[Zawgyi]

Vivo နဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးထြက္လာတဲ့ ေကာလာဟလသတင္းတစ္ခုကေတာ့ Vivo S5 ဟာ Diamond-Shaped Camera ပုံစံမ်ိဳးျပဳလုပ္ထားတယ္ဆိုတာပါပဲ။ ဒီသတင္းက Vivo ရဲ႕ Ambassador နဲ႔ Influencer Cai Xukun ကေနတစ္ဆင့္ ထြက္ေပၚလာတာေၾကာင့္ ေကာလာဟလဆိုတာထက္ ေပါက္ၾကားတဲ့ ပုံစံမ်ိဳး ျဖစ္ေနတာပါ။

Cai Xukun ဟာ Esquire Fine နဲ႔ အင္တာဗ်ဴးမွာ အခုေျပာေနတဲ့ Vivo S5 ကို ကိုင္ထားခဲ့တာ ျဖစ္ပါတယ္။ Kun ကိုင္ထားတဲ့ စမတ္ဖုန္းေက်ာဘက္မွာ ပုံမွန္ျမင္ေနက်မဟုတ္တဲ့ Diamond-Shaped ပုံစံနဲ႔ ကင္မရာေတြကို တပ္ဆင္ထားတာပါ။ ဒီဖုန္းအေၾကာင္းကိုေတာ့ Kun က ဘာမွမေျပာခဲ့ပါဘူး။

ဒါေပမယ့္ တ႐ုတ္ျပည္တြင္း သတင္းရင္းျမစ္ကအခိုင္အမာေျပာလိုက္တာက Kun ကိုင္ထားတဲ့စမတ္ဖုန္းဟာ Vivo S5 ျဖစ္တယ္လို႔ ဆိုတာပါပဲ။ Vivo S line ဆိုရင္ S1 နဲ႔ S1 pro တို႔ရွိေနတာေၾကာင့္ နာမည္နဲ႔ပတ္သက္ၿပီးေတာ့ လြဲမွားေနတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

အင္တာဗ်ဴးဗီဒီယိုမွာ စမတ္ဖုန္းရဲ႕ ကင္မရာပိုင္းကို အကုန္အစင္မျမင္ႏိုင္ေအာင္ ကိုင္တြယ္ထားတဲ့ပုံစံကလည္း ရည္႐ြယ္ခ်က္ရွိရွိ ျပဳလုပ္ထားတယ္လို႔ ယူဆစရာ ျဖစ္ပါတယ္။ အခ်ိဳ႕ေတြကေတာ့ ဒါဟာ စမတ္ဖုန္းအစစ္အမွန္မဟုတ္ဘဲ ပုံစံတူဖုန္းတုသာ ျဖစ္လိမ့္မယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။

ဒါေပမယ့္ Kun ကိုင္ထားတာဟာ စမတ္ဖုန္းအစစ္အမွန္ျဖစ္ဖို႔ ပိုမ်ားေနၿပီး Vivo ကပဲ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ အစဆြဲထုတ္ျပထားတာလို႔လည္း ယူဆရပါတယ္။ ဒါေၾကာင့္ Vivo S5 နဲ႔ ပတ္သက္တဲ့ သတင္းေတြကို ဆက္လက္ေစာင့္ၾကည့္ဖို႔ပဲ ရွိပါေတာ့တယ္။

Ref: GSM Arena

[Unicode]

Vivo S5 က တကယ်ပဲ Diamond-Shaped Camera နဲ့ထွက်လာမှာလား

Vivo နဲ့ ပတ်သက်ပြီး နောက်ဆုံးထွက်လာတဲ့ ကောလာဟလသတင်းတစ်ခုကတော့ Vivo S5 ဟာ Diamond-Shaped Camera ပုံစံမျိုးပြုလုပ်ထားတယ်ဆိုတာပါပဲ။ ဒီသတင်းက Vivo ရဲ့ Ambassador နဲ့ Influencer Cai Xukun ကနေတစ်ဆင့် ထွက်ပေါ်လာတာကြောင့် ကောလာဟလဆိုတာထက် ပေါက်ကြားတဲ့ ပုံစံမျိုး ဖြစ်နေတာပါ။

Cai Xukun ဟာ Esquire Fine နဲ့ အင်တာဗျူးမှာ အခုပြောနေတဲ့ Vivo S5 ကို ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။ Kun ကိုင်ထားတဲ့ စမတ်ဖုန်းကျောဘက်မှာ ပုံမှန်မြင်နေကျမဟုတ်တဲ့ Diamond-Shaped ပုံစံနဲ့ ကင်မရာတွေကို တပ်ဆင်ထားတာပါ။ ဒီဖုန်းအကြောင်းကိုတော့ Kun က ဘာမှမပြောခဲ့ပါဘူး။

ဒါပေမယ့် တရုတ်ပြည်တွင်း သတင်းရင်းမြစ်ကအခိုင်အမာပြောလိုက်တာက Kun ကိုင်ထားတဲ့စမတ်ဖုန်းဟာ Vivo S5 ဖြစ်တယ်လို့ ဆိုတာပါပဲ။ Vivo S line ဆိုရင် S1 နဲ့ S1 pro တို့ရှိနေတာကြောင့် နာမည်နဲ့ပတ်သက်ပြီးတော့ လွဲမှားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အင်တာဗျူးဗီဒီယိုမှာ စမတ်ဖုန်းရဲ့ ကင်မရာပိုင်းကို အကုန်အစင်မမြင်နိုင်အောင် ကိုင်တွယ်ထားတဲ့ပုံစံကလည်း ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။ အချို့တွေကတော့ ဒါဟာ စမတ်ဖုန်းအစစ်အမှန်မဟုတ်ဘဲ ပုံစံတူဖုန်းတုသာ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးကြပါတယ်။

ဒါပေမယ့် Kun ကိုင်ထားတာဟာ စမတ်ဖုန်းအစစ်အမှန်ဖြစ်ဖို့ ပိုများနေပြီး Vivo ကပဲ ရည်ရွယ်ချက်ရှိရှိနဲ့ အစဆွဲထုတ်ပြထားတာလို့လည်း ယူဆရပါတယ်။ ဒါကြောင့် Vivo S5 နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆက်လက်စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။

Ref: GSM Arena