Unicode

Vivo ကုမ္ပဏီဟာ ယနေ့မှာ သူတို့ရဲ့ iQOO အမှတ်တံဆိပ်အား အိန္ဒိယသို့ ဖြန့်ကျက်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ iQOO India ရဲ့ မားကက်တင်းဒါရိုက်တာက သူတို့ဟာ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း စမတ်ဖုန်းသစ်နှစ်လုံးကို မိတ်ဆက်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

စမတ်ဖုန်းနှစ်လုံးရဲ့ ဒီဇိုင်းနဲ့ Specs တွေဟာ အတော်လေးဆင်တူမှာဖြစ်ပေမယ့် တစ်လုံးက 5G ထောက်ပံ့မှုပါဝင်မှာ ဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းမှာ မိတ်ဆက်လာမယ့် ပထမဆုံး 5G စမတ်ဖုန်းဖြစ်လာမှာပါ။ iQOO India ရဲ့ စီနီယာအရာရှိတစ်ဦးဖြစ်တဲ့ Gagan Arora ကတော့ ဒီဖုန်းနှစ်လုံးဟာ Feature အတူတူပဲ ဖြစ်ပေမယ့် 5G ဗားရှင်းမှာ Snapdragonn 865 ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဖုန်းတွေမှာ သီးသန့်ဘက္ထရီနည်းပညာအသစ်လည်း ပါဝင်လာဦးမှာပါ။ “Vivo Super FlashCharge” အမည်နဲ့ လိုဂိုတို့ဟာ အရင်နေ့က ထွက်ပေါ်ခဲ့တာကြောင့် 55W Ultra-fast Charging နည်းပညာကို ဒီဖုန်းတွေမှာ မြင်ရမယ်လို့ ခန့်မှန်းရပါတယ်။

4G ဟန်းဆက်နဲ့ပတ်သက်ပြီး ဘာမှမသိရသေးပေမယ့် ဒီဖုန်းမှာလည်း Snapdragon 865 ချစ်ပ်ဆက်ကိုပဲ အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် 5G နက်ဝပ်အတွက် Snapdragon X55 Modem တော့ ပါမှာမဟုတ်ပါဘူး။ Snapdragon 720G ချစ်ဆက်အသစ်လည်း ပါကောင်းပါနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

Vivo ကုမၸဏီဟာ ယေန႔မွာ သူတုိ႔ရဲ႕ iQOO အမွတ္တံဆိပ္အား အိႏၵိယသို႔ ျဖန္႔က်က္မယ့္အေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ အိႏၵိယမီဒီယာတစ္ခုနဲ႔ အင္တာဗ်ဴးမွာ iQOO India ရဲ႕ မားကက္တင္းဒါရုိက္တာက သူတုိ႔ဟာ ေဖေဖာ္ဝါရီ ဒုတိယပတ္အတြင္း စမတ္ဖုန္းသစ္ႏွစ္လုံးကို မိတ္ဆက္သြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

စမတ္ဖုန္းႏွစ္လုံးရဲ႕ ဒီဇုိင္းနဲ႔ Specs ေတြဟာ အေတာ္ေလးဆင္တူမွာျဖစ္ေပမယ့္ တစ္လုံးက 5G ေထာက္ပံ့မႈပါဝင္မွာ ျဖစ္ၿပီး အိႏၵိယႏုိင္ငံအတြင္းမွာ မိတ္ဆက္လာမယ့္ ပထမဆုံး 5G စမတ္ဖုန္းျဖစ္လာမွာပါ။ iQOO India ရဲ႕ စီနီယာအရာရွိတစ္ဦးျဖစ္တဲ့ Gagan Arora ကေတာ့ ဒီဖုန္းႏွစ္လုံးဟာ Feature အတူတူပဲ ျဖစ္ေပမယ့္ 5G ဗားရွင္းမွာ Snapdragonn 865 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္လို႔ ဆုိပါတယ္။

ဒါ့အျပင္ ဒီဖုန္းေတြမွာ သီးသန္႔ဘကၳရီနည္းပညာအသစ္လည္း ပါဝင္လာဦးမွာပါ။ “Vivo Super FlashCharge” အမည္နဲ႔ လုိဂုိတုိ႔ဟာ အရင္ေန႔က ထြက္ေပၚခဲ့တာေၾကာင့္ 55W Ultra-fast Charging နည္းပညာကို ဒီဖုန္းေတြမွာ ျမင္ရမယ္လို႔ ခန္႔မွန္းရပါတယ္။

4G ဟန္းဆက္နဲ႔ပတ္သက္ၿပီး ဘာမွမသိရေသးေပမယ့္ ဒီဖုန္းမွာလည္း Snapdragon 865 ခ်စ္ပ္ဆက္ကိုပဲ အသုံးျပဳလာႏုိင္ပါတယ္။ ဒါေပမယ့္ 5G နက္ဝပ္အတြက္ Snapdragon X55 Modem ေတာ့ ပါမွာမဟုတ္ပါဘူး။ Snapdragon 720G ခ်စ္ဆက္အသစ္လည္း ပါေကာင္းပါႏုိင္ပါတယ္။

Ref – GSM Arena