[Unicode]

Vivo က လာမယ့်လမှာ S1 Pro ကို အိန္ဒိယမှာ ကြေညာတော့မှာပါ။ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး Amazon India မှာ စာရင်းတင်ထားပါတယ်။ မကြာခင် ရောင်းမယ်လို့ ရေးသားထားပြီး Amazon ကနေ အဓိက Specs တွေကို သိလိုက်ရပါတယ်။ အနောက်ကင်မရာတွေကို စိန်ပုံသဏ္ဍာန် တပ်ဆင်ထားပြီး 48MP ပင်မ ကင်မရာ ပါလာမှာပါ။ Superwide Lens နဲ့ Macro Lens တွေနဲ့ အားဖြည့်ထားပါတယ်။ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

91mobiles က အဲဒီ ဖုန်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလလယ်လောက်မှာ ရောင်းနိုင်တယ်လို့ ပြောထားပါတယ်။ ၁၉,၉၉၀ ရူပီး သတ်မှတ်ထားနိုင်ပြီး မြန်မာငွေ ၄ သိန်းလောက်ရှိနိုင်ပါတယ်။ Vivo က အိန္ဒိယမှာ 8/128GB မော်ဒယ်ကို မကြာခင် ရောင်းနိုင်ပြီး 6GB မော်ဒယ်ကို နောက်ကျမှ ရောင်းမယ်လို့ထင်ပါတယ်။

Vivo S1 Pro ကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကြေညာပြီးပါပြီ။ အဲဒီဖုန်းမှာ ၆.၃၈ လက်မ Full HD+ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါပါတယ်။

Chipset က Snapdragon 665 ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ အနောက်ကင်မရာ ၄ လုံးပါလာပြီး 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh Battery က မိုက်ပါတယ်။

Ref : gizmochina

[Zawgyi]

Vivo S1 Pro ကို အိႏၵိယမွာ ေရာင္းဖို႔ နီးလာၿပီ

Vivo က လာမယ့္လမွာ S1 Pro ကို အိႏၵိယမွာ ေၾကညာေတာ့မွာပါ။ စြမ္းရည္သင့္ ဖုန္း ျဖစ္ၿပီး Amazon India မွာ စာရင္းတင္ထားပါတယ္။ မၾကာခင္ ေရာင္းမယ္လို႔ ေရးသားထားၿပီး Amazon ကေန အဓိက Specs ေတြကို သိလိုက္ရပါတယ္။ အေနာက္ကင္မရာေတြကို စိန္ပံုသ႑ာန္ တပ္ဆင္ထားၿပီး 48MP ပင္မ ကင္မရာ ပါလာမွာပါ။ Superwide Lens နဲ႔ Macro Lens ေတြနဲ႔ အားျဖည့္ထားပါတယ္။ အေရွ႕ဘက္မွာ 32MP ကင္မရာ တပ္ဆင္ထားပါတယ္။

91mobiles က အဲဒီ ဖုန္းကို ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီလလယ္ေလာက္မွာ ေရာင္းႏုိင္တယ္လို႔ ေျပာထားပါတယ္။ ၁၉,၉၉၀ ရူပီး သတ္မွတ္ထားႏိုင္ၿပီး ျမန္မာေငြ ၄ သိန္းေလာက္ရွိႏုိင္ပါတယ္။ Vivo က အိႏၵိယမွာ 8/128GB ေမာ္ဒယ္ကို မၾကာခင္ ေရာင္းႏိုင္ၿပီး 6GB ေမာ္ဒယ္ကို ေနာက္က်မွ ေရာင္းမယ္လို႔ထင္ပါတယ္။

Vivo S1 Pro ကို ထိုင္း၊ မေလးရွား၊ အင္ဒိုနီးရွား အပါအ၀င္ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ ေၾကညာၿပီးပါၿပီ။ အဲဒီဖုန္းမွာ ၆.၃၈ လက္မ Full HD+ Super AMOLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး အရြယ္ေသး Notch ပါပါတယ္။

Chipset က Snapdragon 665 ျဖစ္ၿပီး 8GB RAM နဲ႔ 128GB Storage ေတြ ပါပါတယ္။ အေနာက္ကင္မရာ ၄ လံုးပါလာၿပီး 48MP Main , 8MP Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ 18W Fast Charging ပါတဲ့ အရြယ္ႀကီး 4,500mAh Battery က မိုက္ပါတယ္။

Ref : gizmochina