[Unicode]

နိုဝင်ဘာလက ကြေညာခဲ့တဲ့ Vivo S1 Pro ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။ 8/128GB မော်ဒယ် ၁ မျိုးပဲ ဝယ်ယူနိုင်ပြီး ၁၉,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်းလောက် ကျသင့်မှာပါ။ အိန္ဒိယမှာ Mystic Black , Dreamy White နဲ့ Jazzy Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်၊ Flipkart ၊ Amazonlin နဲ့ မြေပြင် စတိုးတွေကနေ ဝယ်ယူနိုင်ပါတယ်။

Vivo S1 Pro မှာ Snapdragon 665 SoC မောင်းနှင်ထားပြီး Android Pie အခြေပြု Funtouch OS 9.2 ပါပါတယ်။ ၆.၃၈ လက်မ FHD+ Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Notch မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ကင်မရာ ၄ လုံးကို စိန်ပုံသဏ္ဍာန် တပ်ဆင်ထားပြီး 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ 18W Dual-engine Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh ဘက်ထရီက မိုက်ပါတယ်။ USB-C Port က ဒေတာ ကူးပြောင်းတာနဲ့ အားသွင်းတာတွေ မြန်ဆန်စေပါတယ်။ 256GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ ရပါတယ်။

Ref : gsmarena

[Zawgyi]

Vivo S1 Pro ကို အိန္ဒိယမှာ ရောင်းပြီ




Ref : gsmarena