[Zawgyi]

ဖုန္း ကုမၸဏီမ်ားစြာရဲ႕ Punch-hole Display ပါတဲ့ ဖုန္းေတြ အမ်ားႀကီးထြက္ေပၚလာပါၿပီ။ ဒါေပမယ့္ AMOLED Punch Hole Display ပါတဲ့ ဖုန္းဆိုလို႔ Galaxy S10 Series ေတြပဲရွိပါေသးတယ္။ မၾကာခင္ေတာ့ ဒါဟာ ေျပာင္းလဲေတာ့မွာပါ။ Vivo S5 မွာလည္း AMOLED Punch Hole Display ပါလာမွာ ျဖစ္ၿပီး အဲဒီ Display ပါတဲ့ ပထမဆံုး တရုတ္ ဖုန္း ျဖစ္လာမယ္လို႔ သတင္းထြက္လာပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားမွာပါ။ Digital Chat Station က ဒီသတင္းကို ၀ီဘိုမွာ မွ်ေ၀လိုက္တာပါ။

Punch Hole Design ေရာ ၊ AMOLED Display ေရာ ႀကိဳက္သူေတြအတြက္ Galaxy S10 Series အျပင္ ေရြးခ်ယ္စရာမ်ားလာေတာ့မွာပါ။ Redmi K30 ဟာလည္း AMOLED Dual-punch Hole Display နဲ႔ထြက္လာမယ္လို႔ထင္ပါတယ္။ Redmi K20 မွာေတာ့ AMOLED Display ပါေပမယ့္ Notch နဲ႔တြဲဖက္ထားတာပါ။ Redmi K30 မွာ ဒိတ္ေအာက္ေနတဲ့ LCD ကို ျပန္မသံုးႏုိင္ေတာ့ပါဘူး။

ေနာက္ႏွစ္မွာ ထြက္လာမယ့္ OnePlus 8 နဲ႔ OnePlus 8 Pro တို႔မွာလည္း AMOLED Punch Hole Display ေတြ ပါလာႏုိင္ပါတယ္။ အဲဒီ ဒီဇိုင္းကို ထုတ္မယ့္ တျခား စမတ္ဖုန္း ကုမၸဏီေတြရဲ႕ သတင္းေတာ့ မထြက္လာေသးပါဘူး။ လာမယ့္လေတြမွာ ေရြးခ်ယ္စရာေတြ မ်ားလာမွာ ေသခ်ာပါတယ္။ Vivo က ဒီလ ၁၄ ရက္ေန႔မွာ S5 ကို ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။

ဒီႏွစ္ အေစာပိုင္းမွာ Vivo S1 နဲ႔ S1 Pro ကို ေၾကညာခဲ့ပါတယ္။ အဲဒီအတြက္ ကုမၸဏီက Vivo S5 နဲ႔ S5 Pro ကို မိတ္ဆက္မယ္လို႔ထင္ပါတယ္။ အေနာက္ကင္မရာ ၄ လံုးကို စိန္ပံုသ႑ာန္ တပ္ဆင္ထားတာကလြဲၿပီး လက္ရွိမွာ Vivo S5 ရဲ႕ Specifications ေတြကို မသိရေသးပါဘူး။ စြမ္းေဆာင္ရည္သင့္ ဖုန္း ျဖစ္ႏုိင္ၿပီး လာမယ့္ ရက္ေတြအတြင္းမွာ သူ႔ရဲ႕ Specs ေတြ ေပါက္ၾကားထြက္လာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Vivo S5 ဟာ AMOLED Punch Hole Display ပါတဲ့ ပထမဆုံး တရုတ် ဖုန်း ဖြစ်မည်

ဖုန်း ကုမ္ပဏီများစွာရဲ့ Punch-hole Display ပါတဲ့ ဖုန်းတွေ အများကြီးထွက်ပေါ်လာပါပြီ။ ဒါပေမယ့် AMOLED Punch Hole Display ပါတဲ့ ဖုန်းဆိုလို့ Galaxy S10 Series တွေပဲရှိပါသေးတယ်။ မကြာခင်တော့ ဒါဟာ ပြောင်းလဲတော့မှာပါ။ Vivo S5 မှာလည်း AMOLED Punch Hole Display ပါလာမှာ ဖြစ်ပြီး အဲဒီ Display ပါတဲ့ ပထမဆုံး တရုတ် ဖုန်း ဖြစ်လာမယ်လို့ သတင်းထွက်လာပါတယ်။ ဒါ့အပြင် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာပါ။ Digital Chat Station က ဒီသတင်းကို ဝီဘိုမှာ မျှဝေလိုက်တာပါ။

Punch Hole Design ရော ၊ AMOLED Display ရော ကြိုက်သူတွေအတွက် Galaxy S10 Series အပြင် ရွေးချယ်စရာများလာတော့မှာပါ။ Redmi K30 ဟာလည်း AMOLED Dual-punch Hole Display နဲ့ထွက်လာမယ်လို့ထင်ပါတယ်။ Redmi K20 မှာတော့ AMOLED Display ပါပေမယ့် Notch နဲ့တွဲဖက်ထားတာပါ။ Redmi K30 မှာ ဒိတ်အောက်နေတဲ့ LCD ကို ပြန်မသုံးနိုင်တော့ပါဘူး။

နောက်နှစ်မှာ ထွက်လာမယ့် OnePlus 8 နဲ့ OnePlus 8 Pro တို့မှာလည်း AMOLED Punch Hole Display တွေ ပါလာနိုင်ပါတယ်။ အဲဒီ ဒီဇိုင်းကို ထုတ်မယ့် တခြား စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ သတင်းတော့ မထွက်လာသေးပါဘူး။ လာမယ့်လတွေမှာ ရွေးချယ်စရာတွေ များလာမှာ သေချာပါတယ်။ Vivo က ဒီလ ၁၄ ရက်နေ့မှာ S5 ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

ဒီနှစ် အစောပိုင်းမှာ Vivo S1 နဲ့ S1 Pro ကို ကြေညာခဲ့ပါတယ်။ အဲဒီအတွက် ကုမ္ပဏီက Vivo S5 နဲ့ S5 Pro ကို မိတ်ဆက်မယ်လို့ထင်ပါတယ်။ အနောက်ကင်မရာ ၄ လုံးကို စိန်ပုံသဏ္ဍာန် တပ်ဆင်ထားတာကလွဲပြီး လက်ရှိမှာ Vivo S5 ရဲ့ Specifications တွေကို မသိရသေးပါဘူး။ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်နိုင်ပြီး လာမယ့် ရက်တွေအတွင်းမှာ သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်လာနိုင်ပါတယ်။

Ref : gizmochina