[Zawgyi]
Ref : gizmochina
[Unicode]
Vivo S5 ကို တရားဝင် Tease လုပ်လိုက်ပြီ
Vivo ရဲ့ နောက်ထုတ်မယ့် S Series Phone ဟာ Vivo S5 ဖြစ်မယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ အခုတော့ Vivo က အဲဒီဖုန်းရဲ့ Teaser Video နဲ့ Poster ကို မျှဝေလိုက်ပါတယ်။ စိန်ပုံသဏ္ဍာန် Quad Camera ပါမယ့် Vivo ရဲ့ ပထမဆုံး ဖုန်း ဖြစ်မယ်လို့ မကြာခင်ကပဲ သတင်းထွက်ခဲ့ပါတယ်။
Vivo S5 ဟာ Vivo S1 နဲ့ Vivo S1 Pro လို တောက်ပြောင်တဲ့ ဒီဇိုင်းကို သုံးထားနိုင်ပြီး တရုတ်က လူငယ်တွေ အကြိုက်ထုတ်လုပ်ထားတာ ဖြစ်နိုင်ပါတယ်။ မကြာခင်ကပဲ Vivo S Series ရဲ့ Brand Ambassador Cai Xukun ဟာ ဖက်ရှင် မဂ္ဂဇင်း ၁ ခု အတွက် Promo Video မှာ S Series Smartphone ကို လက်ထဲ ကိုင်ထားတာတွေ့ရပါတယ်။ အဲဒါဟာ Vivo S5 ဖြစ်ပြီး 3.5mm Audio Jack ကို ထိပ်မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်ကင်မရာ ၄ လုံးကို စိန်ပုံသဏ္ဍာန် ပုံဖော်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။
လက်ရှိမှာ Vivo S5 ရဲ့ Specs တွေကို မသိရသေးပါဘူး။ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်နိုင်ပြီး နိုဝင်ဘာလမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ လာမယ့် ရက်တွေအတွင်းမှာ သူ့ရဲ့ Specs တွေ TENAA ကနေ ထွက်လာမယ်လို့ ထင်ပါတယ်။
Vivo ဟာ X30 5G ကိုလည်း ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဖုန်းကို Samsung နဲ့ ပူးပေါင်း ကြေညာနိုင်ပါတယ်။ Exynos 980 Chipset မောင်းနှင်ထားပြီး 5G Modem ပါမှာပါ။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။ Pop-up Camera ပါလာနိုင်ပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပါတယ်။
Ref : gizmochina