Zawgyi
25MP *Front Camera
Unicode
Vivo V11 မှာပါတဲ့ 25MP AI Camera လုပ်ဆောင်ချက်များ
Vivo Myanmar အနေနဲ့ လက်ရှိ စမတ်ဖုန်း စျေးကွက်ထဲမှာ ရေပန်းစားနေတဲ့ Vivo V11 ကို မကြာသေးခင်ကမှ မြန်မာနိုင်ငံစျေးကွက်ထဲကို တင်သွင်းရောင်းချခဲ့တာ ဖြစ်ပါတယ်။ Vivo V11 ဟာ နည်းပညာ အသစ်အဆန်းများစွာနဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်တာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။
V11 မှာ ပါဝင်လာတဲ့ နည်းပညာ အသစ်အဆန်းတွေထဲမှာ In-display Fingerprint Scanner သာမက Halo FullView Display, Dual Engine Fast Charging, Jovi – AI Assistant နဲ့ AI Camera လုပ်ဆောင်ချက်များလည်း ပါဝင်ပါသေးတယ်။ Artificial Intelligence (A.I.) အထောက်အပံ့က နောက်ကျောဘက် ကင်မရာမှာသာ ပါဝင်တာ မဟုတ်ဘဲ ရှေ့ဘက် Selfie Camera မှာလည်း A.I. အထောက်အပံ့တွေကို ထည့်သွင်းပေးထားပါတယ်။
Vivo V11 ရဲ့ Selfie Camera အတွက် Aperture f/2.0 အကျယ်ရှိ 25MP Camera Sensor ကို တပ်ဆင်ထားပါတယ်။ Selfie Camera ကို A.I. က Support ပေးထားတဲ့အတွက် AI Face Beauty နဲ့ AI Selfie Lighting features တွေကို အသုံးပြုနိုင်မှာပါ။ AI Face Beauty က မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ မေးစေ့တွေကို စိတ်ကြိုက်ပြုပြင်နိုင်မယ့် feature ဖြစ်ပြီး AI Selfie Lighting ကတော့ ကိုယ့်မျက်နှာကို ထင်ရှားပေါ်လွင်စေဖို့အတွက် Lighting အမျိူးမျိူး ပေးတာတို့၊ Background အရောင်ပြောင်းတာတို့ လုပ်လို့ရတဲ့ feature ဖြစ်ပါတယ်။
ဒါ့အပြင် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ Selfie ဆွဲနိုင်မယ့် မြင်ကွင်းကျယ် Group Selfie နဲ့ ဒီနေ့ခေတ် စမတ်ဖုန်း ကင်မရာတွေမှာ ရေပန်းစားနေတဲ့ AR Stickers လေးတွေလည်း ရိုက်ကူးနိုင်ပါတယ်။ Vivo V11 ရဲ့ Selfie Camera က 1080p ဗီဒီယိုတွေကို 30 Frame per Second နဲ့ ရိုက်ကူးနိုင်တဲ့အတွက် Full HD အရည်အသွေးရှိ ဗီဒီယိုတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါ့အပြင် ဗီဒီယိုရိုက်ကူးနေစဥ်မှာ မျက်နှာကို ချောမွတ်လှပအောင် ပြုလုပ်ပေးတဲ့ Video Face Beauty feature လေးကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Video Face Beauty လေးကတော့ Selfie Camera နဲ့ ဗီဒီယိုရိုက်တတ်တဲ့ ကိုကို၊ မမတွေအတွက် တော်တော်လေး အသုံးဝင်မယ့် feature လို့ ပြောရမှာပါ။