[Zawgyi]

Vivo မွ 5G ေခတ္သစ္တြင္ ပိုမိုသာလြန္ေသာ မိုဘိုင္းဖုန္း နည္းပညာကို ယူေဆာင္ေပးႏိုင္ရန္ ၎၏ မဟာဗ်ဴဟာသစ္ အစိတ္အပိုင္းတစ္ခုအေနျဖင့္ ေနာက္ဆုံးေပၚ နည္းပညာသစ္အား ၂၀၁၉ ခုႏွစ္၊ ရွန္ဟိုင္းၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ Mobile World Congress (MWC) Shanghai 2019 တြင္ မိတ္ဆက္ေၾကညာခဲ့သည္။ ယခုႏွစ္တြင္ MWC ၏ ေဆာင္ပုဒ္ျဖစ္ေသာ “စြမ္းရည္ျမင့္မားသည့္ ဆက္သြယ္မႈ” ႏွင့္အညီ Vivo မွ 5G ရရွိေသာ စမတ္ပစၥည္းမ်ားႏွင့္ အက္ပလီေကးရွင္းမ်ားအား မိတ္ဆက္ျပသခဲ့သည့္အျပင္ နည္းပညာသစ္ ထိုးေဖာက္တီထြင္မႈႏွင့္ အနာဂတ္ မိုဘိုင္းဖုန္း အေတြ႕အႀကဳံမ်ိဳးဆက္ကို ျမႇင့္တင္ေပးရန္ ၎၏ ကတိကဝတ္ကို လက္ေတြ႕ထင္ရွားေစခဲ့သည္။

စမတ္ပစၥည္းမ်ားၾကား သာလြန္ၿပီး စြဲၿငိဖြယ္ရာ အေတြ႕အႀကဳံအတြက္ မဟာဗ်ဴဟာအသစ္ ဖန္တီးျခင္း

၂၀၁၉ ခုႏွစ္ ရွန္ဟိုင္းၿမိဳ႕ ၌ က်င္းပျပဳလုပ္ခဲ့ေသာ MWC Shanghai 2019 တြင္ 5G ေခတ္သစ္အတြက္ Vivo မွ စမတ္ပစၥည္းမ်ားႏွင့္ အက္ပလီေကးရွင္းမ်ားၾကား ၎၏ နည္းပညာသစ္ကို အရွိန္ျမႇင့္တင္ရန္ မဟာဗ်ဴဟာအသစ္ကို မိတ္ဆက္ေၾကညာခဲ့သည္။

5G ရရွိသည့္ စမတ္ဖုန္းမ်ားကို အေျခခံၿပီး Vivo မွ AR Glasses ၊ စမတ္နာရီမ်ား ၊ စမတ္နားၾကပ္မ်ားႏွင့္ အျခားပစၥည္းမ်ား ပါဝင္ေသာ 5G ပစၥည္းမ်ား မိတ္ဆက္ေပးႏိုင္မႈကို ခ်ဲ႕ထြင္ႏိုင္ရန္ ၎၏ မဟာဗ်ဴဟာကို မိတ္ဆက္ခဲ့သည္။ Vivo သည္ စမတ္ပစၥည္းအမ်ိဳးမ်ိဳး၊ အက္ပလီေကးရွင္းအမ်ိဳးမ်ိဳးႏွင့္ ခ်ည္းကပ္မႈနည္းစနစ္ အမ်ိဳးမ်ိဳးတို႔ကို ၎၏ တိုးတက္မႈအျဖစ္ ေ႐ြးခ်ယ္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဒစ္ဂ်စ္တယ္ႏွင့္ လက္ေတြ႕ကမာၻကို ဆက္သြယ္ေပးျခင္းျဖင့္ သုံးစြဲသူမ်ား၏ လိုအပ္ခ်က္မ်ားကို ကူညီပံ့ပိုးေပးသြားမည္ ျဖစ္ပါသည္။ ထို႔အျပင္ Vivo 5G ပစၥည္းမ်ားအားလုံးတြင္ ဘက္စုံ ျပည့္စုံသာလြန္ေသာ အသုံးျပဳမႈ အေတြ႕အႀကဳံကို ေထာက္ပံ့ေပးသြားမည္ ျဖစ္ပါသည္။

