းစနစ်နဲ့လို့ ဖော်ပြထားပါတယ်။

ဘာပဲဖြစ်ဖြစ် သြဂုတ်လထဲကို ချင်းနင်းဝင်ရောက်လာပြီဖြစ်တာကြောင့် ဒီ 5G စမတ်ဖုန်းတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မကြာခင် ရှင်းရှင်းလင်းလင်း သိလာရတော့မှာပါ။

Ref – GSM Arena