Vivo ကနေ Vivo X50 Series စမတ်ဖုန်းအသစ်တွေနဲ့အတူ Premium Wireless Earbuds ဖြစ်တဲ့ Vivo TWS Neo Earbuds အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ TWS Neo Earbuds ဟာ ကြီးမားတဲ့ 14.2mm Audio Driver ကို အသုံးပြုထားတဲ့အပြင် Bluetooth Version ကိုလည်း 5.2 အထိ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Vivo TWS Neo Earbuds ရဲ့ ထူးခြားချက်ကတော့ DeepX Stereo Mode ၃ မျိုးကို ရွေးချယ်နိုင်တာဖြစ်ပြီး Bass-Heavy Mode ၊ Clear Voice Mode နဲ့ High Pitch Mode ဆိုပြီး ကိုယ်နားထောင်မယ့် သီချင်းအမျိုးအစားပေါ်မှုတည်ပြီး စိတ်ကြိုက်ပြောင်းလဲနိုင်မယ်လို့ သိရပါတယ်။ ဒီ Feature က လက်ရှိတခြားသော Earbuds တွေမှာပါဝင်ခြင်းမရှိသေးတဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။

Vivo ရဲ့ ပြောကြားချက်ကတေ့ာ Audio Codec ကို High Quality AptX Codec အသုံးပြုထားတဲ့အတွက် CD Audio Quality ကို နားထောင်နိုင်မှာဖြစ်သလို Dual Channel Transmission 2.0 ကလည်း Latency ကို လျော့ချပေးပြီး Battery Life ကို ပိုကောင်းလာစေမယ်လို့ သိရပါတယ်။ Battery Life အနေနဲ့လည်း ပုံမှန် AAC Codec မှာ ၅.၅ နာရီနဲ့ AptX Mode မှာတော့ ၄.၂ နာရီကြာနားထောင်နိုင်မှာပါ။

Charging Case နဲ့တွဲဖက်လိုက်မယ်ဆိုရင် စုစုပေါင်း ၂၇ နာရီအထိ နားထောင်နိုင်မှာဖြစ်ပါတယ်။ Charging Case အနေနဲ့ကတော့ USB-C Charging ကိုပဲ Support ပြုလုပ်ထားပြီး Wireless Charging ကတော့ ပါဝင်မှာမဟုတ်ပါဘူး။ Vivo TWS Neo Earbuds ဟာ Gaming အတွက် 88ms Latency ပဲရှိမယ့် Low Latency Mode ၊ IP54 Water Resistant ၊ Jovi Assistant ၊ Find My Earbuds နဲ့ Smart Call Noise Reduction လိုမျိုး Feature တွေလည်း အများအပြားပါဝင်ဦးမယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ တရုတ်ယွမ်ငွေ ၄၉၉ ယွမ် (မြန်မာငွေ ၁ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး တရုတ်နိုင်ငံစျေးကွက်ထဲမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

Ref – Gizmo China