နာမည်ကျော် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo က S Series ရဲ့ Limited Edition စမတ်ဖုန်းအသစ်ကို သြဂုတ်လအတွင်းမှာ မိတ်ဆက်ပြသသွားမယ်လို့သိရပါတယ်။ အခုမိတ်ဆက်ပြသမယ့် မော်ဒယ်လ်အသစ် ကတော့ စတိုင်လ်နဲ့နည်းပညာကို အရင်းပြုပေါင်းစပ်ပြီး လူငယ်ပရိသတ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် စိတ်ကူးပုံဖော်ဖန်တီးထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။

Vivo ဟာ စမတ်ဖုန်းကင်မရာပိုင်းဆိုင်ရာလုပ်ဆောင်မှုများနဲ့ အရည်အသွေးပိုင်းမှာ ဦးဆောင်သူအနေနဲ့ ရပ်တည်နေခြင်းကို ကမ္ဘာတစ်ဝန်းမှ သိရှိလက်ခံထားတဲ့အချက်လဲဖြစ်ပြီး အရင်ထွက်ပြီးသား S Series မော်ဒယ်လ်တွေဖြစ်တဲ့ S1 နှင့် S1 Pro တို့ရဲ့ အောင်မြင်မှုက အဆိုပါအချက်ရဲ့ သက်သေတွေပဲလို့ ဆိုထားပါတယ်။

မကြာမီ ထွက်ရှိလာမယ့် Limited Edition စမတ်ဖုန်းကိုတော့ Vivo S1 Prime ဟု ခေါ်တွင်ဖွယ်ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေပြီး ဒီစမတ်ဖုန်းမှာလည်း အရင်က ထွက်ပြီးခဲ့တဲ့ S Series မော်ဒယ်လ်တွေလိုတွေပဲ AI နည်းပညာသုံး ကင်မရာ ၄ လုံး (AI Quad Rear Camera) တပ်ဆင်ပေးထားတဲ့ စိန်ပွင့်ပုံစံ ကင်မရာ စနစ်လည်း ပါဝင်လာမယ်လို့ ယူဆရပါတယ်။ ဒီကင်မရာစနစ်မှာ 48MP ပင်မကင်မရာ၊ 8MP ပူးတွဲ ကင်မရာတွေအပြင် အရည်အသွေးမြင့်ဓာတ်ပုံတွေကို အမိအရ ရိုက်ကူးနိုင်ဖို့အတွက် 2MP မြင်ကွင်းကျယ် ကင်မရာနဲ့ 2MP အနီးရိုက်ကင်မရာတို့ကိုပါ ထည့်သွင်းတပ်ဆင်ပေးထားဖို့ ရှိနေပါတယ်။

Vivo အနေနဲ့ S1 Prime Limited Edition ဖန်တီးတီထွင်ထုတ်လုပ်မှုကို အခြေခံပြီး စျေးကွက်အတွင်း နောက်ကျောဘက်ကင်မရာနဲ့ Selfie ကင်မရာထုတ်လုပ်မှုအပိုင်းမှာ အကောင်းဆုံးဆိုတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် ကြိုးစားထားတာဖြစ်တယ်လို့ သိရှိရတယ်။ Vivo S1 Prime ရဲ့ နောက်ကျောဘက် ကင်မရာစနစ်ဟာ အလင်းအားနည်းတဲ့ ညဖက်အချိန်မှာတောင် ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံတွေကို အမိအရ ရိုက်ကူးပေးနိုင်မယ့် အရေးကြီးတဲ့ ကင်မရာလုပ်ဆောင်ချက်လည်း ပါရှိလာမှာပါ။