“Vivo ရဲ႕ ရည္႐ြယ္ခ်က္အတိုင္း အသုံးျပဳသူေတြကို အေကာင္းဆုံး အသုံးျပဳမႈ အေတြ႕အႀကဳံကို ေပးစြမ္းႏိုင္ဖို႔ စမတ္ပစၥည္းေတြနဲ႔ စမတ္ဝန္ေဆာင္မႈေတြ စတဲ့ အၿမဲဆန္းသစ္တဲ့ ထုတ္ကုန္ေတြကို တီထြင္သြားမွာျဖစ္ၿပီး ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ ပင္မလုပ္ငန္း ရည္႐ြယ္ခ်က္ပဲျဖစ္ပါတယ္။ အခုမိတ္ဆက္လိုက္တဲ့ နည္းပညာအသစ္နဲ႔ တီထြင္မႈအသစ္ကတစ္ဆင့္ ျပည္သူေတြရဲ႕ ဘဝေနထိုင္မႈ ျမင့္မားေစျခင္းနဲ႔ လူ႔ပတ္ဝန္းက်င္တစ္ခုလုံးကို ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ရရွိေစမယ္လို႔ ကြၽန္ေတာ္တို႔အေနနဲ႔ ေမွ်ာ္လင့္ပါတယ္။” ဟု Vivo ရဲ႕ Senior Vice President ဖစ္သူ Spark Ni က ေျပာၾကားခဲ့ပါသည္။

Vivo ၏ ပထမဆုံး 5G စမတ္ဖုန္းကို ၂၀၁၉ ခုႏွစ္၊ ပထမ ၃ လပတ္တြင္ ဝယ္ယူရရွိႏိုင္ျခင္း

Vivo NEX 5G စမတ္ဖုန္းကို အေစာပိုင္းတြင္ ႀကိဳတင္မိတ္ဆက္ခဲ့ၿပီးေနာက္ Vivo မွ ေနာက္ထပ္ 5G စမတ္ဖုန္း တီထြင္ႏိုင္ျခင္း ေအာင္ျမင္မႈမွတ္တိုင္သို႔ ေရာက္ရွိႏိုင္ခဲ့ပါသည္။ MWC Shanghai တြင္ Vivo မွ ၂၀၁၉ ခုႏွစ္ ပထမ ၃ လပတ္တြင္ တရားဝင္ ဝယ္ယူရရွိႏိုင္မည့္ ၎၏ 5G စမတ္ဖုန္းအသစ္ကို ျပသခဲ့သည္။

5G ကြန္ယက္ႏွင့္ 5G စမတ္ဖုန္းကို အေျခခံၿပီး 5G အက္ပလီေကးရွင္း အမ်ိဳးမ်ိဳးျဖစ္ေသာ 5G Cloud Game ၊ 5G Screen Mirroring ႏွင့္ 5G EashyShare တို႔အျပင္ စမတ္နည္းပညာအမ်ိဳးမ်ိဳးကိုလည္း Vivo မွ မိတ္ဆက္ျပသခဲ့သည္။

ဥပမာအေနျဖင့္ MWC တြင္ လက္ေတြ႕ျပသခဲ့ေသာ 5G Cloud Game သည္ စမတ္ဖုန္းေပၚတြင္ အလိုအေလ်ာက္ ကစားႏိုင္မည္ မဟုတ္ေသာ္လည္း 5G ကြန္ယက္ cloud ေပၚတြင္ 5G ၏ ultra-high speed ႏွင့္ ultra-low latency တို႔ကို ရရွိႏိုင္မည္ ျဖစ္သည္။ ထို႔အျပင္ cloud မွ မိုဘိုင္းဖုန္းသို႔ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး ဝန္ေဆာင္မႈမ်ား၊ ဗြီဒီယိုမ်ားႏွင့္ သီခ်င္းမ်ားလည္း တစ္ခ်ိန္တည္းတြင္ ၾကည့္ရႈနားဆင္ႏိုင္မည္ ျဖစ္သည္။ ထိုသို႔ မိုဘိုင္းဖုန္းမွ cloud ကို နည္းစနစ္လုပ္ေဆာင္မႈ ေျပာင္းလဲလုပ္ေဆာင္ျခင္းအားျဖင့္ အသုံးျပဳသူမ်ားသည္ high-definition ပုံရိပ္ အရည္အေသြးႏွင့္ low-latency ဂိမ္းအေတြ႕အႀကဳံကို ရရွိခံစားႏိုင္မည္ ျဖစ္ပါသည္။ ယခုေမာ္ဒယ္သည္ 5G Screen Mirroring ႏွင့္ 5G EasyShare ကိုလည္း လုပ္ေဆာင္ႏိုင္ပါသည္။

