[Zawgyi]
Vivo V15 Pro ဖုန္းဟာ လာမယ့္ရက္မွာ Pop-up ဆယ္ဖီကင္မရာနဲ႔ Notch လုံးဝမပါတဲ့ ဒီဇုိင္းျဖင့္ မိတ္ဆက္လာေတာ့မွာပါ။ ဒါေပမယ့္ Vivo ကုမၸဏီဟာ အျခားဖုန္းတစ္လုံးကိုလည္း မိတ္ဆက္လာဦးမွာျဖစ္ၿပီး ‘U’ ပုံသ႑ာန္ Notch ပါတဲ့ 6.2” လက္မအရြယ္ Display နဲ႔ Vivo U1 ဟာ V15 Pro ကိုပဲ အာရုံစုိက္ေနတဲ့ ေစ်းကြက္ကို လႈပ္ႏႈိးလုိက္သလို ရုတ္တရက္မိတ္ဆက္လာခဲ့ပါတယ္။
Vivo U1 အတြက္ Teaser ပုိစတာကိုေတာ့ သူတုိ႔ရဲ႕ တရုတ္ဝက္ဆုိက္မွာ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔၌ တင္လာခဲ့ၿပီး သိပ္မၾကာခင္ ဖုန္းရဲ႕ပုံရိပ္ေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။ ပုိစတာမွာ “See U Tomorrow” လို႔ ပါဝင္တဲ့အတြက္ ပုိစတာထြက္ၿပီး ေနာက္တစ္ေန႔မွာ တရားဝင္ထြက္လာမယ့္သေဘာပါ။
အတြင္းပုိင္းမွာေတာ့ Snapdragon 439 ခ်စ္ပ္ဆက္အသုံးျပဳလာၿပီး ဘကၳရီက 4,030 mAh ျဖစ္ပါတယ္။ ေနာက္ဘက္ကင္မရာက 13MP f/2.2 ျဖစ္ၿပီး ေရွ႕ဆယ္ဖီက 8MP f/2.0 ဆင္ဆာပါ။ Vivo ဖုန္းအသစ္မွာ Funtouch 4.5 OS ထည့္သြင္းထားၿပီး ေက်ာဘက္မွာ Fingerprint ပါဝင္တယ္။
Vivo U စီးရီးရဲ႕ ပထမဆုံးဖုန္းျဖစ္လာမယ့္ U1 စမတ္ဖုန္းကို 3/32 GB, 3/64 GB, 4/64 GB ဆုိၿပီး မန္မုိရီ ကြာျခားမႈအလုိက္ ေမာ္ဒယ္သုံးမ်ဳိးရရွိႏုိင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းက တရုတ္ယြမ္ေငြ ၇၉၉ (ျမန္မာေငြ တစ္သိန္းရွစ္ေသာင္းခန္႔) မွ တရုတ္ယြမ္ ၁၁၉၉ (ျမန္မာေငြ ႏွစ္သိန္းခုနစ္ေသာင္းခန္႔) ထိ သတ္မွတ္ထားတယ္။ ျမင္ေတြ႕ရတဲ့ ဓါတ္ပုံေတြအရေတာ့ Vivo U1 စမတ္ဖုန္းဟာ Starry Night Black, Aurora Red နဲ႔ Aurora Blue ဆုိၿပီး သုံးေရာင္ထြက္လာမွာပါ။
Ref – GSM Arena
[Unicode]
Vivo V15 Pro ဖုန်းဟာ လာမယ့်ရက်မှာ Pop-up ဆယ်ဖီကင်မရာနဲ့ Notch လုံးဝမပါတဲ့ ဒီဇိုင်းဖြင့် မိတ်ဆက်လာတော့မှာပါ။ ဒါပေမယ့် Vivo ကုမ္ပဏီဟာ အခြားဖုန်းတစ်လုံးကိုလည်း မိတ်ဆက်လာဦးမှာဖြစ်ပြီး ‘U’ ပုံသဏ္ဍာန် Notch ပါတဲ့ 6.2” လက်မအရွယ် Display နဲ့ Vivo U1 ဟာ V15 Pro ကိုပဲ အာရုံစိုက်နေတဲ့ ဈေးကွက်ကို လှုပ်နှိုးလိုက်သလို ရုတ်တရက်မိတ်ဆက်လာခဲ့ပါတယ်။
Vivo U1 အတွက် Teaser ပိုစတာကိုတော့ သူတို့ရဲ့ တရုတ်ဝက်ဆိုက်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ တင်လာခဲ့ပြီး သိပ်မကြာခင် ဖုန်းရဲ့ပုံရိပ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ပိုစတာမှာ “See U Tomorrow” လို့ ပါဝင်တဲ့အတွက် ပိုစတာထွက်ပြီး နောက်တစ်နေ့မှာ တရားဝင်ထွက်လာမယ့်သဘောပါ။
အတွင်းပိုင်းမှာတော့ Snapdragon 439 ချစ်ပ်ဆက်အသုံးပြုလာပြီး ဘက္ထရီက 4,030 mAh ဖြစ်ပါတယ်။ နောက်ဘက်ကင်မရာက 13MP f/2.2 ဖြစ်ပြီး ရှေ့ဆယ်ဖီက 8MP f/2.0 ဆင်ဆာပါ။ Vivo ဖုန်းအသစ်မှာ Funtouch 4.5 OS ထည့်သွင်းထားပြီး ကျောဘက်မှာ Fingerprint ပါဝင်တယ်။
Vivo U စီးရီးရဲ့ ပထမဆုံးဖုန်းဖြစ်လာမယ့် U1 စမတ်ဖုန်းကို 3/32 GB, 3/64 GB, 4/64 GB ဆိုပြီး မန်မိုရီ ကွာခြားမှုအလိုက် မော်ဒယ်သုံးမျိုးရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းက တရုတ်ယွမ်ငွေ ၇၉၉ (မြန်မာငွေ တစ်သိန်းရှစ်သောင်းခန့်) မှ တရုတ်ယွမ် ၁၁၉၉ (မြန်မာငွေ နှစ်သိန်းခုနစ်သောင်းခန့်) ထိ သတ်မှတ်ထားတယ်။ မြင်တွေ့ရတဲ့ ဓါတ်ပုံတွေအရတော့ Vivo U1 စမတ်ဖုန်းဟာ Starry Night Black, Aurora Red နဲ့ Aurora Blue ဆိုပြီး သုံးရောင်ထွက်လာမှာပါ။
Ref – GSM Arena