Zawgyi

Vivo S1 Pro စမတ္ဖုန္းဟာ ဖိလစ္ပိုင္ေစ်းကြက္မွာ တရားဝင္ထြက္လာခဲ့ပါၿပီ။ ဖုန္းအသစ္မွာ သာမာန္ထက္ ရွည္တဲ့ Aspect Ratio နဲ႔ Super AMOLED Display ပါဝင္ၿပီး ေနာက္ဘက္မွာ စိန္ကြက္ပုံသ႑ာန္ Quad-camera စနစ္နဲ႔ပါ။

S1 Pro စမတ္ဖုန္းရဲ႕ ကိုယ္ထည္အခ်ဳိးက 159.25 x 75.19 x 8.68mm ရွိၿပီး 186.7g အေလးခ်ိန္ရွိပါတယ္။ ေရွ႕ဘက္ 6.38” လက္မအရြယ္ Super AMOLED Display မွာ Waterdrop Notch တစ္ခုပါေပမယ့္ Screen-to-body Ratio က 90% ထိရွိတယ္လို႔ ဆုိပါတယ္။ Fingerprint ကလည္း Display ထဲမွာပါပဲ။

ေရွ႕ဘက္က Waterdrop Notch ေလးထဲမွာ 32MP Selfie ကင္မရာကို ေတြ႕ရမွာျဖစ္ၿပီး ေနာက္ဘက္မွာေတာ့ 48MP + 8MP + 2MP + 2MP ဆုိတဲ့ Quad-cam အတြဲကိုျမင္ရမွာပါ။ အတြင္းမွာ Snapdragon 665 ခ်စ္ပ္ဆက္ကို အသုံးျပဳလာၿပီး 8GB RAM / 128GB Storage မန္မုိရီနဲ႔ထြက္လာပါတယ္။ စက္ႏွင္စနစ္က Android 9 ကိုအေျခခံထားတဲ့ FunTouch OS 9.2 ျဖစ္ပါတယ္။

Vivo S1 Pro စမတ္ဖုန္းသစ္မွာ 4,500 mAh ဘကၳရီႀကီးပါဝင္ၿပီး 18W အားအျမန္သြင္းစနစ္နဲ႔ပါ။ ဒီဖုန္းကို ဖိလစ္ပိုင္ေစ်းကြက္မွာေတာ့ ဖိလစ္ပုိင္ပီဆုိ ၁၅၉၉၉ (ျမန္မာေငြ ေလးသိန္းခုနစ္ေသာင္းေက်ာ္) နဲ႔ေရာင္းခ်လာပါတယ္။ ေလာေလာဆယ္ Fancy Sky နဲ႔ Knight Black ကာလာႏွစ္မ်ဳိးထဲသာ ရရွိဦးမွာပါ။

Ref – Playful Droid

Unicode

Vivo S1 Pro စမတ်ဖုန်းဟာ ဖိလစ်ပိုင်ဈေးကွက်မှာ တရားဝင်ထွက်လာခဲ့ပါပြီ။ ဖုန်းအသစ်မှာ သာမာန်ထက် ရှည်တဲ့ Aspect Ratio နဲ့ Super AMOLED Display ပါဝင်ပြီး နောက်ဘက်မှာ စိန်ကွက်ပုံသဏ္ဍာန် Quad-camera စနစ်နဲ့ပါ။

S1 Pro စမတ်ဖုန်းရဲ့ ကိုယ်ထည်အချိုးက 159.25 x 75.19 x 8.68mm ရှိပြီး 186.7g အလေးချိန်ရှိပါတယ်။ ရှေ့ဘက် 6.38” လက်မအရွယ် Super AMOLED Display မှာ Waterdrop Notch တစ်ခုပါပေမယ့် Screen-to-body Ratio က 90% ထိရှိတယ်လို့ ဆိုပါတယ်။ Fingerprint ကလည်း Display ထဲမှာပါပဲ။

ရှေ့ဘက်က Waterdrop Notch လေးထဲမှာ 32MP Selfie ကင်မရာကို တွေ့ရမှာဖြစ်ပြီး နောက်ဘက်မှာတော့ 48MP + 8MP + 2MP + 2MP ဆိုတဲ့ Quad-cam အတွဲကိုမြင်ရမှာပါ။ အတွင်းမှာ Snapdragon 665 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး 8GB RAM / 128GB Storage မန်မိုရီနဲ့ထွက်လာပါတယ်။ စက်နှင်စနစ်က Android 9 ကိုအခြေခံထားတဲ့ FunTouch OS 9.2 ဖြစ်ပါတယ်။

Vivo S1 Pro စမတ်ဖုန်းသစ်မှာ 4,500 mAh ဘက္ထရီကြီးပါဝင်ပြီး 18W အားအမြန်သွင်းစနစ်နဲ့ပါ။ ဒီဖုန်းကို ဖိလစ်ပိုင်ဈေးကွက်မှာတော့ ဖိလစ်ပိုင်ပီဆို ၁၅၉၉၉ (မြန်မာငွေ လေးသိန်းခုနစ်သောင်းကျော်) နဲ့ရောင်းချလာပါတယ်။ လောလောဆယ် Fancy Sky နဲ့ Knight Black ကာလာနှစ်မျိုးထဲသာ ရရှိဦးမှာပါ။

Ref – Playful Droid