ထို႔ေၾကာင့္ အသုံးျပဳသူမ်ားသည္ 5G ဝန္ေဆာင္မႈမ်ားတြင္ အျခား အက္ပလီေကးရွင္းမ်ားကို ေဒါင္းလုဒ္ လုပ္ရန္ မလိုအပ္ေတာ့ပါ။

Vivo AR Glass: 5G ေခတ္သစ္တြင္ AR ၏ တုံ႔ျပန္မႈနည္းပညာသစ္ကို ႀကိဳဆိုျခင္း

Vivo သည္ ၂၀၁၉ ခုႏွစ္၊ ရွန္ဟိုင္းၿမိဳ႕တြင္ က်င္းပျပဳလုပ္ေသာ MWC Shanghai တြင္ dual-screen display ႏွင့္ 6DoF နည္းပညာ ရရွိႏိုင္ေသာ ၎၏ ပထမဆုံး Vivo AR Glass ကို မိတ္ဆက္ျပသခဲ့သည္။ အသုံးျပဳသူမ်ားသည္ 5G စမတ္ဖုန္းမ်ားႏွင့္ ခ်ိတ္ဆက္ၿပီးေနာက္ mobile office ၊ AR games ၊ 3D high-definition video ၊ facial recognition ႏွင့္ object recognition စသည့္ အျခားအက္ပလီေကးရွင္းမ်ားကိုလည္း Vivo AR Glass ေပၚတြင္ အသုံးျပဳ ရရွိႏိုင္သည္။

Vivo AR Glass မွ အေၾကာင္းအရာကို ခန႔္မွန္းၿပီးသည္ႏွင့္ 5G စမတ္ဖုန္းသည္ အသုံးျပဳသူမ်ားကို အက္ပလီေကးရွင္း ေ႐ြးခ်ယ္ျခင္းႏွင့္ ပိတ္ျခင္း၊ ဖြင့္ျခင္းမ်ား ရရွိရန္ ထိန္းခ်ဳပ္ေပးသည္။ ဥပမာအေနျဖင့္ ဂိမ္းေဆာ့ေနစဥ္ စမတ္ဖုန္းသည္ အဓိက ဂိမ္းေဆာ့ႏိုင္ရန္ Game Console အေနျဖင့္ လုပ္ေဆာင္ေပးသြားမည္ျဖစ္ၿပီး mobile office setting တြင္ စမတ္ဖုန္းသည္ ကီးဘုတ္အျဖစ္သို႔ ေျပာင္းလဲသြားမည္ျဖစ္သည္။ လက္ရွိတြင္ Vivo AR Glass မွ ေထာက္ပံ့ေပးေနသည့္ အက္ပလီေကးရွင္း ၅ မ်ိဳးမွာ – mobile game, mobile office, 5G theatre, facial recognition ႏွင့္ object recognition တို႔ ျဖစ္သည္။

Industry – Vivo Super FlashCharge 120W မွ 50% အားျပည့္ရန္ အခ်ိန္ ၅ မိနစ္သာ အားသြင္းရျခင္း

မိုဘိုင္းဖုန္းနယ္ပယ္၌ 120W ultra-high power charging ကို ေပးစြမ္းႏိုင္သည့္ Vivo Super FalshCharge 120W သည္ MWC Shanghai တြင္ ျပသခဲ့ေသာ ေနာက္ထပ္ ထိုးေဖာက္ဆန္းသစ္တီထြင္မႈ အသစ္ျဖစ္ပါသည္။ The Super FlashCharge 120W သည္ အထူးပုံေဖာ္ထားေသာ အားသြင္းႀကိဳး Type-C ႏွင့္ travel Charger ၊ 120W ultra-high power charging (20V/6A) ျဖင့္ ျပဳလုပ္ထားသည့္ အားသြင္းနည္းပညာစနစ္အသစ္ ျဖစ္ပါသည္။ သုေသသနအခန္းတြင္ စမ္းသပ္ထားသည့္ အခ်က္အလက္မ်ားအရ Vivo Super FlashCharge 120W သည္ 4,000mAh ဘက္ထရီ ပါရွိၿပီး 0 မွ 50% အားျပည့္ရန္ အခ်ိန္ ၅ မိနစ္သာၾကာၿပီး အားအျပည့္ကို ၁၃ မိနစ္အတြင္း သြင္းႏိုင္ပါသည္။ ထိုသို႔ ထိုးေဖာက္ဆန္းသစ္တီထြင္မႈ နည္းပညာသည္ အသုံးျပဳသူမ်ား၏ စမတ္ဖုန္းမ်ားကို အျမန္ဆုံးအားျဖည့္သြင္းႏိုင္ၿပီး စမတ္ဖုန္းမ်ားျဖင့္ စမတ္က်က် အျပည့္အဝ ေနထိုင္ႏိုင္ေစမည္ ျဖစ္ပါသည္။

[Unicode]

Mobile World Congress Shanghai 2019 တွင် Vivo မှ 5G နည်းပညာသစ်၊ Vivo AR Glass နှင့် Super FlashCharge 120W အား မိတ်ဆက်

Vivo မှ 5G ခေတ်သစ်တွင် ပိုမိုသာလွန်သော မိုဘိုင်းဖုန်း နည်းပညာကို ယူဆောင်ပေးနိုင်ရန် ၎င်း၏ မဟာဗျူဟာသစ် အစိတ်အပိုင်းတစ်ခုအနေဖြင့် နောက်ဆုံးပေါ် နည်းပညာသစ်အား ၂၀၁၉ ခုနှစ်၊ ရှန်ဟိုင်းမြို့တွင် ပြုလုပ်ခဲ့သော Mobile World Congress (MWC) Shanghai 2019 တွင် မိတ်ဆက်ကြေညာခဲ့သည်။ ယခုနှစ်တွင် MWC ၏ ဆောင်ပုဒ်ဖြစ်သော “စွမ်းရည်မြင့်မားသည့် ဆက်သွယ်မှု” နှင့်အညီ Vivo မှ 5G ရရှိသော စမတ်ပစ္စည်းများနှင့် အက်ပလီကေးရှင်းများအား မိတ်ဆက်ပြသခဲ့သည့်အပြင် နည်းပညာသစ် ထိုးဖောက်တီထွင်မှုနှင့် အနာဂတ် မိုဘိုင်းဖုန်း အတွေ့အကြုံမျိုးဆက်ကို မြှင့်တင်ပေးရန် ၎င်း၏ ကတိကဝတ်ကို လက်တွေ့ထင်ရှားစေခဲ့သည်။

စမတ်ပစ္စည်းများကြား သာလွန်ပြီး စွဲငြိဖွယ်ရာ အတွေ့အကြုံအတွက် မဟာဗျူဟာအသစ် ဖန်တီးခြင်း

၂၀၁၉ ခုနှစ် ရှန်ဟိုင်းမြို့ ၌ ကျင်းပပြုလုပ်ခဲ့သော MWC Shanghai 2019 တွင် 5G ခေတ်သစ်အတွက် Vivo မှ စမတ်ပစ္စည်းများနှင့် အက်ပလီကေးရှင်းများကြား ၎င်း၏ နည်းပညာသစ်ကို အရှိန်မြှင့်တင်ရန် မဟာဗျူဟာအသစ်ကို မိတ်ဆက်ကြေညာခဲ့သည်။

5G ရရှိသည့် စမတ်ဖုန်းများကို အခြေခံပြီး Vivo မှ AR Glasses ၊ စမတ်နာရီများ ၊ စမတ်နားကြပ်များနှင့် အခြားပစ္စည်းများ ပါဝင်သော 5G ပစ္စည်းများ မိတ်ဆက်ပေးနိုင်မှုကို ချဲ့ထွင်နိုင်ရန် ၎င်း၏ မဟာဗျူဟာကို မိတ်ဆက်ခဲ့သည်။ Vivo သည် စမတ်ပစ္စည်းအမျိုးမျိုး၊ အက်ပလီကေးရှင်းအမျိုးမျိုးနှင့် ချည်းကပ်မှုနည်းစနစ် အမျိုးမျိုးတို့ကို ၎င်း၏ တိုးတက်မှုအဖြစ် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နှင့် လက်တွေ့ကမ္ဘာကို ဆက်သွယ်ပေးခြင်းဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် Vivo 5G ပစ္စည်းများအားလုံးတွင် ဘက်စုံ ပြည့်စုံသာလွန်သော အသုံးပြုမှု အတွေ့အကြုံကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

“Vivo ရဲ့ ရည်ရွယ်ချက်အတိုင်း အသုံးပြုသူတွေကို အကောင်းဆုံး အသုံးပြုမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ စမတ်ပစ္စည်းတွေနဲ့ စမတ်ဝန်ဆောင်မှုတွေ စတဲ့ အမြဲဆန်းသစ်တဲ့ ထုတ်ကုန်တွေကို တီထွင်သွားမှာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ပင်မလုပ်ငန်း ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ နည်းပညာအသစ်နဲ့ တီထွင်မှုအသစ်ကတစ်ဆင့် ပြည်သူတွေရဲ့ ဘဝနေထိုင်မှု မြင့်မားစေခြင်းနဲ့ လူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရရှိစေမယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။” ဟု Vivo ရဲ့ Senior Vice President ဖစ်သူ Spark Ni က ပြောကြားခဲ့ပါသည်။

Vivo ၏ ပထမဆုံး 5G စမတ်ဖုန်းကို ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်တွင် ဝယ်ယူရရှိနိုင်ခြင်း

Vivo NEX 5G စမတ်ဖုန်းကို အစောပိုင်းတွင် ကြိုတင်မိတ်ဆက်ခဲ့ပြီးနောက် Vivo မှ နောက်ထပ် 5G စမတ်ဖုန်း တီထွင်နိုင်ခြင်း အောင်မြင်မှုမှတ်တိုင်သို့ ရောက်ရှိနိုင်ခဲ့ပါသည်။ MWC Shanghai တွင် Vivo မှ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်တွင် တရားဝင် ဝယ်ယူရရှိနိုင်မည့် ၎င်း၏ 5G စမတ်ဖုန်းအသစ်ကို ပြသခဲ့သည်။

5G ကွန်ယက်နှင့် 5G စမတ်ဖုန်းကို အခြေခံပြီး 5G အက်ပလီကေးရှင်း အမျိုးမျိုးဖြစ်သော 5G Cloud Game ၊ 5G Screen Mirroring နှင့် 5G EashyShare တို့အပြင် စမတ်နည်းပညာအမျိုးမျိုးကိုလည်း Vivo မှ မိတ်ဆက်ပြသခဲ့သည်။

ဥပမာအနေဖြင့် MWC တွင် လက်တွေ့ပြသခဲ့သော 5G Cloud Game သည် စမတ်ဖုန်းပေါ်တွင် အလိုအလျောက် ကစားနိုင်မည် မဟုတ်သော်လည်း 5G ကွန်ယက် cloud ပေါ်တွင် 5G ၏ ultra-high speed နှင့် ultra-low latency တို့ကို ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် cloud မှ မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ချိတ်ဆက်ပြီး ဝန်ဆောင်မှုများ၊ ဗွီဒီယိုများနှင့် သီချင်းများလည်း တစ်ချိန်တည်းတွင် ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။ ထိုသို့ မိုဘိုင်းဖုန်းမှ cloud ကို နည်းစနစ်လုပ်ဆောင်မှု ပြောင်းလဲလုပ်ဆောင်ခြင်းအားဖြင့် အသုံးပြုသူများသည် high-definition ပုံရိပ် အရည်အသွေးနှင့် low-latency ဂိမ်းအတွေ့အကြုံကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ ယခုမော်ဒယ်သည် 5G Screen Mirroring နှင့် 5G EasyShare ကိုလည်း လုပ်ဆောင်နိုင်ပါသည်။

