Vivo S Series ကနေ အခုနောက်ဆုံး မြန်မာနိုင်ငံစျေးကွက်ထဲကို ဝင်ရောက်လာတဲ့ S1 Prime က ထူးခြား ဆန်းသစ်တဲ့အရောင်၊ နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ Limited Edition အဖြစ် ထွက်ရှိလာခဲ့တာပါ။ စိန်ပွင့်ပုံစံ (AI Quad Rear Camera) ဒီဇိုင်းအသွင်အပြင်နဲ့ တွဲဖက်ပြီး အကောင်းဆုံးဆိုတာကိုမှ လိုချင်ကြတဲ့ သုံးစွဲသူတွေ အထူးသဖြင့် အချိန်တိုင်းပြောင်းလဲ‌နေတဲ့ trend တွေကို အမှီလိုက်နိုင်ဖို့ ဆန္ဒပြင်းပြတဲ့လူငယ်တွေအတွက် ဒီ S1 Prime စမတ်ဖုန်းက အသင့်တော်ဆုံးဖြစ်မှာပါ။

သာမန်ဖြစ်တည်မှုတွေကြားထဲမှာမှ တစ်စုံတစ်ယောက်အတွက် အထူးသီးသန့်ရည်ရွယ်ထားတယ်လို့ အဓိက ဆိုလိုချင်တဲ့ Vivo S1 Prime Limited Edition က #IAmLimitedEdition အစီအစဉ်ကို တင်ဆက်လိုက်ပါပြီ။ ဒီအစီအစဉ်ကို Vivo Myanmar facebook page https://www.facebook.com/vivomobileMM ပေါ်မှာ ဩဂုတ်လ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမှာပါ။

ဒီအစီအစဉ်မှာ ပါဝင်လိုသူတွေက သင့်မှာရှိတဲ့၊ သင် limited edition လို့ယူဆရတဲ့ ထူးခြားဆန်းပြား တဲ့ဖက်ရှင် ဒီဇိုင်း၊ အသုံးအဆောင် (ဥပမာ – ခရမ်းရောင်ဆံပင်၊ make-up creation၊ ဖိနပ်) စတာတွေကို ဓာတ်ပုံရိုက်ပီး သင့် facebook ပေါ်မှာ vivo နဲ့ tag တွဲပြီး post တင်ပါ။ ဓာတ်ပုံရဲ့ ခေါင်းစဉ် (caption) က ‘ဘယ်အရာက သင့်ရဲ့ special (သို့မဟုတ်) limited edition ဖြစ်တယ်ဆိုတဲ့အကြောင်း’ စာတစ်ကြောင်းရေးသားပြီး သူငယ်ချင်းနှစ်ယောက်ကို tag လုပ်ပြီး share ပါ။

Limited Edition အစီအစဉ်မှာပါဝင်ယှဉ်ပြိုင်သူတွေရဲ့ ဖန်တီးတင်ပြနိုင်မှုအပေါ်မူတည်ပြီး Vivo က winner ၅ ယောက်ရွေးချယ်ပေးသွားမှာပါ။ အနိုင်ရရှိသူတွေအနေနဲ့ vivo S1 Prime အတွက် အထူးသီးသန့်ရည်ရွယ် ထုတ်လုပ်ထားတဲ့ limited edition gift box ကို giveaway ရရှိမှာဖြစ်ပါတယ်။

သင့်စတိုင်လ်ကို ပြောင်းလဲမြှင့်တင်ပေးနိုင်မယ့် Vivo S1 Prime မှာ 48MP Quad Rear Camera, 16MP Selfie Camera ပါဝင်ပြီး 6.38”FHD+AMOLED (2340×1080) မျက်နှာပြင်၊ In-Display Fingerprint Scanning ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကတော့ RAM-8GB + ROM-128GB, Qualcomm Snapdragon 665, 4500mAh(TYP), Fast Charging 9V2A- Type C နဲ့ Android 9 (Funtouch OS 9.2) တို့ပဲဖြစ်ပါတယ်။ ဩဂုတ် လ ၁၅ ရက်နေ့စတင်ပြီး မြန်မာနိုင်ငံတစ်ဝန်း ဖုန်းအရောင်း ဆိုင်တွေမှာ ငွေကျပ် ၃၈၉,၈၀၀ နဲ့ ဝယ်ယူနိုင်ပါပြီ။

Source – Vivo Myanmar