Vivo ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Vivo X30 စမတ်ဖုန်းနဲ့အတူ Funtouch OS 10 ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Funtouch OS ကနေ Jovi OS ကို ပြောင်းလဲဖို့ပြုလုပ်ခဲ့ပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ Vivo ဟာ Android 11 ကို အခြေခံထားတဲ့ Funtouch OS 11 ကို အသုံးပြုထားပြီးတေ့ာ နောက်ဆုံးသိရတဲ့သတင်းတွေအရ OS အသစ်ကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ OS အသစ်က လုံးဝကို In-house Software Project အသစ်ဖြစ်ပြီး နာမည်အနေနဲ့ Origin OS လို့ ခေါ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကလည်း Origin OS ဟာ Original OS ဆိုတဲ့နာမည်ကနေ ရယူထားတာဖြစ်ပြီး လက်ရှိ Funtouch OS နဲ့ လုံးဝမတူညီတဲ့ OS တစ်ခုဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ Feature ပိုင်းတွေမှာလည်း Funtouch OS နဲ့ ယှဥ်မယ်ဆိုရင် သိသိသာသာကို ပိုများလာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Android UI တွေထဲမှာ Customize အပြုလုပ်နိုင်ဆုံး UI တစ်ခုဖြစ်မယ်လို့လည်း သိရပါတယ်။ လောလောဆယ်မှာတော့ Origin OS ရဲ့ UI ဓါတ်ပုံတွေထွက်ရှိထားခြင်းမရှိတဲ့အတွက် ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Vivo အနေနဲ့ အဆိုပါ Origin OS ကို လာမယ့် နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Vivo X60 စမတ်ဖုန်းနဲ့အတူတွဲပြီး မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena