[Zawgyi]

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ေနာက္ဆုံးပတ္တုန္းက Esquire Fine နဲ႔ အင္တာဗ်ဴးလုပ္တဲ့ Cai Xukun က လက္ထဲမွာ Diamond-Shaped ပုံစံ ကင္မရာနဲ႔ Vivo S5 ကို ကိုင္ထားခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Vivo S5 ရဲ႕ သတင္းေတြက အဆက္မျပတ္ဆိုသလို ထြက္ေပၚလာခဲ့ၿပီး တရားဝင္ မိတ္ဆက္မယ့္ရက္အထိပါ သိခဲ့ၾကရပါတယ္။

Vivo S5 ရဲ႕ သတင္းေတြ ဆက္တိုက္ထြက္ေပၚေနေပမယ့္ ေက်ာဘက္က Diamond-Shaped ပုံစံ ကင္မရာနဲ႔ဟန္းဆက္ရဲ႕ တရားဝင္႐ုပ္ပုံကေတာ့ အခုမွ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ Vivo က တရားဝင္လႊင့္တင္လိုက္တဲ့ ဒီပုံေတြမွာ S5 ကို Blue-pink gradient နဲ႔ Dark Blue shade အျဖစ္ ႏွစ္မ်ိဳးႏွစ္စား ေတြ႕ျမင္ၾကရမွာ ျဖစ္ပါတယ္။

Vivo ဟာ ဒီ S5 ကို ႏိုဝင္ဘာ ၁၄ ရက္မွာ တရားဝင္ ေၾကညာသြားမွာျဖစ္ပါတယ္။ S5 ဟာ Vivo ဖုန္းေတြထဲမွာ ပထမဆုံး Punch-hole သုံးထားတဲ့ အမ်ိဳးအစား ျဖစ္လာပါလိမ့္မယ္။ ေက်ာဘက္ကင္မရာေလးလုံး တည္ေဆာက္ပုံကို Diamond-Shaped ပုံစံ ျပဳလုပ္ထားတာလည္း ပထမဆုံးျဖစ္ပါလိမ့္မယ္။ ဒီအထဲမွာ အဓိကကင္မရာကေတာ့ 48MP ျဖစ္ပါလိမ့္မယ္။

TENAA မွာ ေပၚထြက္ခဲ့ၿပီးသားမို႔ S5 ဟာ 6.44-inch AMOLED မ်က္ႏွာျပင္၊ 1080p resolution ရွိၿပီး 2.3GHz octa-core processor နဲ႔ ျဖစ္တယ္ဆိုတာကို သိထားၾကမွာပါ။ မန္မိုရီကေတာ့ 8GB အထိရွိမွာျဖစ္ၿပီး သိုေလွာင္မႈပမာဏက 256GB ျဖစ္ပါလိမ့္မယ္။ အေရွ႕ကင္မရာက 32MP ျဖစ္ၿပီး ေက်ာဘက္မွာေတာ့ 48MP အဓိကကင္မရာ၊ 8MP ultrawide, 5MP depth နဲ႔ 2MP macro modules ေတြ ျဖစ္ပါလိမ့္မယ္။ ဘက္ထရီပမာဏက 4,010mAh ျဖစ္ၿပီး အျခားအခ်က္အလက္ေတြနဲ႔ ေဈးႏႈန္းကိုေတာ့ သိရွိရျခင္း မရွိေသးတာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Vivo S5 ရဲ့ တရားဝင် ရုပ်ပုံတွေ ထွက်ပေါ်လာပြီ

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်တုန်းက Esquire Fine နဲ့ အင်တာဗျူးလုပ်တဲ့ Cai Xukun က လက်ထဲမှာ Diamond-Shaped ပုံစံ ကင်မရာနဲ့ Vivo S5 ကို ကိုင်ထားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Vivo S5 ရဲ့ သတင်းတွေက အဆက်မပြတ်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး တရားဝင် မိတ်ဆက်မယ့်ရက်အထိပါ သိခဲ့ကြရပါတယ်။

Vivo S5 ရဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပေမယ့် ကျောဘက်က Diamond-Shaped ပုံစံ ကင်မရာနဲ့ဟန်းဆက်ရဲ့ တရားဝင်ရုပ်ပုံကတော့ အခုမှ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Vivo က တရားဝင်လွှင့်တင်လိုက်တဲ့ ဒီပုံတွေမှာ S5 ကို Blue-pink gradient နဲ့ Dark Blue shade အဖြစ် နှစ်မျိုးနှစ်စား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Vivo ဟာ ဒီ S5 ကို နိုဝင်ဘာ ၁၄ ရက်မှာ တရားဝင် ကြေညာသွားမှာဖြစ်ပါတယ်။ S5 ဟာ Vivo ဖုန်းတွေထဲမှာ ပထမဆုံး Punch-hole သုံးထားတဲ့ အမျိုးအစား ဖြစ်လာပါလိမ့်မယ်။ ကျောဘက်ကင်မရာလေးလုံး တည်ဆောက်ပုံကို Diamond-Shaped ပုံစံ ပြုလုပ်ထားတာလည်း ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအထဲမှာ အဓိကကင်မရာကတော့ 48MP ဖြစ်ပါလိမ့်မယ်။

TENAA မှာ ပေါ်ထွက်ခဲ့ပြီးသားမို့ S5 ဟာ 6.44-inch AMOLED မျက်နှာပြင်၊ 1080p resolution ရှိပြီး 2.3GHz octa-core processor နဲ့ ဖြစ်တယ်ဆိုတာကို သိထားကြမှာပါ။ မန်မိုရီကတော့ 8GB အထိရှိမှာဖြစ်ပြီး သိုလှောင်မှုပမာဏက 256GB ဖြစ်ပါလိမ့်မယ်။ အရှေ့ကင်မရာက 32MP ဖြစ်ပြီး ကျောဘက်မှာတော့ 48MP အဓိကကင်မရာ၊ 8MP ultrawide, 5MP depth နဲ့ 2MP macro modules တွေ ဖြစ်ပါလိမ့်မယ်။ ဘက်ထရီပမာဏက 4,010mAh ဖြစ်ပြီး အခြားအချက်အလက်တွေနဲ့ ဈေးနှုန်းကိုတော့ သိရှိရခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena