vivo သည် ဥရောပဈေးကွက်မှ သုံးစွဲသူများရရှိလာစေရန် တိုးချဲ့ဆောင်ရွက်

vivo မှ UEFA ဥရောပချန်ပီယံဖလားအတွက် မိတ်ဖက်အဖြစ်ပါဝင်မည်ဟု တရားဝင်ကြေညာ

vivo သည် ၎င်း၏ သုံးစွဲသူအင်အားကို ဥရောပဈေးကွက်အထိပါတိုးချဲ့ရန် လုပ်ဆောင်လျက်ရှိသည်။ ယနေ့ပြုလုပ်သည့် အွန်လိုင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ကုမ္ပဏီအနေနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန် နှင့် အင်္ဂလန် စသည့် နိုင်ငံ (၆) နိုင်ငံသို့ တရားဝင်ဝင်ရောက်လာပြီဖြစ်သည်။ အသုံးပြုသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို နားလည် သဘောပေါက်နိုင်ရန် ရည်မှန်းချက်ဖြင့် ဥရောပတစ်လွှားရှိ လူပေါင်း ၉,၀၀၀ နှင့် သုတေသနများပြုလုပ်ခြင်း၊ တွေ့ဆုံမေးမြန်းခြင်းများ အပါအဝင် ကျယ်ပြန့်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ ယင်းစာနယ်ဇင်း ရှင်းလင်းပွဲသည် vivo ကိုယ်စားလှယ်များအတွက် အဓိကမိတ်ဖက်များနှင့် ဥရောပဈေးကွက်အတွက် ၎င်း၏ ပထမဆုံး စမတ်ဖုန်းများနှင့် တွဲဖက်ပစ္စည်းကိရိယာ line-up များကို ပွဲထုတ်မိတ်ဆက်ရန် အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။

“ကျွန်တော်တို့ vivo အနေနဲ့ အခုလို ဥရောပကိုရောက်လာဖို့နဲ့ ဒီအခွင့်အရေးကတစ်ဆင့် ကျွန်တော်တို့ရဲ့ ပထမဆုံးထုတ်ကုန် line-up တွေကို ဥရောပနိုင်ငံတွေမှာ တရားဝင်မိတ်ဆက်ခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှား နေပါတယ်။ ဒီနှစ်ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စိန်‌ခေါ်မှုများတဲ့နှစ်တစ်နှစ် ဖြစ်ပြီး များစွာသောအရာတွေ ပြောင်းလဲသွားခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဥရောပဒေသက စျေးကွက်နဲ့ စီးပွားရေး တွေအပေါ် ကျွန်တော်တို့ရဲ့ခံယူချက်ကတော့ မပြောင်းလဲပါဘူး။ ကျွန်တော်တို့အနေနဲ့ အစဥ်အမြဲမှန်ကန်တဲ့ အရာကိုသာ လုပ်ဆောင်မှာဖြစ်ပြီး လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်” ဟု vivo ၏ ဒုတိယဥက္ကဌတာဝန်နှင့် ဥရောပစီးပွားရေးလုပ်ငန်း ဥက္ကဌတာဝန်ကို ယူထားသည့် မစ္စတာ Denny Deng မှမီးမောင်းထိုးပြခဲ့ပါသည်။ “ကျွန်တော်တို့ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဈေးကွက်သို့ ပထမဆုံးခြေလှမ်းစခဲ့တဲ့အချိန်ကစပြီး ကျွန်တော် တို့ရဲ့ ဆန်းသစ်ပြီး အရည်အသွေးပြည့်မှီတဲ့ ထုတ်ကုန်များကိုသာ သုံးစွဲသူများအတွက် ထည့်သွင်းစဥ်းစားပြီး ဒီဇိုင်း ပြုလုပ်ကာ တင်ပို့မည်ဟု ကတိပြုခဲ့ကြပါတယ်။ vivo ဟာ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်း (၃၇၀)ကျော်မှ ချစ် မြတ်နိုးသော အမှတ်တံဆိပ်တစ်ခုဖြစ်သည့်အလျောက်၊ ဥရောပရှိသုံးစွဲသူများရဲ့ ယုံကြည်မှုကိုလည်း ရရှိနိုင်အောင် ကျွန်တော်တို့ကြိုးပမ်းသွားပါမယ်။”

