Vivo ဟာ T2 ကို မိတ်ဆက်ဖို့ ပြဿနာ တချို့ ရှိနေပုံရပြီး မိတ်ဆက်ပွဲကို ဒုတိယအကြိမ်မြောက် နောက်ဆုတ်လိုက်ပြန်ပါပြီ။ ဒီလို နောက်ဆုတ်ရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Vivo ဟာ မူလက အဲဒီ ဖုန်းကို မေလ ၂၃ ရက်နေ့ကြေညာဖို့ ရည်ရွယ်ထားပြီး အဲဒီနောက်မှာ ဇွန်လ ၆ ရက်နေ့ကို နောက်ဆုတ်ခဲ့ပါတယ်။ အခုတော့ ဝီဘိုက ပို့စ်အရ ဒုတိယအကြိမ် ရက်အကန့်အသတ် မရှိနောက်ဆုတ်လိုက်ပါတယ်။
Vivo ဟာ T2 မိတ်ဆက်ဖို့ ဘာကြောင့် နောက်ဆုတ်နေရသလဲဆိုတာ စဉ်းစားလို့ မရပါဘူး။ အထူးသဖြင့် T2 ဟာ ဖုန်း အသစ် မဟုတ်ဘဲ မေလ အစောပိုင်းက ကြေညာခဲ့တဲ့ Snapdragon 870 သုံးထားတဲ့ iQOO Neo6 SE ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ T2 ရဲ့ Specs Sheet ပြီးခဲ့တဲ့လက ပေါက်ကြားခဲ့ပြီး ဒီအချက်ကို အတည်ပြုထားနိုင်ပါပြီ။
T2 ရဲ့ Specs အကြောင်းပြောရရင် ၆.၆၂ လက်မ FullHD+, 120Hz, HDR10+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး အလယ်က Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။ OIS ထောက်ပံ့တဲ့ 64MP Main , 8MP Ultrawide နဲ့ 2MP ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး ဘက်ထရီက 4,700mAh ဖြစ်ပါတယ်။ Snapdragon 870 5G Chipset မောင်းနှင်ထားပြီး RAM/ Storage Option ၂ မျိုး ထုတ်လုပ်ထားမှာဖြစ်ကာ အရောင် ၂ မျိုး ထွက်လာမှာပါ။
Vivo ရဲ့ တရားဝင် မိတ်ဆက်ပွဲနေ့ဟာ ဘယ်အချိန် ဖြစ်မလဲဆိုတာ မသိရသေးပေမယ့် T2 ရဲ့ ဈေးနှုန်းကိုပဲ သိဖို့လိုပါတော့တယ်။
Ref : gsmarena