vivo ဟာ စမတ်ဖုန်း နယ်ပယ်မှာ ဖီဖာ ကမ္ဘာ့ဖလား ၂၀၂၂ ရဲ့ ၁ ခုထဲသော တရားဝင် စပွန်ဆာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့က ကာတာမှာ စတင် ကျင်းပတဲ့ ကမ္ဘာ့ဖလားအတွက် vivo က “Give it a Shot” Campaign ကို ပြုလုပ်ပေးလိုက်ပါတယ်။

Vivo FIFA World Cup 2022 sponsor

Campaign ကို  ၂ ပိုင်းခွဲထားပြီး Online/ Offline ဘောလုံး စိန်ခေါ်ပွဲတွေမှာ ပါဝင် ကစားရမှာပါ။ Campaign မှာ ပါဝင်သူတွေဟာ ဖီဖာ ကမ္ဘာ့ဖလားနဲ့ vivo ရဲ့ လက်ဆောင်တွေကို ရရှိနိုင်ပါတယ်။

ပထမ အပိုင်းဟာ ဒီလ ၁၆ ရက်နေ့မှာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ပါဝင်သူ ၁၀ ယောက်ဟာ vivo ဖုန်းနဲ့ တရားဝင် ဖီဖာ ဘောလုံးကို ရရှိကြမှာ ဖြစ်ပါတယ်။ ပထမ အပိုင်းမှာ ပါဝင်သူတွေဟာ ဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို အင်စတာဂရမ် အကောင့်မှာ #VivoGiveitaShot Hashtag နဲ့ တင်ရပါတယ်။

ဒုတိယ အပိုင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ကျင်းပမှာပါ။ ပါဝင်သူတွေဟာ အထူးထုတ် vivo Filter တွေကို သုံးကာ အမှတ်တရ ပုံရိပ်တွေကို တူညီတဲ့ Hashtag နဲ့ Facebook, TikTok , အင်စတာဂရမ်မှာ တင်ရမှာပါ။

vivo က ဒီဇင်ဘာလ ၁၅ ရက်ကနေ ၁၈ ရက်အတွင်း “#vAreHereToShare” Hashtag နဲ့ နောက်ထပ် Campaign ၁ ခုကို ပြုလုပ်မှာ ဖြစ်ပြီး ကမ္ဘာ့ဖလားရဲ့ နောက်ဆုံးပွဲစဉ်တွေ ဖြစ်တဲ့ Semi Final နဲ့ Final ကို လူသိများအောင် ပြုလုပ်တာပါ။

Ref : gizmochina