(၂၅) နှစ်သက်တမ်းရှိပြီဖြစ်သည့် လုပ်ငန်းစု

vivo သည် ၎င်း၏ ဥရောပရုံးများကို ၂၀၁၉ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကုမ္ပဏီရှိ အဖွဲ့များ၏ ကွဲပြား ခြားနားမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် vivo ကိုယ်စားလှယ်များသည် ကုမ္ပဏီ၏ “more local, more global” ဟူသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗျူဟာကို အလေးထားလိုက်နာကျင့်သုံးသည့်အနေဖြင့် Dusseldorf ရှိ ဥရောပရုံးချုပ်တွင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ ဝန်ထမ်းပေါင်း (၇၀) ကျော်ရှိသည့် အဖွဲ့သည် ၎င်းတို့၏ မတူညီသော လုပ်ငန်းနောက်ခံ အမျိုးမျိုးဖြစ်သည့် အိမ်သုံးပစ္စည်းများ၊ ဟိုတယ်သုံး၊ လူသုံးလျှပ်စစ် ပစ္စည်းများ၊ မော်တော်ယာဥ်နှင့် စားသောက်ကုန်လုပ်ငန်း အပါအဝင် အမျိုးစုံသော လုပ်ငန်းနောက်ခံများမှ အတွေ့အကြုံရှိသူများဖြစ်ပါသည်။ ထိုအဖွဲ့သည် ယခုအခါ အင်အား (၁၂၀) ဦးခန့်ရှိပြီး နိုင်ငံအလိုက် ကျွမ်းကျင် ပညာရှင်များထားရှိကာ ၎င်းတို့၏ တန်ဖိုးရှိသော အတွေ့အကြုံများနှင့် ဒေသဆိုင်ရာ အချက်အလက်များကို ကုမ္ပဏီအတွက် လိုအပ်သလို ပေါင်းစပ်လုပ်ကိုင်လျက်ရှိပါသည်။

၁၉၉၅ ခုနှစ်စတင်တည်ထောင်ခဲ့စဥ်ကတည်းက ကြိုးဖုန်းနှင့် ခလုတ်ဖုန်းထုတ်လုပ်မှုများမှ ရရှိသည့် အတွေ့ အကြုံများမှတစ်ဆင့် အဆင့်ဆင့်ပြောင်းလဲတီထွင်ကာ ၂၀၁၁ ခုနှစ်တွင် vivo စမတ်ဖုန်းအမှတ်တံဆိပ်ကို တည်ထောင်နိုင်ခဲ့သည်။ vivo သည် လက်ရှိ တရုတ်စမတ်ဖုန်းဈေးကွက်တွင် ဒုတိယနေရာတွင် ရပ်တည်နေပြီး အိန္ဒိယဈေးကွက်တွင် ဒုတိယအကြီးဆုံးလုပ်ငန်းဖြစ်ကာ အင်ဒိုနီးရှားဈေးကွက်တွင်လည်း ဦးဆောင်လျက် ရှိပါ သည်။ vivo သည် နိုင်ငံပေါင်း (၃၀) ကျော်တွင်စျေးကွက်ဖြန့်ချိလျက်ရှိပြီး နိုင်ငံတကာ စျေးကွက်၏ (၉) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ တစ်ချိန်တည်းမှာပင် 5G စမတ်ဖုန်းစျေးကွက်တွင်လည်း (၁၂.၉) ရာခိုင်နှုန်းကို ရရှိထားကာ စျေးကွက်၏ တတိယနေရာတွင်ရပ်တည်လျက်ရှိပါသည်။

တရုတ်နိုင်ငံတွင် စမတ်ဖုန်းထုတ်လုပ်ရေးစက်ရုံ (၂)ရုံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နှင့် အင်ဒိုနီးရှားတို့တွင် တစ်ရုံစီဖြင့် စုစုပေါင်းစက်ရုံ (၅) ရုံဖြင့် စျေးကွက်ထိပ်တန်းစမတ်ဖုန်းများကို vivo မှဂုဏ်ယူစွာဖြန့်ချိထုတ်လုပ်ပေးနေပါသည်။ ပထမဆုံး hi-fi အသံစနစ် chipset တပ်ဆင်ထားသော vivo X1 စမတ်ဖုန်း၊ ကမ္ဘာ့အပါးလွှာဆုံး vivo X5Max၊ ပထမဆုံး in-display လက်ဗွေစနစ်ပါဝင်သည့် vivo X20Plus UD တို့ကိုလည်း ထုတ်လုပ်ပေးခဲ့သည်။ ၂၀၁၈ ခုနှစ် တွင် vivo APEX ပုံစံမျိူး ဖန်တီးထားသော vivo NEX ကို ထုတ်လုပ်ခဲ့ပြီး မျက်နှာပြင်တွင် အပြည့်အဝနီးပါး ရုပ်ပုံကြည့်ရှု အသုံးပြုနိုင်ရန် selfie pop-up ကင်မရာကို သီးခြားထည့်သွင်းတပ်ဆင်ထားပေးခဲ့သည်။

