[Zawgyi]

ၿပီးခဲ့တဲ့ ၁ ပတ္က ေၾကညာခဲ့တဲ့ Vivo S5 ကို တရုတ္မွာ ကုမၸဏီရဲ႕ အြန္လိုင္းစတိုးကေန ေရာင္းခ်ေပးလိုက္ပါတယ္။ 8/128GB ကို ၂,၆၉၈ ယြမ္နဲ႔ 8/256GB ကို ၂,၉၉၈ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၈၀,၀၀၀ နဲ႔ ၆၄၀,၀၀၀ ေလာက္က်သင့္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာ 128GB Model ကိုပဲ ၀ယ္ယူႏုိင္ပါေသးတယ္။

Vivo S5 မွာ  Qualcomm Snapdragon 712 SoC နဲ႔ Android Pie အေျချပဳ Funtouch OS 9.2 ပါလာပါတယ္။ ၆.၄၄ လက္မ Full HD + 20:9 Super AMOLED Display ထည့္သြင္းထားၿပီး Screen-to-body Ratio  ၉၁.၃၈ ရာခုိင္ႏႈန္းရွိတာက အရမ္းမိုက္တဲ့ Full Screen Design ျဖစ္ပါတယ္။ Display ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Display ရဲ႕ ညာဘက္အထက္ေထာင့္မွာ Punch Hole ၁ ခု တပ္ဆင္ထားၿပီး 32MP Selfie Camera ပါပါတယ္။

အေနာက္ဘက္မွာ Camera ၄ လံုးကို စိန္ပံုသ႑ာန္ တပ္ဆင္ထားၿပီး 48MP Main , 8MP Ultrawide , 5MP Depth နဲ႔ 2MP Macro Camera ေတြ ျဖစ္ပါတယ္။ Camera ေတြမွာ Super Beauty Algorithm ပါတဲ့ အတြက္ အရမ္းကို လွပေခ်ာမြတ္ေနေစမွာ ျဖစ္ၿပီး အလန္းစား Pose ေတြ ေပးႏုိင္ေအာင္ ကူညီေပးမယ့္ Poster Correction Feature ပါပါတယ္။

Vivo S5 ကို Icelandic Blue, Phantom Blue နဲ႔ Star Black အေရာင္ေတြ ထုတ္လုပ္ထားၿပီး 4,100mAh Battery ပါပါတယ္။ 22.5W Fast Charging က အားသြင္းရင္ အရမ္းျမန္ေစပါတယ္။ ဒါေပမယ့္ လက္ရွိမွာ Phantom Blue အေရာင္ကို မေရာင္းေပးေသးပါဘူး။

Ref : gsmarena

[Unicode]

Vivo S5 ကို တရုတ်မှာ ရောင်းပြီ

ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့တဲ့ Vivo S5 ကို တရုတ်မှာ ကုမ္ပဏီရဲ့ အွန်လိုင်းစတိုးကနေ ရောင်းချပေးလိုက်ပါတယ်။ 8/128GB ကို ၂,၆၉၈ ယွမ်နဲ့ 8/256GB ကို ၂,၉၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၈၀,၀၀၀ နဲ့ ၆၄၀,၀၀၀ လောက်ကျသင့်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ 128GB Model ကိုပဲ ဝယ်ယူနိုင်ပါသေးတယ်။

Vivo S5 မှာ Qualcomm Snapdragon 712 SoC နဲ့ Android Pie အခြေပြု Funtouch OS 9.2 ပါလာပါတယ်။ ၆.၄၄ လက်မ Full HD + 20:9 Super AMOLED Display ထည့်သွင်းထားပြီး Screen-to-body Ratio ၉၁.၃၈ ရာခိုင်နှုန်းရှိတာက အရမ်းမိုက်တဲ့ Full Screen Design ဖြစ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Display ရဲ့ ညာဘက်အထက်ထောင့်မှာ Punch Hole ၁ ခု တပ်ဆင်ထားပြီး 32MP Selfie Camera ပါပါတယ်။

အနောက်ဘက်မှာ Camera ၄ လုံးကို စိန်ပုံသဏ္ဍာန် တပ်ဆင်ထားပြီး 48MP Main , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro Camera တွေ ဖြစ်ပါတယ်။ Camera တွေမှာ Super Beauty Algorithm ပါတဲ့ အတွက် အရမ်းကို လှပချောမွတ်နေစေမှာ ဖြစ်ပြီး အလန်းစား Pose တွေ ပေးနိုင်အောင် ကူညီပေးမယ့် Poster Correction Feature ပါပါတယ်။

Vivo S5 ကို Icelandic Blue, Phantom Blue နဲ့ Star Black အရောင်တွေ ထုတ်လုပ်ထားပြီး 4,100mAh Battery ပါပါတယ်။ 22.5W Fast Charging က အားသွင်းရင် အရမ်းမြန်စေပါတယ်။ ဒါပေမယ့် လက်ရှိမှာ Phantom Blue အရောင်ကို မရောင်းပေးသေးပါဘူး။

Ref : gsmarena