Vivo က နောက်ထွက်မယ့် TWS Neo  နားကြပ် အသစ်ကို မကြာခင်က Tease လုပ်ခဲ့ပြီး အခုတော့ အဲဒီ နားကြပ်ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ Vivo ရဲ့ တရုတ် တရားဝင် ဝက်ဘ်ဆိုက်မှာ နားကြပ်ရဲ့ Specs နဲ့ လုပ်ဆောင်ချက်တွေကို တင်ထားပါတယ်။

နားကြပ် ၁ ဖက်စီမှာ 14.2mm Drivers ပါလာပြီး အသံအရည်အသွေး မြင့်မားစေဖို့ Qualcomm AptX Codec ထောက်ပံ့ထားပါတယ်။ Vivo က “DeepX” လို့ ခေါ်တဲ့ EQ Settings တွေ ဖြစ်တဲ့ Super Bass, Bright Treble နဲ့ Clear Vocals တို့ ပါလာပါတယ်။

Vivo က TWS Neo ရဲ့ သတင်းအချက်အလက်များစွာကို မပြောသေးပါဘူး။ Vivo ရဲ့ အရင်မျိုးဆက် TWS နားကြပ်ကို ၉၉၉ ယွမ်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၂ သိန်းလောက်ရှိပါတယ်။ TWS Neo ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းနိုင်သလို ဒီထက် ဈေးသက်သာသွားနိုင်ပါတယ်။ TWS Neo အတွက် အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Vivo က ဇွန်လ ၁ ရက်နေ့မှာ ပွဲ ၁ ခုကျင်းပပြီး Vivo X50 Series တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ TWS Neo ကိုလည်း အဲဒီပွဲမှာ ချပြနိုင်ပါတယ်။

Ref : gsmarena