ထို့ကြောင့် အသုံးပြုသူများသည် 5G ဝန်ဆောင်မှုများတွင် အခြား အက်ပလီကေးရှင်းများကို ဒေါင်းလုဒ် လုပ်ရန် မလိုအပ်တော့ပါ။

Vivo AR Glass: 5G ခေတ်သစ်တွင် AR ၏ တုံ့ပြန်မှုနည်းပညာသစ်ကို ကြိုဆိုခြင်း

Vivo သည် ၂၀၁၉ ခုနှစ်၊ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်သော MWC Shanghai တွင် dual-screen display နှင့် 6DoF နည်းပညာ ရရှိနိုင်သော ၎င်း၏ ပထမဆုံး Vivo AR Glass ကို မိတ်ဆက်ပြသခဲ့သည်။ အသုံးပြုသူများသည် 5G စမတ်ဖုန်းများနှင့် ချိတ်ဆက်ပြီးနောက် mobile office ၊ AR games ၊ 3D high-definition video ၊ facial recognition နှင့် object recognition စသည့် အခြားအက်ပလီကေးရှင်းများကိုလည်း Vivo AR Glass ပေါ်တွင် အသုံးပြု ရရှိနိုင်သည်။

Vivo AR Glass မှ အကြောင်းအရာကို ခန့်မှန်းပြီးသည်နှင့် 5G စမတ်ဖုန်းသည် အသုံးပြုသူများကို အက်ပလီကေးရှင်း ရွေးချယ်ခြင်းနှင့် ပိတ်ခြင်း၊ ဖွင့်ခြင်းများ ရရှိရန် ထိန်းချုပ်ပေးသည်။ ဥပမာအနေဖြင့် ဂိမ်းဆော့နေစဉ် စမတ်ဖုန်းသည် အဓိက ဂိမ်းဆော့နိုင်ရန် Game Console အနေဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး mobile office setting တွင် စမတ်ဖုန်းသည် ကီးဘုတ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ လက်ရှိတွင် Vivo AR Glass မှ ထောက်ပံ့ပေးနေသည့် အက်ပလီကေးရှင်း ၅ မျိုးမှာ – mobile game, mobile office, 5G theatre, facial recognition နှင့် object recognition တို့ ဖြစ်သည်။

Industry – Vivo Super FlashCharge 120W မှ 50% အားပြည့်ရန် အချိန် ၅ မိနစ်သာ အားသွင်းရခြင်း

မိုဘိုင်းဖုန်းနယ်ပယ်၌ 120W ultra-high power charging ကို ပေးစွမ်းနိုင်သည့် Vivo Super FalshCharge 120W သည် MWC Shanghai တွင် ပြသခဲ့သော နောက်ထပ် ထိုးဖောက်ဆန်းသစ်တီထွင်မှု အသစ်ဖြစ်ပါသည်။ The Super FlashCharge 120W သည် အထူးပုံဖော်ထားသော အားသွင်းကြိုး Type-C နှင့် travel Charger ၊ 120W ultra-high power charging (20V/6A) ဖြင့် ပြုလုပ်ထားသည့် အားသွင်းနည်းပညာစနစ်အသစ် ဖြစ်ပါသည်။ သုသေသနအခန်းတွင် စမ်းသပ်ထားသည့် အချက်အလက်များအရ Vivo Super FlashCharge 120W သည် 4,000mAh ဘက်ထရီ ပါရှိပြီး 0 မှ 50% အားပြည့်ရန် အချိန် ၅ မိနစ်သာကြာပြီး အားအပြည့်ကို ၁၃ မိနစ်အတွင်း သွင်းနိုင်ပါသည်။ ထိုသို့ ထိုးဖောက်ဆန်းသစ်တီထွင်မှု နည်းပညာသည် အသုံးပြုသူများ၏ စမတ်ဖုန်းများကို အမြန်ဆုံးအားဖြည့်သွင်းနိုင်ပြီး စမတ်ဖုန်းများဖြင့် စမတ်ကျကျ အပြည့်အဝ နေထိုင်နိုင်စေမည် ဖြစ်ပါသည်။