[Unicode]

ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Vivo S1 Pro ကို အခုတော့ တရုတ်မှာ ချပြလိုက်ပါပြီ။ ဒါပေမယ့် Vivo Y9s နာမည်နဲ့ မိတ်ဆက်လိုက်တာပါ။ အနောက်ဘက် စိန်ပုံသဏ္ဍာန် ကင်မရာတွေက ထူးခြား လှပပြီး LED Flash ကို ကင်မရာတွေရဲ့ အောက်မှာ တပ်ဆင်ထားပါတယ်။

Vivo Y9s မှာ ၆.၃၈ လက်မ OLED Display ပါလာပြီး အရွယ်သေး Notch မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ Chipset က Snapdragon 665 ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ အနောက်ကင်မရာ ၄ လုံးပါလာပြီး 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။

Vivo Y9s မှာ Jovi Voice Assistant အတွက် သီးခြား ခလုတ် မပါပေမယ့် Jovi ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် Jovi OS အစား Funtouch OS ကိုပဲ သုံးထားပြီး User Interface ကို အရမ်း ဆန်းသစ်ထားပါတယ်။ 3.5mm Audio Jack , USB-C Port တွေကို အောက်ခြေမှာ ထည့်သွင်းထားပြီး အရွယ်ကြီး 4,500mAh Battery ပါပါတယ်။

တရုတ်မှာ Vivo Y9s ကို ၁,၉၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၂၀,၀၀၀ လောက်ရှိပါတယ်။ ဖိလစ်ပိုင်က Vivo S1 Pro ထက် ဈေးသက်သာပါတယ်။ Vivo Y9s အတွက် အပြာ၊ အနက်နဲ့ ပန်းရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Vivo S1 Pro ကို တရုတ္မွာ Vivo Y9s နာမည္နဲ႔ ေၾကညာ

ဖိလစ္ပုိင္မွာ ၿပီးခဲ့တဲ့ လက ေၾကညာခဲ့တဲ့ Vivo S1 Pro ကို အခုေတာ့ တရုတ္မွာ ခ်ျပလိုက္ပါၿပီ။ ဒါေပမယ့္ Vivo Y9s နာမည္နဲ႔ မိတ္ဆက္လိုက္တာပါ။ အေနာက္ဘက္ စိန္ပံုသ႑ာန္ ကင္မရာေတြက ထူးျခား လွပၿပီး LED Flash ကို ကင္မရာေတြရဲ႕ ေအာက္မွာ တပ္ဆင္ထားပါတယ္။

Vivo Y9s မွာ ၆.၃၈ လက္မ OLED Display ပါလာၿပီး အရြယ္ေသး Notch မွာ 32MP ဆဲလ္ဖီး ကင္မရာ တပ္ဆင္ထားပါတယ္။ Chipset က Snapdragon 665 ျဖစ္ၿပီး 8GB RAM နဲ႔ 128GB Storage ေတြ ပါပါတယ္။ အေနာက္ကင္မရာ ၄ လံုးပါလာၿပီး 48MP Main , 8MP Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။

Vivo Y9s မွာ Jovi Voice Assistant အတြက္ သီးျခား ခလုတ္ မပါေပမယ့္ Jovi ကို သံုးႏုိင္ပါတယ္။ ဒါေပမယ့္ Jovi OS အစား Funtouch OS ကိုပဲ သံုးထားၿပီး User Interface ကို အရမ္း ဆန္းသစ္ထားပါတယ္။ 3.5mm Audio Jack , USB-C Port ေတြကို ေအာက္ေျခမွာ ထည့္သြင္းထားၿပီး အရြယ္ႀကီး 4,500mAh Battery ပါပါတယ္။

တရုတ္မွာ Vivo Y9s ကို ၁,၉၉၈ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၂၀,၀၀၀ ေလာက္ရွိပါတယ္။ ဖိလစ္ပိုင္က Vivo S1 Pro ထက္ ေစ်းသက္သာပါတယ္။ Vivo Y9s အတြက္ အျပာ၊ အနက္နဲ႔ ပန္းေရာင္ေတြ ေရြးခ်ယ္ႏိုင္ပါတယ္။

Ref : gsmarena