[Unicode]

Vivo S1 Pro ကို အိန္ဒိယမှာ နောက်လ ကြေညာမယ်ဆိုတဲ့ သတင်း ပြီးခဲ့တဲ့ ၁ ပတ်က ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ကြေညာမယ့် နေ့ရက် အတိအကျကို မသိခဲ့ရပါဘူး။ အခုတော့ နောက်လ ၄ ရက်နေ့မှာ ကြေညာမယ်လို့ Vivo India က တရားဝင် တွစ်တာ အကောင့်ကနေ ကြေညာလိုက်ပါတယ်။ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း အရောင်းမြှင့်တင်မယ့် စာမျက်နှာကို လွှင့်တင်လိုက်ပါတယ်။

Snapdragon 675 SoC ၊ Notch မပါတဲ့ မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၃ လုံးပါတဲ့ တရုတ် မော်ဒယ်ကို အိန္ဒိယမှာ ရောင်းမယ်လို့ အစောပိုင်းက ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် Snapdragon 665 SoC ပါတဲ့ နိုင်ငံတကာ မော်ဒယ်ကို အိန္ဒိယမှာ ရောင်းမယ်ဆိုတာ သိလိုက်ရပါပြီ။ အဲဒီ မော်ဒယ်မှာ ၆.၃၈ လက်မ FHD+ Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Notch မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ကင်မရာ ၄ လုံးကို စိန်ပုံသဏ္ဍာန် တပ်ဆင်ထားပြီး 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Android Pie အခြေပြု Funtouch OS 9.2 မောင်းနှင်ထားပြီး 8GB RAM / 128GB Storage တွေ ပါပါတယ်။ 256GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ ရပါတယ်။

18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh ဘက်ထရီက မိုက်ပါတယ်။ S1 Pro အတွက် ဖိလစ်ပိုင်မှာ Fancy Sky နဲ့ Knight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အိန္ဒိယ ဝက်ဘ်ဆိုက်မှာတော့ Fancy Sky နဲ့ Blue အရောင်တွေကို ဖော်ပြထားပါတယ်။ အိန္ဒိယမှာ ရောင်းမယ့် ဈေးကို မသိရသေးပေမယ့် Amazon.in ကနေ ရောင်းမှာပါ။

Ref : gsmarena

[Zawgyi]

အိႏၵိယမွာ Vivo S1 Pro ကို ေနာက္လ ၄ ရက္ေန႔မွာ ေၾကညာမွာ ေသခ်ာၿပီ 

Vivo S1 Pro ကို အိႏၵိယမွာ ေနာက္လ ေၾကညာမယ္ဆိုတဲ့ သတင္း ၿပီးခဲ့တဲ့ ၁ ပတ္က ထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ေၾကညာမယ့္ ေန႔ရက္ အတိအက်ကို မသိခဲ့ရပါဘူး။ အခုေတာ့ ေနာက္လ ၄ ရက္ေန႔မွာ ေၾကညာမယ္လို႔ Vivo India က တရား၀င္ တြစ္တာ အေကာင့္ကေန ေၾကညာလိုက္ပါတယ္။ တရား၀င္ ၀က္ဘ္ဆိုက္မွာလည္း အေရာင္းျမွင့္တင္မယ့္ စာမ်က္နွာကို လႊင့္တင္လိုက္ပါတယ္။

Snapdragon 675 SoC ၊ Notch မပါတဲ့ မ်က္ႏွာျပင္နဲ႔ အေနာက္ကင္မရာ ၃ လံုးပါတဲ့ တရုတ္ ေမာ္ဒယ္ကို အိႏၵိယမွာ ေရာင္းမယ္လို႔ အေစာပိုင္းက ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ Snapdragon 665 SoC ပါတဲ့ ႏုိင္ငံတကာ ေမာ္ဒယ္ကို အိႏၵိယမွာ ေရာင္းမယ္ဆိုတာ သိလိုက္ရပါၿပီ။ အဲဒီ ေမာ္ဒယ္မွာ ၆.၃၈ လက္မ FHD+ Super AMOLED မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Notch မွာ 32MP ကင္မရာ တပ္ဆင္ထားပါတယ္။

အေနာက္ကင္မရာ ၄ လံုးကို စိန္ပံုသ႑ာန္ တပ္ဆင္ထားၿပီး 48MP Main , 8MP Ultrawide , 2MP Macro နဲ႔ 2MP Depth ကင္မရာေတြ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Android Pie အေျချပဳ Funtouch OS 9.2 ေမာင္းႏွင္ထားၿပီး 8GB RAM / 128GB Storage ေတြ ပါပါတယ္။ 256GB microSD Card စိုက္ႏိုင္တဲ့အတြက္ ေဒတာေတြ ရွယ္သိမ္းလို႔ ရပါတယ္။

18W Fast Charging ပါတဲ့ အရြယ္ႀကီး 4,500mAh ဘက္ထရီက မိုက္ပါတယ္။ S1 Pro အတြက္ ဖိလစ္ပိုင္မွာ Fancy Sky နဲ႔ Knight Black အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ အိႏၵိယ ၀က္ဘ္ဆိုက္မွာေတာ့ Fancy Sky နဲ႔ Blue အေရာင္ေတြကို ေဖာ္ျပထားပါတယ္။ အိႏၵိယမွာ ေရာင္းမယ့္ ေစ်းကို မသိရေသးေပမယ့္ Amazon.in ကေန ေရာင္းမွာပါ။

Ref : gsmarena