[Zawgyi]





Ref : gsmarena

[Unicode]

Triple Camera နဲ့ 5,000mAh Battery ပါတဲ့ Vivo U10 ကို ကွညော

Vivo က တန်ဖိုးနည်း U10 ကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 665 SoC မောင်းနှင်ထားပါတယ်။ Android Pie အခြေပြု Funtouch OS 9.1 ပါပါတယ်။ microSD Card Slot ပါပြီး 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Vivo U10 မှာ ၆.၃၅ လက်မ 19.3:9 HD+ FullView Display ထည့်သွင်းထားပြီး Notch မှာ 8MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ အနောက်ကင်မရာ ၃ လုံးကို ဘယ်ဘက်အပေါ်ထောင့်မှာ ဒေါင်လိုက် တပ်ဆင်ထားပြီး 13MP Main , 8MP Ultrawide နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။

Vivo U10 အတွက် Thunder Black နဲ့ Electric Blue Colors တွေ ထုတ်လုပ်ထားပါတယ်။ 18W Fast Charging ပါတဲ့ 5,000mAh Battery ပါပါတယ်။ 4D Vibrations နဲ့ Voice Changer တွေလို လုပ်ဆောင်ချက်တွေ ပါတဲ့ Ultra Game Mode ထည့်ထားပါတယ်။

3/32GB ကို ၈,၉၉၀ ရူပီး၊ 3/64GB ကို ၉,၉၉၀ ရူပီးနဲ့ 4/64GB ကို ၁၀,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၉၀,၀၀၀ ၊ ၂၁၀,၀၀၀ နဲ့ ၂၃၀,၀၀၀ လောက်ကျသင့်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကုမ္ပဏီရဲ့ Official Site နဲ့ Amazon.in တို့ကနေ အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena