Zawgyi

Vivo ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး Quad-camera နဲ႔စမတ္ဖုန္းျဖစ္လာမယ့္ S5 ကို အခုအပတ္အေစာပုိင္းက Teaser ဗီဒီယိုတစ္ခု ထုတ္ျပခဲ့ၿပီး ယေန႔မွာေတာ့ ဒီဖုန္းကို လာမယ့္ ႏုိဝင္ဘာ ၁၄ ရက္ေန႔မွာ တရုတ္ေစ်းကြက္သို႔ မိတ္ဆက္လာမယ္လို႔ အတည္ျပဳလုိက္ပါတယ္။

ကုမၸဏီဟာ ဒီေၾကညာခ်က္ကိုလည္း Weibo ေပၚမွာ ဗီဒီယုိ Clip တစ္ခုကို တင္ၿပီး အသိေပးခဲ့တာျဖစ္ပါတယ္။ သူ႕ရဲ႕ Teaser ေတြထဲမွာ S5 ရဲ႕အခ်က္အလက္ေတြကို ေဖာ္ျပလာတာမ်ဳိး မရွိေသးေပမယ့္ စမတ္ဖုန္းရဲ႕ပုံသ႑ာန္ကိုေတာ့ ျမင္ေတြ႕ခဲ့ၾကရၿပီးပါၿပီ။ ဒီဖုန္းရဲ႕ ေနာက္ဘက္မွာ ကင္မရာသုံးလုံးကို စိန္ပုံသ႑ာန္ အကြက္ခ်ထားတာကို ေတြ႕ခဲ့ရပါတယ္။

လက္ရွိမွာ Vivo S5 နဲ႔ဆုိင္တဲ့ အခ်က္အလက္ေတြကို ေဖာ္ျပျခင္းမရွိေသးေပမယ့္ S1 နဲ႔ S1 Pro တုန္းက ဓါတ္ပုံရုိက္ကူးျခင္းကို အသားေပးထားတဲ့ ဟန္းဆက္ေတြျဖစ္ခဲ့တာေၾကာင့္ S5 ကိုလည္း တူညီတဲ့ ပစ္မွတ္နဲ႔ ထြက္လာဖို႔ ေမွ်ာ္လင့္ရၿပီး 48 / 64 MP အဓိက Sensor တစ္ခုနဲ႔ 32MP Selfie ကင္မရာတုိ႔ ပါလာႏုိင္ပါတယ္။

ထြက္ရွိရက္က သိပ္မလုိေတာ့တဲ့အတြက္ Vivo S5 နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို လာမယ့္ ရက္သတၱပတ္ ေတြမွာ ထပ္မံေတြ႕ရွိရဦးမွာပါ။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Quad-camera နဲ့စမတ်ဖုန်းဖြစ်လာမယ့် S5 ကို အခုအပတ်အစောပိုင်းက Teaser ဗီဒီယိုတစ်ခု ထုတ်ပြခဲ့ပြီး ယနေ့မှာတော့ ဒီဖုန်းကို လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ တရုတ်ဈေးကွက်သို့ မိတ်ဆက်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။

ကုမ္ပဏီဟာ ဒီကြေညာချက်ကိုလည်း Weibo ပေါ်မှာ ဗီဒီယို Clip တစ်ခုကို တင်ပြီး အသိပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ Teaser တွေထဲမှာ S5 ရဲ့အချက်အလက်တွေကို ဖော်ပြလာတာမျိုး မရှိသေးပေမယ့် စမတ်ဖုန်းရဲ့ပုံသဏ္ဍာန်ကိုတော့ မြင်တွေ့ခဲ့ကြရပြီးပါပြီ။ ဒီဖုန်းရဲ့ နောက်ဘက်မှာ ကင်မရာသုံးလုံးကို စိန်ပုံသဏ္ဍာန် အကွက်ချထားတာကို တွေ့ခဲ့ရပါတယ်။

လက်ရှိမှာ Vivo S5 နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဖော်ပြခြင်းမရှိသေးပေမယ့် S1 နဲ့ S1 Pro တုန်းက ဓါတ်ပုံရိုက်ကူးခြင်းကို အသားပေးထားတဲ့ ဟန်းဆက်တွေဖြစ်ခဲ့တာကြောင့် S5 ကိုလည်း တူညီတဲ့ ပစ်မှတ်နဲ့ ထွက်လာဖို့ မျှော်လင့်ရပြီး 48 / 64 MP အဓိက Sensor တစ်ခုနဲ့ 32MP Selfie ကင်မရာတို့ ပါလာနိုင်ပါတယ်။

ထွက်ရှိရက်က သိပ်မလိုတော့တဲ့အတွက် Vivo S5 နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လာမယ့် ရက်သတ္တပတ် တွေမှာ ထပ်မံတွေ့ရှိရဦးမှာပါ။

Ref – GSM Arena