Vivo ရဲ့ ထူးခြားကောင်းမွန်တဲ့ တခြားစမတ်ဖုန်းတွေလိုပဲ S1 Prime ဟာလည်း ထူးခြားပြီး ဆွဲဆောင်မှု အပြည့်ရှိကာ မျက်နှာပြင်အောက် လက်ဗွေလုံခြုံရေးစနစ်၊ များပြားတဲ့ သိုမှီးမှုပမာဏ၊ ကြာရှည်ခံဘက်ထရီ၊ ကျစ်လစ်သေသပ်တဲ့ ပုံံစံဒီဇိုင်းရှိပါတယ်။ မျက်နှာပြင် (Display) အပိုင်းမှာတော့ မိုးရေစက်ပုံစံ ထွင်းထားတဲ့ Super AMOLED Waterdrop မျက်နှာပြင်တပ်ဆင်ထားဖွယ်ရှိပြီး Full HD+ ပုံထွက်နှုန်းကို အပြည့်အဝ ထောက်ပံ့ပေးနိုင်မယ်လို့ သိရှိရပါတယ်။

Vivo ဟာ S1 Prime ကနေတစ်ဆင့် စမတ်ဖုန်းနဲ့ ပတ်သက်လာရင် ဓာတ်ပုံဝါသနာရှင်တွေသာမက ခေတ်နဲ့ညီတဲ့ ဒီဇိုင်းအသစ်အဆန်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ လူငယ်စမတ်ဖုန်းသုံးစွဲသူတွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရတယ်။ ဒါအပြင် လုံလောက်တဲ့ သိုမှီးမှုပမာဏ အပိုင်းတို့ကို အလန်းစား ဒီဇိုင်းအသွင်အပြင်နဲ့ တွဲဖက်ပြီး အကောင်းဆုံးဆိုတာကိုမှ လိုချင်ကြတဲ့ သုံးစွဲသူတွေ အတွက် ဒီ S1 Prime စမတ်ဖုန်းက အသင့်တော်ဆုံး ဖြစ်လာနိုင်ပါတယ်။

Vivo ဟာ သမိုင်းတစ်လျှောက်မှာ စတိုင်ကျလှပပြီး ခေတ်နဲ့ညီတဲ့ စမတ်ဖုန်းတွေထုတ်လုပ်နေတဲ့ မှတ်တမ်းလဲရှိတယ်။ ရိုက်ချက်တိုင်းပြည့်စုံကောင်းမွန်ပြီး စတိုင်လ်ကျလှပတဲ့ စမတ်ဖုန်းတွေကို ပြောင်းလဲ သုံးစွဲဖို့ ဆန္ဒရှိတဲ့ အနာဂတ်မျိုးဆက်သစ်ရဲ့ အစဉ်ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို နားလည်နိုင်ဖို့ Vivo က အမြဲတမ်း ကြိုးပမ်းလျက်ရှိပါတယ်။

ဒါကြောင့် နောက်ဆုံးပေါ် ကင်မရာအရည်အသွေး၊ ကျစ်လစ်လှပတဲ့ပုံစံဒီဇိုင်း၊ စတိုင်ကျတဲ့အသွင်အပြင်နဲ့ ဖုန်းအသုံးများသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် သိုမှီးမှုပမာဏစတဲ့ ကွဲပြားခြားနားတဲ့ စွမ်း ဆောင်ရည်တွေက Vivo S1 Prime ရဲ့ အဓိကကျတဲ့ ထူးခြားချက်များ ဖြစ်လာပါလိမ့်မယ်။

တရားဝင် မိတ်ဆက်ခြင်းပြုလုပ်သွားမယ့် လာမယ့်ရက်ပိုင်းအတွင်းမှာတော့ Vivo S1 Prime Limited Edition စမတ်ဖုန်းအကြောင်း အသေးစိတ်အချက်အလက်တွေကို ပိုမိုသိရှိလာမှာပါ။ သေချာတာတစ်ခုကတော့ ဒီစမတ်ဖုန်းဟာ လက်ရှိအချိန် မြန်မာပြည်စျေးကွက်ထဲမှာ စိတ်ဝင်စားမှုခံရဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင် ဖွယ်ရှိနေတာပါပဲ။ Vivo S1 Prime Limited Edition ရဲ့ အကြောင်း အသေးစိတ် သိရှိနိုင်ဖို့ မကြာမီ တရားဝင်မိတ်ဆက်ပြသမယ့်နေ့ကို ကျွန်တော်တို့နဲ့အတူ ရင်ခုန်စွာစောင့်မျှော်နေလိုက်ပါ။

Source – Vivo Myanmar