“ကျွန်တော်တို့ ဒီကနေ့အထိ ရရှိနေတဲ့ ရလဒ်နဲ့ အောင်မြင်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်လှစ်ထားတဲ့ ကျွန်တော် တို့ရဲ့သုတေသနနဲ့ ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေးစင်တာ (၉) ခုမှ လုပ်ဖော်ကိုင်ဘက်တွေရဲ့ စွမ်းဆောင်မှု တွေကြောင့်ဖြစ်ပါတယ်။ ဒီစင်တာတွေမှာ ဝန်ထမ်းဦးရေစုစုပေါင်း ၁၀,၅၀၀ ကျော်ရှိပြီး ကျွန်တော်တို့ စမတ်ဖုန်း တွေနဲ့ တွဲဖက်ပစ္စည်းတွေရဲ့ ထုတ်ကုန်ဒီဇိုင်း၊ software၊ ကင်မရာ၊ မိုဘိုင်းကွန်ယက် ချိတ်ဆက်နိုင်မှု၊ 5G ဆက်သွယ်ရေးစနစ်၊ အလိုအလျှောက် ထိန်းချုပ်စနစ် (AI) စတဲ့လုပ်ဆောင်မှုတစ်ခုချင်းစီကိုစီစစ်ပြီး သုံးစွဲသူတွေ အတွက်ထူးခြားတဲ့ ခံစားမှုကို ဖန်တီးပေးနေတာပဲဖြစ်ပါတယ်။” ဟု မစ္စတာ Deng မှ ပြောကြားသည်။

စိတ်ကူးခံစားချက်များ မျှဝေခြင်း ၊ vivo နှင့် UEFA တို့ 2020 ယူရိုဖလား ဘောလုံးပြိုင်ပွဲ၌ မိတ်ဖက်အဖြစ် လက်တွဲခြင်း

အခမ်းအနားတွင် vivo နှင့် UEFA တို့မိတ်ဖက်အဖြစ်လက်တွဲခဲ့ပြီးကြောင်းနှင့် 2024 ယူရိုဖလား ဘောလုံးပြိုင်ပွဲ၌လည်း ဆက်လက်လက်တွဲသွားမည့်အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာချက်ပါ အချက် အလက်များအရ vivo အနေဖြင့် UEFA 2020 ဘောလုံးပွဲ သ‌‌င်္ကေတစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည် သွားမည်ဖြစ်ကြောင်းကို “စိတ်ကူးခံစားချက်ချင်း ထပ်တူကျမယ်လို့ယုံကြည်တဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာတစ်ဝှမ်း က ဘောလုံးချစ်သူဝါသနာရှင်တွေကို ပြောချင်တာကတော့ ဒီယူရိုဖလား ဘောလုံးပြိုင်ပွဲမှာ UEFA နဲ့လက်တွဲခွင့် ရခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်။ UEFAရော၊ vivoရော နှစ်ဖက်စလုံးက ကျွန်တော်တို့ကို အားပေးသူပရိသတ် တွေအတွက် ထူးခြားဆန်းပြားတဲ့အတွေ့အကြုံတွေကို ဝေမျှပေးချင်တဲ့ စိတ်ကူးချင်းထပ်တူ ကျခဲ့ကြပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ဥရောပတိုက်အတွင်းမှာ ရေရှည်လက်တွဲဖြစ်ဖို့ ဆုံးဖြတ်ခဲ့ကြ တာပါ။” ဟု vivo၏ ဥရောပဒေသဆိုင်ရာ ဥက္ကဌမှ နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

ဥရောပဈေးကွက်ထဲဖြန့်ချိမည့် စမတ်ဖုန်း Line-up များကို ကနဉီးမိတ်ဆက်ခြင်း

vivo ကိုယ်စားလှယ်များသည် ယခုကျင်းပခဲ့သည့် မီဒီယာအခမ်းအနားမှတစ်ဆင့် ဥရောပဈေးကွက်ထဲ ဖြန့်ချိ မည့် စမတ်ဖုန်း Line-up များအား ကနဉီးမိတ်ဆက်ခွင့်ရခဲ့ကြပါသည်။ လက်ရှိထိပ်ဆုံးတွင် အကောင်းဆုံး နေရာ ယူထားသည့် စမတ်ဖုန်းမှာ vivo X51 5G အမျိုးအစားဖြစ်သည်။ ၎င်း၏ gimbal-mounted ကင်မရာတွင် ရွေ့လျားနေစဉ်ဖြစ်စေ၊ အလင်းနည်းသည့် နေရာများတွင်ရိုက်ကူးသည်ဖြစ်စေ တည်ငြိမ်သည့် ရိုက်ချက်များကို မှတ်တမ်းတင်နိုင်မည့် ပုံရိပ်တည်ငြိမ်စေသည့်စနစ် (stabilisation system) ပါဝင်သည်။ ဤစနစ်သည် လက်တည်ငြိမ်မှု (steady hand) ကို လုပ်ဆောင်နိုင်မှုကြောင့် ပြတ်သားသည့်ပုံရိပ်နှင့် မှုန်ဝါးသည့်ပုံရိပ်ကို ခွဲခြားပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် ဘက်ထရီ၊ ဒီဇိုင်းနှင့် ကင်မရာအားသာချက်များပါဝင်သည့် vivo Y series – Y70, Y20s ,Y11s အစရှိသည့် ဈေးအသင့်အတင့်ရှိသည့် mid-tier မိုဘိုင်းဖုန်းများကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ဥရောပ ဈေးကွက်တွင် ရောင်းရသည့် (၆၂.၅) ရာခိုင်နှုန်း စမတ်ဖုန်းတွေသည် ယူရို (၃၀၀) နှင့်အောက်နှုန်းထားများ ဖြစ်သောကြောင့် ဥရောပတွင် အဓိကထားဖြန့်ချိမည့် vivo Y series စမတ်ဖုန်းများကို ယခုလေ့လာတွေ့ရှိချက်နှင့် ကိုက်ညီအောင် ထုတ်လုပ်ပေးထားပါသည်။ လူငယ်သုံးစွဲသူများကို ဦးစားပေးထားသော်လည်း ဘက်ထရီ ကြာရှည်ခံမှုနှင့် အသုံးပြုလွယ်ကူမှုအားသာချက်များကြောင့် လူကြီးများအတွက်လည်း သင့်တော်မည့် ဖုန်း တစ်လုံးဖြစ်ပါသည်။ Y20s နှင့် Y11s အမျိုးအစားများတွင် အကောင်းဆုံး အားသွင်းနည်းပညာနှင့် 5,000mAh အားသိုလောင်နိုင်သည့် ကြာရှည်ခံဘက်ထရီတို့ ပံ့ပိုးပေးမှုကြောင့် နှစ်ရက်နီးပါး ဖုန်းအားလုံးဝမသွင်းဘဲ အသုံးပြုနိုင်မည်ဖြစ်သည်။

Qualcomm Snapdragon chipsets များဖြင့် အားဖြည့်ပေါင်းစပ်ထားသည့် vivo X နှင့် Y series နှစ်မျိုးစလုံးတွင် အရိုးရှင်းဆုံး Android operating system ပါဝင်သောကြောင့် စမတ်ဖုန်းကို အထေ့အငေါ့မရှိ ချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲသူများကြိုက်နှစ်သက်ကြမည်ဖြစ်ကြောင်း vivo ကိုယ်စားလှယ်များမှ ပြောကြား ခဲ့သည်။

vivo ၏ audio စွမ်းဆောင်ရည်၊ Google Assistant လုပ်ဆောင်ရည်၊ သယ်ရလွယ်ကူမှုရှိသည့် headphone ကြိုးမဲ့ နားကြပ်အမျိုးအစားနှစ်မျိုးကို အခမ်းအနားအစီအစဉ်နောက်ဆုံးတွင် မိတ်ဆက်ပေးခဲ့ပါသည်။ ပထမ အမျိုးအစား vivo Wireless Sport သည် သွာရင်းလာရင်း သီချင်းနားထောင်ရတာကြိုက်နှစ်သက်သူ၊ gym (သို့မဟုတ်) အပြင်ထွက်အားကစားလုပ်ရသည်ကို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ပြီး ထုတ်လုပ် ထားခြင်းဖြစ်ပါသည်။ ဒုတိယ vivo True Wireless Earphones (TWS) သည် အသုံးပြုသူ၏ အကြားအာရုံ အနိမ့်အမြင့်ပေါ်မူတည်ပြီး အသံထွက်အတိုးအကျယ် ထိန်းညှိပေးနိုင်သည့် အဆင့်မြင့်နည်းပညာ Qualcomm aptX audio codecs ပါဝင်သည့်အပြင် vivo X51 5G စမတ်ဖုန်းနှင့်ကိုက်ညီမှုရှိသည့် powerful 14.2-milimeter drivers များဖြင့် သေသပ်ကျစ်လစ်စွာ ထုတ်လုပ်ထားပါသည်။

Source – vivo