vivo T2x ဟာ လာမဲ့ဇွန်လ ၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီကလည်း vivo T2x ရဲ့ အဓိက Spec အတော်များများအကြောင်းကို ထုတ်ဖော်ပြသထားပြီးဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း vivo T2x နဲ့ပတ်သက်ပြီး အကုန်အစင်မသိရသေးဘဲ သိစရာတွေ ကျန်နေသေးတာ ဖြစ်ပါတယ်။

ပွဲမထွက်လာခင် ထပ်ပြီးသိရတာကတော့ vivo T2x ဟာ Dimensity 1300 chipset မောင်းနှင်ထားတဲ့အပြင် ဘက်ထရီပိုင်းမှာလည်း ကြီးမားတဲ့ပမာဏ ထောက်ပံ့ပေးထားတယ်ဆိုတာပါပဲ။ နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station က SoC အကြောင်းကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အခြား Key specs အချို့ကိုလည်း သူ့ရဲ့ Weibo page မှာ ဖော်ပြခဲ့ပါသေးတယ်။

အခုအချိန်ထိ တွေ့မြင်ရသလောက်တော့ vivo T2x ဟာ iQOO Z5 အသစ်နဲ့ ဆင်တူနေတာပါ။ vivo T2x ဟာ 5.58-inch LCD မျက်နှာဖြစ်နဲ့ဖြစ်ပြီး Punch Hole ထဲမှာတော့ 16MP selfie ကင်မရာတစ်လုံး တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 50MP အဓိကကင်မရာနဲ့ 2MP sensor ကို တွဲဖက်ထားတာ တွေ့ရပါတယ်။

ဘက်ထရီပမာဏက 6,000mAh ဖြစ်ပြီး အမြန်အားသွင်းနိုင်ဖို့ 44W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဘေးဘက်က အဖွင့်အပိတ်ခလုတ်မှာ Fingerprint scanner ထည့်သွင်းထားပြီး ဖုန်းဟာ 9.2mm အထူဖြစ်ပါတယ်။ အလေးချိန်ကတော့ 200 grams ကျော် ဖြစ်ပါတယ်။

ကိုယ်ထည်ကတော့ ယခင် vivo T1x ထက် ပိုပြီးတော့ သေးငယ်တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ Chipset အသစ်က ပိုပြီးကောင်းမွန်တဲ့ ပါဝါစီမံခန့်ခွဲမှုနဲ့ ပိုပြီးမြန်ဆန်တဲ့ Image processing ကို ဆောင်ယူလာမှာဖြစ်ပါတယ်။

Ref: GSM Arena