[Unicode]

Vivo ရဲ့ နောက်ဆုံးထုတ် U Series စမတ်ဖုန်း အသစ်ဖြစ်တဲ့ U20 ကို အိန္ဒိယမှာ နိုဝင်ဘာလ ၂၈ ရက်က ကြိုတင်မှာယူခွင့်ပြုလိုက်ပြီး အခုတော့ စတင် ရောင်းပေးလိုက်ပါပြီ။ မြေပြင်စတိုးတွေကနေ မရောင်းဘဲ အွန်လိုင်းစတိုးတွေ ဖြစ်တဲ့ Amazon နဲ့ Vivo E-shopကနေပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 4/64GB ကို ၁၀,၉၉၀ ရူပီးနဲ့ 6/64GB ကို ၁၁,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂၃၀,၀၀၀ နဲ့ ၂၅၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။ အနက်နဲ့ အပြာရောင် ရွေးချယ်နိုင်ပါတယ်။

Vivo U20 မှာ ၆.၅ လက်မ FHD+ 2340x1080p IPS LCD Display တပ်ဆင်ထားပြီး Screen-to-body Ratio က ၉၀.၅ ရာခိုင်နှုန်းတောင်ရှိပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် Full Screen Design က တော်တော်မိုက်ပါတယ်။ Snapdragon 675 Chipset မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါလာပြီး Sony IMX499 16MP Main , 8MP 120 Degree Super Wide-angle Lens နဲ့ 2MP Macro Lens တွေ ပါပါတယ်။ Macro Lens က ၄ စင်တီမီတာ အကွာအဝေးက အရာဝတ္ထုတွေကို အမိုက်စားဖမ်းယူပေးပါတယ်။ ဆဲလ်ဖီးကင်မရာက 16MP ဖြစ်ပြီး Waterdrop Notch မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ 4G LTE, Wi-Fi, Bluetooth 5.0, GPS, BeiDou, GLONASS နဲ့ Galileo တွေ ထည့်ထားပါတယ်။ Android 9 အခြေပြု FunTouch OS 9 ပါပါတယ်။ 18W Fast Charger ပါတဲ့ 5,000mAh Battery က ဒီဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

Ref : gizmochina

[Zawgyi]

5,000mAh Battery ပါတဲ့ Vivo U20 ကို အိန္ဒိယမှာ ရောင်းပြီ





Ref : gizmochina