Vivo S1 Prime Limited Edition ရဲ့ ထူးခြားချက်က အများနဲ့မတူ ထူးခြားတောက်ပတဲ့ အရောင်ဆန်း ဖြစ်တဲ့အပြင် 16 MP ရှေ့ကင်မရာ၊ နောက်ဘက် 48 MP (ပင်မကင်မရာ) + 8 MP (မြင်ကွင်းကျယ်ကင်မရာ) + 2 MP Macro ကင်မရာ + 2 MP (အနီးကပ်ရိုက်နိုင်သည့်ကင်မရာ) တို့ပါ၀င်တဲ့ စိန်ပွင့်ပုံစံကင်မရာဒီဇိုင်း လို့လည်းဆိုနိုင်ပါတယ်။ ယနေ့ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်း၊ အနုပညာဖန်တီးမှုကို အဓိကပံ့ပိုးပေးတာ ကတော့ ဓာတ်ပုံရိုက်ကူးမှုနည်းပညာတွေ တိုးတက်လာခြင်းပါပဲ။ ဒါကြောင့် နောက်ပိုင်းထုတ်လုပ်လာတဲ့ စမတ်ဖုန်းသစ်တွေမှာ အရည်အသွေးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်ကူးနိုင်မယ့် features တွေ အပြိုင်အဆိုင်ထည့်သွင်းလာကြပါတယ်။

တစ်သက်တာအမှတ်ရစေမယ့် ခရီးသွားမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေကို Vivo S1 Prime Limited Edition မှာပါဝင်တဲ့ကင်မရာက အရည်အသွေးပြည့်မှီကောင်းမွန်အောင်ရိုက်ကူးနိုင်တယ်ဆိုတာသက်သေပြဖို့ Vivo ကနေ Akhayar Lifestyle နဲ့အတူ အင်းဝမြို့ဟောင်းမှာ ခရီးသွား Vlog လေးတစ်ခု ပူးပေါင်းဖန်တီးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ခမ်းနားထည်ဝါတဲ့ ရှေးဟောင်းမြို့တော်၊ သမိုင်းမှတ်တမ်းအထောက်အထားတွေအများကြီး ကျန်နေသေးပြီး ရာဇဝင်တွင်ခဲ့တဲ့ အင်းဝမြို့ဟောင်းရဲ့ ဂန္တဝင်မြောက်အလှတရားတွေကို ခေတ်မီဖက်ရှင် ဆန်းပြားမှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရင်သပ်ရူမောစရာ ပုံရိပ်တွေကို မြင်တွေ့နိုင်ခဲ့ပါပြီ။

အင်းဝမြို့ဟောင်းမှာဖုန်းနဲ့ဓာတ်ပုံအလန်းစားတွေရိုက်တတ်သူ နာမည်ကျော်နေတဲ့ ကလေးတွေလည်း ရှိပါ တယ်။ နောက်ဆုံးပေါ်ဖုန်းအမျိုးအစားအစုံကျွမ်းကျင်စွာကိုင်တွယ်တတ်ပြီး ဓာတ်ပုံအရိုက်ခံသူတွေကို အကောင်းဆုံးကိုယ်နေဟန်ထား၊ location နေရာတွေပါ ပြသပေးနိုင်လို့ ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်သူတွေပါ။ သူတို့လေးတွေကလည်း Vivo S1 Prime ကင်မရာမှာပါဝင်တဲ့ features တွေကို သဘောကျနှစ်သက်ကြပြီး ပါဝင်ကူညီရိုက်ကူးပေးခဲ့ကြတယ်။

Vivo S1 Prime မှာပါဝင်တဲ့ ကင်မရာတွေက အကျယ်ချဲ့ရိုက်ကူးရတဲ့ မြင်ကွင်းကျယ်ပုံတွေနှင့် ရုပ်ထွက် အရည်အသွေးကောင်းမွန်တဲ့ အမှတ်တရပုံတွေကို အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရိုက်ကူးပုံဖော်ရာမှာ ကူညီနိုင်မှာပါ။ ထပ်မံပါ၀င်လာတဲ့ AI face beauty, Super night selfie နဲ့ pose master လိုမျိုး ကင်မရာစွမ်းဆောင်ရည်တွေကလည်း မူလရှိနေတဲ့ အရည်အသွေးပြောက်ပျက်သွားခြင်းမရှိစေဘဲ စွဲမက် ဖွယ်ရာကောင်းမွန်သည့် Portraits ပုံများ ရရှိနိုင်မှာနော်။

Source – Vivo Myanmar