Zawgyi

Vivo ဟာ လာမယ့္ေသာၾကာေန႔မွာ Vivo U20 စမတ္ဖုန္းကို အိႏၵိယေစ်းကြက္ကေန မိတ္ဆက္သြားဖို႔ အသင့္ျဖစ္ေနပါၿပီ။ ထြက္ရွိရက္နီးကပ္လာတာနဲ႔အမွ် Vivo U20 ရဲ႕ အဓိက Specs ေတြနဲ႔ Feature ေတြပါဝင္တဲ့ Support Page ကိုလည္း Amazon India ကေန Update ျပဳလုပ္လာခဲ့ပါတယ္။ ဒါ့အျပင္ စမတ္ဖုန္းသစ္ရဲ႕ Hands-on ဓါတ္ပုံေတြနဲ႔ Promo Video တုိ႔ကိုပါ တရားဝင္ထုတ္ျပန္လာခဲ့ပါတယ္။

Vivo U20 ရဲ႕ Hands-on ပကတိပုံရိပ္ေတြမွာေတာ့ ေရွ႕ဘက္က Waterdrop Notch ေလးကို ျမင္ရမွာပါ။ Chin က အနည္းငယ္ထူတယ္လို႔ဆုိႏုိင္ေပမယ့္ ေဘး Bezel ေတြကေတာ့ ပါးပါးေလးပါ။ ဖုန္းရဲ႕ေနာက္ဘက္ကိုယ္ထည္က ပုိလီကာဘြန္နိတ္နဲ႔ ျပဳလုပ္ထားတာလို႔ ယူဆရပါတယ္။ ေနာက္ဘက္မွာ Fingerprint နဲ႔အတူ ေဒါင္လုိက္ထည့္သြင္းထားတဲ့ ကင္မရာတုိ႔ကိုလည္း ျမင္ရမွာပါ။

ပထမဆုံး Promo Video ထဲမွာ Vivo U20 မွာပါဝင္တဲ့ 6.53” လက္မအရြယ္ Halo FullView Display ကို ဟုိက္လိုက္လုပ္ျပထားပါတယ္။ U20 ဖုန္းသစ္မွာ 5,000 mAh ဘကၳရီႀကီးပါဝင္ၿပီး 18W အားအျမန္သြင္းစနစ္နဲ႔ပါ။ U20 ထုတ္လုပ္သူေတြကေတာ့ Standby ဆုိရင္္ ၂၇၃ နာရီ၊ အင္စတာဂရမ္ဆက္တုိက္အသုံးျပဳရင္ ၂၁ နာရီနဲ႔ YouTube ကို ၁၁ နာရီဆက္တုိက္ၾကည့္ရႈႏုိင္ေစမယ္လို႔ အာမခံထားပါတယ္။

ဖုန္းရဲ႕အတြင္းပုိင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 6GB RAM မန္မုိရီနဲ႔တြဲဖက္ထားပါတယ္။ Storage ကေတာ့ 128GB ပါဝင္မွာပါ။ ဒါေပမယ့္ ဒီဖုန္းဟာ 4/64GB ဗားရွင္းလည္း ထြက္လာမယ္လို႔ သတင္းထြက္ထားပါတယ္။

ေနာက္ဘက္မွာေတာ့ Triple-cam ကိုျမင္ေတြ႕ရၿပီး U20 ဟာ တရုတ္ျပည္တြင္းမွာ Vivo U3 အျဖစ္ မိတ္ဆက္ခဲ့တဲ့ အတြက္ သူ႕မွာ 16MP + 8MP + 2MP ကင္္မရာအတြဲကို ျမင္ရမွာပါ။ ေရွ႕ဘက္ကင္မရာက 16MP ျဖစ္ၿပီး Android Pie OS ကို အေျခခံထားတဲ့ FunTouch OS 9.2 နဲ႔အသုံးျပဳရမွာျဖစ္ပါတယ္။

Ref – Gizmo China

Unicode

Vivo ဟာ လာမယ့်သောကြာနေ့မှာ Vivo U20 စမတ်ဖုန်းကို အိန္ဒိယဈေးကွက်ကနေ မိတ်ဆက်သွားဖို့ အသင့်ဖြစ်နေပါပြီ။ ထွက်ရှိရက်နီးကပ်လာတာနဲ့အမျှ Vivo U20 ရဲ့ အဓိက Specs တွေနဲ့ Feature တွေပါဝင်တဲ့ Support Page ကိုလည်း Amazon India ကနေ Update ပြုလုပ်လာခဲ့ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းသစ်ရဲ့ Hands-on ဓါတ်ပုံတွေနဲ့ Promo Video တို့ကိုပါ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

Vivo U20 ရဲ့ Hands-on ပကတိပုံရိပ်တွေမှာတော့ ရှေ့ဘက်က Waterdrop Notch လေးကို မြင်ရမှာပါ။ Chin က အနည်းငယ်ထူတယ်လို့ဆိုနိုင်ပေမယ့် ဘေး Bezel တွေကတော့ ပါးပါးလေးပါ။ ဖုန်းရဲ့နောက်ဘက်ကိုယ်ထည်က ပိုလီကာဘွန်နိတ်နဲ့ ပြုလုပ်ထားတာလို့ ယူဆရပါတယ်။ နောက်ဘက်မှာ Fingerprint နဲ့အတူ ဒေါင်လိုက်ထည့်သွင်းထားတဲ့ ကင်မရာတို့ကိုလည်း မြင်ရမှာပါ။

ပထမဆုံး Promo Video ထဲမှာ Vivo U20 မှာပါဝင်တဲ့ 6.53” လက်မအရွယ် Halo FullView Display ကို ဟိုက်လိုက်လုပ်ပြထားပါတယ်။ U20 ဖုန်းသစ်မှာ 5,000 mAh ဘက္ထရီကြီးပါဝင်ပြီး 18W အားအမြန်သွင်းစနစ်နဲ့ပါ။ U20 ထုတ်လုပ်သူတွေကတော့ Standby ဆိုရင် ၂၇၃ နာရီ၊ အင်စတာဂရမ်ဆက်တိုက်အသုံးပြုရင် ၂၁ နာရီနဲ့ YouTube ကို ၁၁ နာရီဆက်တိုက်ကြည့်ရှုနိုင်စေမယ်လို့ အာမခံထားပါတယ်။

ဖုန်းရဲ့အတွင်းပိုင်းမှာ Snapdragon 675 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 6GB RAM မန်မိုရီနဲ့တွဲဖက်ထားပါတယ်။ Storage ကတော့ 128GB ပါဝင်မှာပါ။ ဒါပေမယ့် ဒီဖုန်းဟာ 4/64GB ဗားရှင်းလည်း ထွက်လာမယ်လို့ သတင်းထွက်ထားပါတယ်။

နောက်ဘက်မှာတော့ Triple-cam ကိုမြင်တွေ့ရပြီး U20 ဟာ တရုတ်ပြည်တွင်းမှာ Vivo U3 အဖြစ် မိတ်ဆက်ခဲ့တဲ့ အတွက် သူ့မှာ 16MP + 8MP + 2MP ကင်မရာအတွဲကို မြင်ရမှာပါ။ ရှေ့ဘက်ကင်မရာက 16MP ဖြစ်ပြီး Android Pie OS ကို အခြေခံထားတဲ့ FunTouch OS 9.2 နဲ့အသုံးပြုရမှာဖြစ်ပါတယ်။

Ref – Gizmo China