[Zawgyi]

Vivo ရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ Li Xiang က စက္တင္ဘာလမွာ Vivo NEX 3 5G ကို တရုတ္မွာ ေၾကညာမယ္လို႔ ေျပာထားပါတယ္။  သူက ၀ီဘို ကေန ေၾကညာထားတာ ျဖစ္ၿပီး ပို႔စ္မွာ “Here it comes! #5G Vivo NEX 3 releasing in September!” လို႔ ေရးသားထားပါတယ္။ ဒါေပမယ့္ ေၾကညာမယ့္ ေန႔အတိအက်ကိုေတာ့ သူက မေျပာထားပါဘူး။

အခုေတာ့ ကုမၸဏီက ၀ီဘိုမွာ NEX 3 ရဲ႕ Teaser Video ၁ ခုကို မွ်ေ၀လိုက္ပါတယ္။ ဗီဒီယိုမွာ အဲဒီဖုန္းရဲ႕ အေနာက္ကင္မရာ ၃ လံုး၊ အရြယ္ႀကီး မ်က္ႏွာျပင္နဲ႔ Pop-up Camera ေတြကို အသားေပးျပသထားၿပီး ဖုန္းဟာ ဆစ္ဒနီ ၊ လန္ဒန္နဲ႔ ဆိုးလ္ၿမိဳ႕ေတြ ေရာက္ေနတာကို ျမင္ရပါတယ္။ အဲဒီဖုန္းရဲ႕ Screen ဟာ အေရွ႕ဘက္တစ္ခုလံုးကို အျပည့္ဖံုးထားတဲ့ အျပင္ ဘယ္နဲ႔ ညာဘက္ေထာင့္မွ ေကြးညႊတ္တဲ့ ေနရာေတြအထိ ဖံုးအုပ္ထားပါတယ္။ အေနာက္ဘက္ ေအာက္ေျခမွာ NEX Logo ပါရွိၿပီး အထက္မွာ စက္၀ိုင္းပံု ကင္မရာ ထည့္ထားပါတယ္။  Vivo X27 Pro မွာလို NEX 3 မွာ Pop-up Selfie Camera ၂ လံုးပါလာႏိုင္ပါတယ္။

အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕လည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ Screen-to-body Ratio ဟာ ၉၉.၆ ရာခုိင္ႏႈန္းရွိမယ္လို႔ သိရၿပီး ဒါဟာ Waterfall Display Design ေၾကာင့္ ျဖစ္ပါတယ္။ Qualcomm Snapdragon 855+ Chipset ပါလာမွာ ျဖစ္ၿပီး အေနာက္ကင္မရာ ၃ လံုးထဲမွာ 64MP Main Camera ၁ လံုးပါမယ္လို႔ သတင္းထြက္လာပါတယ္။ 3.5mm Headphone Jack နဲ႔ 44W Fast Charging ေတြ ပါလာႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Vivo NEX 3 ရဲ့ Teaser Video ထွက်ရှိ

Vivo ရဲ့ ထုတ်ကုန် မန်နေဂျာ Li Xiang က စက်တင်ဘာလမှာ Vivo NEX 3 5G ကို တရုတ်မှာ ကြေညာမယ်လို့ ပြောထားပါတယ်။ သူက ဝီဘို ကနေ ကြေညာထားတာ ဖြစ်ပြီး ပို့စ်မှာ “Here it comes! #5G Vivo NEX 3 releasing in September!” လို့ ရေးသားထားပါတယ်။ ဒါပေမယ့် ကြေညာမယ့် နေ့အတိအကျကိုတော့ သူက မပြောထားပါဘူး။

အခုတော့ ကုမ္ပဏီက ဝီဘိုမှာ NEX 3 ရဲ့ Teaser Video ၁ ခုကို မျှဝေလိုက်ပါတယ်။ ဗီဒီယိုမှာ အဲဒီဖုန်းရဲ့ အနောက်ကင်မရာ ၃ လုံး၊ အရွယ်ကြီး မျက်နှာပြင်နဲ့ Pop-up Camera တွေကို အသားပေးပြသထားပြီး ဖုန်းဟာ ဆစ်ဒနီ ၊ လန်ဒန်နဲ့ ဆိုးလ်မြို့တွေ ရောက်နေတာကို မြင်ရပါတယ်။ အဲဒီဖုန်းရဲ့ Screen ဟာ အရှေ့ဘက်တစ်ခုလုံးကို အပြည့်ဖုံးထားတဲ့ အပြင် ဘယ်နဲ့ ညာဘက်ထောင့်မှ ကွေးညွှတ်တဲ့ နေရာတွေအထိ ဖုံးအုပ်ထားပါတယ်။ အနောက်ဘက် အောက်ခြေမှာ NEX Logo ပါရှိပြီး အထက်မှာ စက်ဝိုင်းပုံ ကင်မရာ ထည့်ထားပါတယ်။ Vivo X27 Pro မှာလို NEX 3 မှာ Pop-up Selfie Camera ၂ လုံးပါလာနိုင်ပါတယ်။

အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့လည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်းရှိမယ်လို့ သိရပြီး ဒါဟာ Waterfall Display Design ကြောင့် ဖြစ်ပါတယ်။ Qualcomm Snapdragon 855+ Chipset ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၃ လုံးထဲမှာ 64MP Main Camera ၁ လုံးပါမယ်လို့ သတင်းထွက်လာပါတယ်။ 3.5mm Headphone Jack နဲ့ 44W Fast Charging တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena