Vivo က ဒီနှစ် အစောပိုင်းမှာ 5G နဲ့ Exynos 980 Chipset ပါတဲ့  S6 ကို ကြေညာခဲ့ပြီး အခုတော့ Pro Version ရဲ့ သတင်းထွက်လာပါတယ်။ ဝီဘိုမှာ ထွက်လာတဲ့ သတင်းအရ အဲဒီဖုန်းမှာ Snapdragon 765G Chipset နဲ့ အနောက်ကင်မရာ ၄ လုံးပါလာမယ်လို့ သိရပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 4,200mAh ဘက်ထရီ ထည့်ထားပါတယ်။

Vivo S6 Pro 5G မှာ DDR4X RAM နဲ့ UFS 2.1 Flash Storage ပါလာမှာ ဖြစ်ပါတယ်။ 60Hz OLED မျက်နှာပြင်ပါမယ့်အတွက် မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားနိုင်ပါတယ်။ ပင်မ ကင်မရာက 64MP Samsung ISOCELL Bright GW1 Sensor ဖြစ်ပြီး 8MP Ultrawide Angle , 2MP Macro , 2MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။

အရှေ့ဘက်မှာ 32MP+8MP ကင်မရာ ၂ လုံး ပါလာပြီး Pop Up ဒီဇိုင်း သုံးထားမလား၊ Vivo S6 မှာလို Notch ထည့်ထားမလားဆိုတာ မသိရသေးပါဘူး။ Vivo S6 Pro 5G ရဲ့ 8/128GB Version ကို ၂,၉၉၈ ယွမ်နဲ့ 8/256GB Version ကို ၃,၂၉၈ ယွမ် သတ်မှတ်ထားမှာ ဖြစ်ပြီး မြန်မာငွေ ၅ သိန်း ၉ သောင်းနဲ့ ၆ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ဒီလကုန်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena