စျေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော vivo Showroom 3.0+ နှင့် Service Center ယှဉ်တွဲပါရှိသည့် ဆိုင်ကြီးကို မော်လမြိုင်မြို့တွင် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။ အခမ်းအနားတွင် vivo Myanmar မှ တာဝန်ရှိလူကြီမင်းများ၊ vivo အရောင်းကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့်အတူ vivo Fans များ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ခြင်းဖြင့် ဆိုင်ကြီးကို ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် အဆိုပါနေ့တွင် ချက်ချင်းဝယ် ချက်ချင်းရ လက်ဆောင်ပစ္စည်းများ၊ vivo ဖုန်း ဝယ်ယူမှသာ ရရှိနိုင်သည့် ကံစမ်းမဲအစီအစဉ်များ၊ 1 Year Warranty အစရှိသည့် Promotion များစွာကို ပြုလုပ်ပေးခဲ့ပါသည်။

vivo သည် မြန်မာစျေးကွက်တွင် အကောင်းဆုံး အဆန်းသစ်ဆုံးနှင့် သုံးစွဲသူဦးတည်သော ထုတ်ကုန်များကို ပေးအပ်ရန် အမြဲကြိုးစားနေပြီး ရောင်းအားကောင်းသော စျေးကွက်နေရာများတွင် ထုတ်ကုန်များ ပိုမို လွယ်လင့်တကူ ရရှိရေးသည် အင်မတန် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ အဆိုပါ အချက်အလက်တွေကြောင့် vivo သည် ရောင်းအားသွက်၍ သုံးစွဲသူအများအပြား ရှိသည့် မော်လမြိုင်မြို့တွင် Service Center ယှဉ်တွဲပါရှိသည့် ဆိုင်ကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် ခြေလှမ်း စတင်လိုက်ပါသည်။

vivo Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni မှ “ကျွန်တော်တို့ vivo အတွက် customers တွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် Customer တွေ တစ်နေရာတည်းမှာပဲ vivo ဖုန်းများကို မ၀ယ်ယူခင်စုံစမ်းမှုပြုလုပ်ခြင်းကနေ စလို့ ၀ယ်ယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖုန်းနဲ့ ဆက်စပ် ပစ္စည်းများရရှိခြင်း အစရှိတဲ့ ၀န်ဆောင်မှုများကို စ လယ် ဆုံး အကောင်းဆုံးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် vivo Showroom 3.0+ နှင့် Service Centre ယှဉ်တွဲပါရှိတဲ့ ဆိုင်ကြီးကို မော်လမြိုင်မြို့မှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Press Release – vivo