Vivo S7 5G ဟာ ပြီးခဲ့တဲ့ရက်ကပဲ တရားဝင် ပွဲထွက်လာခဲ့ပါတယ်။ Snapdragon 765 Chipset, 64MP အဓိက ကင်မရာ၊ 44MP Selfie ကင်မရာတွေနဲ့ဖြစ်ပြီး 6.44-inch AMOLED မျက်နှာပြင်နဲ့ဖြစ်တဲ့အတွက် တရားဝင်ပွဲမထွက်ခင် ကြိုတင်ပေါက်ကြားသတင်းတွေနဲ့ အကုန်လုံး တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။

Vivo S7 5G ရဲ့ မျက်နှာပြင်ဟာ 1080 x 2400 px resolution ရှိပြီး 98.5% NTSC နဲ့ HDR ထောက်ပံ့ပေးနိုင်ပါတယ်။ Refresh rate ကတော့ 60Hz ပဲ ရှိပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းထားပါတယ်။ Notch ကတော့ မသေးပါဘူး။ ဒါပေမယ့် Notch ထဲမှာ 44MP sensor နဲ့ f/2.0 aperture Autofocus lens ရှိနေပါတယ်။ ဒါကြောင့် 60fps 4K ဗီဒီယိုကို ရိုက်ကူးနိုင်ပြီး ဘေးမှာ တော့ 8MP sensor နဲ့ 105 degree ultra-wide-angle ကင်မရာ ရှိနေပါတယ်။

ကျောဘက်မှာ Video stabilization ထောက်ပံ့ပြီး Super Night modes လုပ်ဆောင်ချက်တွေ ရရှိတဲ့ 64MP အဓိကကင်မရာရှိပါတယ်။ Vivo S7 ဟာ ရှေ့၊ နောက် ကင်မရာတွေနဲ့ (Split-screen) လုပ်ပြီး တပြိုင်နက် ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ ကျောဘက်က အဓိကကင်မရာကို ပံ့ပိုးပေးထားတဲ့ 8MP Ultra-wide ကင်မရာကလည်း Micro cam အဖြစ် သုံးနိုင်ပါသေးတယ်။ နောက်တစ်လုံးကတော့ 2MP depth sensor ပါ။ Zooming ပိုင်းကတော့ Resolution မြင့်တဲ့ အဓိက ကင်မရာပေါ်မှာပဲ မူတည်ပါတယ်။

Snapdragon 765G chipset ကို (LPDDR4X, dual-channel) 8GB RAM နဲ့ တွဲဖက်ထားပါတယ်။ Storage က တော့ 128GB ကစပြီး၊ 256GB လည်းရပါတယ်။ Dual SIM ဖြစ်ပြီး microSD အတွက် နေရာမရှိပါဘူး။ ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး 33W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ 3.5mm headphone jack မပါဝင်ပေမယ့် USB-C headset ကတစ်ဆင့် Hi-Res Audio စနစ်ကို ရယူနိုင်ပါတယ်။

Vivo S7 5G ကို အရောင်သုံးမျိုးနဲ့ရနိုင်ပါတယ်။ Monet ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။ အပြာနဲ့ခရမ်းကို ရောနှောထားတဲ့ Impressionism ခံစားမှုကို ရရှိစေပါတယ်။ 128GB ကတော့ CNY 2,800 (၅သိန်းခွဲဝန်းကျင်) ဖြစ်ပြီး 256GB ကတော့ CNY 3,100 (၆သိန်း စွန်းစွန်း) ဖြစ်ပါတယ်။

Ref: GSMArena