Zawgyi

မတ္လေႏွာင္းပိုင္းကာလမွာ Vivo ဟာ S1 စမတ္ဖုန္းကို Helio P70 ခ်စ္ပ္ဆက္နဲ႔ 24.8MP Pop-up ဆယ္ဖီကင္မရာတုိ႔နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ ယခုအခါ တရုတ္အေျခစိုက္ဖုန္းထုတ္လုပ္သူဟာ S1 ရဲ႕ Pro ဗားရွင္းကို သိသာတဲ့ Specs တုိးျမွင့္မႈမ်ားျဖင့္ မိတ္ဆက္လိုက္ျပန္ပါတယ္။

Vivo S1 Pro ကေတာ့ သူတုိ႔ရဲ႕ပုံမွန္ဗားရွင္းနဲ႔ ဒီဇုိင္းခ်င္း ဆင္တူေနေပမယ့္ အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္ကို အသုံးျပဳထားတယ္။ မန္မုိရီပိုင္းမွာ 6GB နဲ႔ 8GB RAM မန္မုိရီႏွစ္မ်ဳိးထုတ္လာေပမယ့္ ထူးထူးျခားျခား 6GB RAM / 256GB Storage နဲ႔ 8GB / 128GB Storage ဆုိၿပီး တြဲထားတယ္။ ဒါေၾကာင့္ RAM ပိုလုိခ်င္သလား၊ Storage ပိုမ်ားတာလုိခ်င္သလားလို႔ ေရြးရမယ့္ ထူးထူးဆန္းဆန္းတြဲဖက္ပုံႀကီး ျဖစ္ေနပါတယ္။

မ်က္ႏွာျပင္မွာ Notch မပါတဲ့ 6.39” လက္မအရြယ္ Super AMOLED Display ဟာ 2340 x 1080p Resolution နဲ႔ ျမင္ကြင္းအခ်ဳိး 19.5:9 ရွိပါတယ္။ ဒါေၾကာင့္ သူ႕ရဲ႕ Screen-to-body Ratio ဟာ 91.64% ေတာင္ ရွိတယ္။

ေက်ာဘက္မွာ 48MP Quad-Bayer Sensor ကို 8MP Wide-angle နဲ႔ 5MP Depth Sensor တုိ႔ျဖင့္ တြဲဖက္ထားတဲ့ Triple-camera အလန္းစားပါဝင္ၿပီး Pop-up ဆယ္ဖီကင္မရာကေတာ့ 32MP ျဖစ္ပါတယ္။

S1 Pro ဖုန္းမွာ In-display Fingerprint စနစ္အသုံးျပဳလာၿပီး Android Pie ကိုအေျခခံထားတဲ့ Funtouch OS 9 စက္ႏွင္စနစ္သုံးစြဲလာတယ္။ သူတုိ႔ရဲ႕ AI Voice Assistant စနစ္ျဖစ္တဲ့ Jovi ကုိအသုံးျပဳဖို႔ ဘယ္ဘက္မွာ သီးသန္႔ခလုတ္ပါရွိတယ္။ ဘကၳရီကေတာ့ 3,700 mAh ျဖစ္ပါတယ္။

Vivo S1 Pro ဖုန္းဟာ တရုတ္ျပည္တြင္းမွာ ေမလ ၉ ရက္ေန႔ထြက္မွာျဖစ္ၿပီး ပုံမွာျမင္ရတဲ့အတုိင္း အျပာနဲ႔ အနီအေရာင္ေျပးကာလာႏွစ္မ်ဳိးျဖင့္ ထြက္လာမွာပါ။ ေစ်းႏႈန္းကေတာ့ မန္မုိရီေပၚအေျခခံရင္ ႏွစ္မ်ဳိးကြဲျပားသင့္ေပမယ့္ ထူးဆန္းတဲ့တြဲဖက္ပုံေၾကာင့္လားမသိ၊ ႏွစ္မ်ဳိးလုံးကို တရုတ္ယြမ္ ၂,၆၉၈ (ျမန္မာေငြ ေျခာက္သိန္းဝန္းက်င္) ေစ်းႏႈန္းပဲ အတူတူကပ္ထားပါတယ္။ တကယ္တမ္း ေစ်းကြက္ထဲ ထြက္လာတဲ့အခ်ိန္မွာေတာ့ ေစ်းႏႈန္း၊ ေမာ္ဒယ္ေတြနဲ႔ပတ္သက္လို႔ ပိုရွင္းလင္းလာဦးမလား ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

မတ်လနှောင်းပိုင်းကာလမှာ Vivo ဟာ S1 စမတ်ဖုန်းကို Helio P70 ချစ်ပ်ဆက်နဲ့ 24.8MP Pop-up ဆယ်ဖီကင်မရာတို့နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ယခုအခါ တရုတ်အခြေစိုက်ဖုန်းထုတ်လုပ်သူဟာ S1 ရဲ့ Pro ဗားရှင်းကို သိသာတဲ့ Specs တိုးမြှင့်မှုများဖြင့် မိတ်ဆက်လိုက်ပြန်ပါတယ်။

Vivo S1 Pro ကတော့ သူတို့ရဲ့ပုံမှန်ဗားရှင်းနဲ့ ဒီဇိုင်းချင်း ဆင်တူနေပေမယ့် အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်ကို အသုံးပြုထားတယ်။ မန်မိုရီပိုင်းမှာ 6GB နဲ့ 8GB RAM မန်မိုရီနှစ်မျိုးထုတ်လာပေမယ့် ထူးထူးခြားခြား 6GB RAM / 256GB Storage နဲ့ 8GB / 128GB Storage ဆိုပြီး တွဲထားတယ်။ ဒါကြောင့် RAM ပိုလိုချင်သလား၊ Storage ပိုများတာလိုချင်သလားလို့ ရွေးရမယ့် ထူးထူးဆန်းဆန်းတွဲဖက်ပုံကြီး ဖြစ်နေပါတယ်။

မျက်နှာပြင်မှာ Notch မပါတဲ့ 6.39” လက်မအရွယ် Super AMOLED Display ဟာ 2340 x 1080p Resolution နဲ့ မြင်ကွင်းအချိုး 19.5:9 ရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ Screen-to-body Ratio ဟာ 91.64% တောင် ရှိတယ်။

ကျောဘက်မှာ 48MP Quad-Bayer Sensor ကို 8MP Wide-angle နဲ့ 5MP Depth Sensor တို့ဖြင့် တွဲဖက်ထားတဲ့ Triple-camera အလန်းစားပါဝင်ပြီး Pop-up ဆယ်ဖီကင်မရာကတော့ 32MP ဖြစ်ပါတယ်။

S1 Pro ဖုန်းမှာ In-display Fingerprint စနစ်အသုံးပြုလာပြီး Android Pie ကိုအခြေခံထားတဲ့ Funtouch OS 9 စက်နှင်စနစ်သုံးစွဲလာတယ်။ သူတို့ရဲ့ AI Voice Assistant စနစ်ဖြစ်တဲ့ Jovi ကိုအသုံးပြုဖို့ ဘယ်ဘက်မှာ သီးသန့်ခလုတ်ပါရှိတယ်။ ဘက္ထရီကတော့ 3,700 mAh ဖြစ်ပါတယ်။

Vivo S1 Pro ဖုန်းဟာ တရုတ်ပြည်တွင်းမှာ မေလ ၉ ရက်နေ့ထွက်မှာဖြစ်ပြီး ပုံမှာမြင်ရတဲ့အတိုင်း အပြာနဲ့ အနီအရောင်ပြေးကာလာနှစ်မျိုးဖြင့် ထွက်လာမှာပါ။ ဈေးနှုန်းကတော့ မန်မိုရီပေါ်အခြေခံရင် နှစ်မျိုးကွဲပြားသင့်ပေမယ့် ထူးဆန်းတဲ့တွဲဖက်ပုံကြောင့်လားမသိ၊ နှစ်မျိုးလုံးကို တရုတ်ယွမ် ၂,၆၉၈ (မြန်မာငွေ ခြောက်သိန်းဝန်းကျင်) ဈေးနှုန်းပဲ အတူတူကပ်ထားပါတယ်။ တကယ်တမ်း ဈေးကွက်ထဲ ထွက်လာတဲ့အချိန်မှာတော့ ဈေးနှုန်း၊ မော်ဒယ်တွေနဲ့ပတ်သက်လို့ ပိုရှင်းလင်းလာဦးမလား ကြည့်ရဦးမှာပါ။

Ref – GSM Arena