Zawgyi

Vivo ဟာ သူတုိ႔ရဲ႕ S စီးရီး ထုတ္ကုန္သစ္ကို ႏုိဝင္ဘာ ၁၄ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာပါ။ Vivo S5 လုိ႔ အမည္ေပးထားတဲ့ဖုန္းဟာ တရားဝင္ Teaser နဲ႔ ဓါတ္ပုံေတြထြက္ရွိခဲ့သလို Video တစ္ခုထဲမွာေတာင္ ပါဝင္ခဲ့ၿပီးပါၿပီ။ ေနာက္ဆုံးရက္သတၱပတ္ထဲမွာ သူ႕ရဲ႕ Specs ေတြကို တရုတ္ျပည္တြင္း Database ျဖစ္တဲ့ TENAA မွာျမင္ေတြ႕ခဲ့ရေပမယ့္ ယခုအခါ GeekBench ေပၚသုိ႔ပါ ေရာက္ရွိလာခဲ့တာေၾကာင့္ ထပ္မံအတည္ျပဳႏုိင္ခဲ့ပါၿပီ။

Vivo S5 ဟန္းဆက္ဟာ ေမာ္ဒယ္နံပါတ္ V1932A နဲ႔ထြက္ရွိလာၿပီး အတြင္းမွာ Snapdragon 712 ခ်စ္ပ္ဆက္ကို အသုံးျပဳထားပါတယ္။ ဒါ့အျပင္ သူ႕မွာ 8GB RAM နဲ႔အတူ Android 9 Pie ကို ထည့္သြင္းလာမယ္ဆုိတာကိုလည္း Geekbench က အတည္ျပဳေပးခဲ့ပါတယ္။

Vivo S5 ကိုေတာ့ ဓါတ္ပုံရုိက္ကူးျခင္းအသားေပးထားတဲ့ Hardware ေတြနဲ႔ ျမင္ေတြ႕ရမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ TENAA စာရင္းေပၚမွာ S5 ရဲ႕ဗားရွင္းႏွစ္မ်ဳိးကို ေတြ႕ခဲ့ရၿပီး တစ္ခုက ေနာက္ဘက္မွာ ကင္မရာသုံးလုံး (Triple-camera) နဲ႔ျဖစ္ေပမယ့္ ေနာက္တစ္ခုက ေနာက္ကင္မရာခ်ည္းပဲ ငါးလုံးပါဝင္ခဲ့ပါတယ္။ ဖုန္းႏွစ္မ်ဳိးစလုံးမွာ 32MP Selfie ကင္မရာ တပ္ဆင္ထားၿပီး Triple-camera ဗားရွင္းမွာ 48MP + 8MP + 5MP အတြဲနဲ႔ Penta-camera ဗားရွင္းမွာေတာ့ 48MP + 8MP + 5MP + 2MP + 5MP ဆုိၿပီးေဖာ္ျပထားပါတယ္။

စမတ္ဖုန္းေတြမွာ ဗားရွင္းတစ္ခုစီရဲ႕ ေစ်းႏႈန္းကြာျခားမႈအလုိက္ ကင္မရာအလုံးေရပါ လိုက္ကြာျခားတတ္တာမ်ဳိး ရွိခဲ့ေပမယ့္ Vivo S5 ရဲ႕ ကြာျခားမႈကေတာ့ ေတာ္ေတာ္ေလး ေျပာစမွတ္ျဖစ္ေစမွာပါ။ သူ႕မွာ 4,010 mAh ဘကၳရီပါဝင္ၿပီး မ်က္ႏွာျပင္က In-Display Fingerprint ပါဝင္တဲ့ 6.44” လက္မ Full HD+ Display ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Vivo ဟာ သူတို့ရဲ့ S စီးရီး ထုတ်ကုန်သစ်ကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။ Vivo S5 လို့ အမည်ပေးထားတဲ့ဖုန်းဟာ တရားဝင် Teaser နဲ့ ဓါတ်ပုံတွေထွက်ရှိခဲ့သလို Video တစ်ခုထဲမှာတောင် ပါဝင်ခဲ့ပြီးပါပြီ။ နောက်ဆုံးရက်သတ္တပတ်ထဲမှာ သူ့ရဲ့ Specs တွေကို တရုတ်ပြည်တွင်း Database ဖြစ်တဲ့ TENAA မှာမြင်တွေ့ခဲ့ရပေမယ့် ယခုအခါ GeekBench ပေါ်သို့ပါ ရောက်ရှိလာခဲ့တာကြောင့် ထပ်မံအတည်ပြုနိုင်ခဲ့ပါပြီ။

Vivo S5 ဟန်းဆက်ဟာ မော်ဒယ်နံပါတ် V1932A နဲ့ထွက်ရှိလာပြီး အတွင်းမှာ Snapdragon 712 ချစ်ပ်ဆက်ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် သူ့မှာ 8GB RAM နဲ့အတူ Android 9 Pie ကို ထည့်သွင်းလာမယ်ဆိုတာကိုလည်း Geekbench က အတည်ပြုပေးခဲ့ပါတယ်။

Vivo S5 ကိုတော့ ဓါတ်ပုံရိုက်ကူးခြင်းအသားပေးထားတဲ့ Hardware တွေနဲ့ မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ TENAA စာရင်းပေါ်မှာ S5 ရဲ့ဗားရှင်းနှစ်မျိုးကို တွေ့ခဲ့ရပြီး တစ်ခုက နောက်ဘက်မှာ ကင်မရာသုံးလုံး (Triple-camera) နဲ့ဖြစ်ပေမယ့် နောက်တစ်ခုက နောက်ကင်မရာချည်းပဲ ငါးလုံးပါဝင်ခဲ့ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ 32MP Selfie ကင်မရာ တပ်ဆင်ထားပြီး Triple-camera ဗားရှင်းမှာ 48MP + 8MP + 5MP အတွဲနဲ့ Penta-camera ဗားရှင်းမှာတော့ 48MP + 8MP + 5MP + 2MP + 5MP ဆိုပြီးဖော်ပြထားပါတယ်။

စမတ်ဖုန်းတွေမှာ ဗားရှင်းတစ်ခုစီရဲ့ ဈေးနှုန်းကွာခြားမှုအလိုက် ကင်မရာအလုံးရေပါ လိုက်ကွာခြားတတ်တာမျိုး ရှိခဲ့ပေမယ့် Vivo S5 ရဲ့ ကွာခြားမှုကတော့ တော်တော်လေး ပြောစမှတ်ဖြစ်စေမှာပါ။ သူ့မှာ 4,010 mAh ဘက္ထရီပါဝင်ပြီး မျက်နှာပြင်က In-Display Fingerprint ပါဝင်တဲ့ 6.44” လက်မ Full HD+ Display ဖြစ်ပါတယ်။

Ref – GSM Arena