[Zawgyi]

ဒီႏွစ္အေစာပိုင္းက Vivo ဟာ S1 နဲ႔ S1 Pro ကို ေၾကညာခဲ့ပါတယ္။ ဒီလ ၁၄ ရက္ေန႔မွာ Vivo S5 နဲ႔ S5 Pro ကို မိတ္ဆက္ေတာ့မွာပါ။ အဲဒီဖုန္းေတြရဲ႕ Specs ေတြဟာ TENAA ကေန ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ ဓါတ္ပံုေတြပါ ေတြ႕ျမင္ရပါၿပီ။ ေမာ္ဒယ္နံပါတ္ေတြက Vivo V1932A/T နဲ႔ Vivo V1945A/T ျဖစ္ၿပီး Vivo S5 Pro နဲ႔ Vivo S5 တို႔ အသီးသီး ျဖစ္ပါတယ္။

Vivo V1945A/T မွာ Waterdrop Notch Display ထည့္သြင္းထားၿပီး ၆.၃၈ လက္မ AMOLED Display ျဖစ္ပါတယ္။ Vivo V1932A/T မွာ Punch-hole Display ထည့္သြင္းထားၿပီး AMOLED Display ပါပါတယ္။ အရြယ္အစားက ၆.၄၄ လက္မ ျဖစ္ပါတယ္။ Display ၂ ခုစလံုးရဲ႕ ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။

အဲဒီ ဖုန္းေတြရဲ႕ အေနာက္ဘက္မွာ စိန္ပံုသ႑ာန္ ကင္မရာ ၄ လံုးတပ္ဆင္ထားပါတယ္။ Vivo V1945A/T မွာ 48MP +8MP+2MP+2MP Quad Camera System ပါမယ္လို႔ TENAA မွာ ေဖာ္ျပထားပါတယ္။ Vivo V1932A/T မွာ 48MP+8MP+5MP+2MP Quad Camera System ပါမယ္လို႔ သိရပါတယ္။ ဖုန္း ၂ လံုးစလံုးမွာ 32MP Selfie Camera ေတြ တပ္ဆင္ထားပါတယ္။

Vivo S5 မွာ 2.0GHz Octa-core Processor နဲ႔ 6GB/8GB RAM ေတြ ပါမယ္လို႔ ေဖာ္ျပထားပါတယ္။ Vivo S5 Pro မွာ Snapdragon 712 နဲ႔ 8GB RAM ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ ဖုန္း ၂ လံုးစလံုးအတြက္ 128GB နဲ႔ 256GB Storage ေတြ ထုတ္လုပ္ေပးထားမွာပါ။ Vivo S5 ကို တရုတ္ျပင္ပျဖစ္တဲ့ ရုရွားနဲ႔ အိႏၵိယမွာ Vivo V17 နာမည္နဲ႔ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ V17 ကို အဲဒီ ႏုိင္ငံေတြမွာ ဒီလကုန္ မိတ္ဆက္ေတာ့မယ္လို႔ ထင္ပါတယ္။

Ref : gizmochina

[Unicode]

Vivo S5 နဲ့ S5 Pro ရဲ့ ဓါတ်ပုံတွေ TENAA ကနေ ထွက်ပေါ်လာ

ဒီနှစ်အစောပိုင်းက Vivo ဟာ S1 နဲ့ S1 Pro ကို ကြေညာခဲ့ပါတယ်။ ဒီလ ၁၄ ရက်နေ့မှာ Vivo S5 နဲ့ S5 Pro ကို မိတ်ဆက်တော့မှာပါ။ အဲဒီဖုန်းတွေရဲ့ Specs တွေဟာ TENAA ကနေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ဓါတ်ပုံတွေပါ တွေ့မြင်ရပါပြီ။ မော်ဒယ်နံပါတ်တွေက Vivo V1932A/T နဲ့ Vivo V1945A/T ဖြစ်ပြီး Vivo S5 Pro နဲ့ Vivo S5 တို့ အသီးသီး ဖြစ်ပါတယ်။

Vivo V1945A/T မှာ Waterdrop Notch Display ထည့်သွင်းထားပြီး ၆.၃၈ လက်မ AMOLED Display ဖြစ်ပါတယ်။ Vivo V1932A/T မှာ Punch-hole Display ထည့်သွင်းထားပြီး AMOLED Display ပါပါတယ်။ အရွယ်အစားက ၆.၄၄ လက်မ ဖြစ်ပါတယ်။ Display ၂ ခုစလုံးရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

အဲဒီ ဖုန်းတွေရဲ့ အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် ကင်မရာ ၄ လုံးတပ်ဆင်ထားပါတယ်။ Vivo V1945A/T မှာ 48MP +8MP+2MP+2MP Quad Camera System ပါမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ Vivo V1932A/T မှာ 48MP+8MP+5MP+2MP Quad Camera System ပါမယ်လို့ သိရပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 32MP Selfie Camera တွေ တပ်ဆင်ထားပါတယ်။

Vivo S5 မှာ 2.0GHz Octa-core Processor နဲ့ 6GB/8GB RAM တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။ Vivo S5 Pro မှာ Snapdragon 712 နဲ့ 8GB RAM ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဖုန်း ၂ လုံးစလုံးအတွက် 128GB နဲ့ 256GB Storage တွေ ထုတ်လုပ်ပေးထားမှာပါ။ Vivo S5 ကို တရုတ်ပြင်ပဖြစ်တဲ့ ရုရှားနဲ့ အိန္ဒိယမှာ Vivo V17 နာမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ V17 ကို အဲဒီ နိုင်ငံတွေမှာ ဒီလကုန် မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။

Ref : gizmochina