Zawgyi

Vivo V11 ဟာဆိုရင္ အရင္မ်ိဴးဆက္ V9 ထက္ အမ်ားႀကီး တိုးတက္ ေျပာင္းလဲလာတာေၾကာင့္ ရသင့္ ရထိုက္တဲ့ ေအာင္ျမင္မႈေတြကို သိမ္းပိုက္ထားႏိုင္တဲ့ စမတ္ဖုန္း တစ္လုံးလို႔ ေျပာရမွာပါ။ Vivo V9 ထက္ ပိုမိုေကာင္းမြန္လာတဲ့ အျပင္ In-display Fingerprint နဲ႔ Dual-engine Fast Charging လိုမ်ိဴး နည္းပညာ အသစ္အဆန္းေတြ ပါဝင္လာတာေၾကာင့္ လက္ရွိ စမတ္ဖုန္း ေစ်းကြက္ထဲမွာဆိုရင္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတဲ့ စမတ္ဖုန္း တစ္လုံးလို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

 

 

Vivo V9 မွာတုန္းက LCD Display ကို အသုံးျပဳခဲ့ေပမယ့္ V11 မွာေတာ့ OLED Display ကို အသုံးျပဳထားပါတယ္။ ဒါ့အျပင္ V9 ရဲ႕ Display Notch က Camera Sensor နဲ႔ Receiver ေတြေၾကာင့္ အနည္းငယ္ ႀကီးေနခဲ့ေပမယ့္ V11 မွာေတာ့ V9 ထက္ သိသိသာသာ ေသးငယ္သြားတဲ့ Display Notch ကို ျမင္ေတြ႕ရမွာပါ။ အဆိုပါ Display Notch ဒီဇိုင္းကို Vivo ကေတာ့ Halo FullView ဆိုၿပီး ကင္ပြန္းတပ္ထားပါတယ္။ Vivo V11 ရဲ႕ Display Notch က Camera Sensor တစ္လုံးစာပဲ ေနရာယူထားတဲ့အတြက္ Screen-to-body ratio ကလည္း 91.27% အထိ ရွိလာပါတယ္။ အဲ့ဒါေၾကာင့္ ဗီဒီယိုေတြၾကည့္၊ ဂိမ္းေတြ ကစားတဲ့အခါမ်ိဴးေတြမွာ Notch က Object အနည္းငယ္ကိုပဲ ဖုံးေနမွာ ျဖစ္တဲ့အတြက္ Halo FullView လို႔ေခၚတဲ့ Display ကို သေဘာက်မိပါတယ္။

 

Vivo V11 မွာ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3400mAh ထည့္သြင္းေပးထားပါတယ္။ အဆိုပါ 3400mAh ဘက္ထရီကို USB Type-B ကေန တဆင့္ အားသြင္းႏိုင္မွာ ျဖစ္ၿပီး Dual-engine Fast Charging အျမန္အားသြင္းစနစ္လည္း ပါဝင္ဦးမွာပါ။ Dual-engine လို႔ ေခၚဆိုရတဲ့ အေၾကာင္းအရင္းကေတာ့ Charging Chip ၂လုံးကို ထည့္သြင္း တပ္ဆင္ေပးထားလို႔ ျဖစ္ပါတယ္။ Charging Chip ၂လုံး ပါဝင္တဲ့အတြက္ သာမန္အားသြင္းစနစ္ေတြက လမ္းေၾကာင္း တစ္ေၾကာင္းတည္းကေန ဘက္ထရီကို အားသြင္းေနတဲ့ အခ်ိန္မွာ Dual-engine Fast Charging နည္းပညာကေတာ့ လမ္းေၾကာင္း ၂ေၾကာင္းကေန တၿပိဳင္နက္ အားသြင္းေနမွာ ျဖစ္ပါတယ္။

Vivo ကေတာ့ သူတို႔ရဲ႕ Dual-engine Fast Charging နည္းပညာက သာမန္အားသြင္းစနစ္ေတြထက္ ၂ဆ ပိုျမန္ေၾကာင္း ေျပာၾကားထားပါတယ္။ ဒါ့အျပင္ အဆိုပါ အားသြင္းနည္းပညာကို မတူညီတဲ့ လုံၿခဳံေရး နည္းပညာ ၉မ်ိဴးနဲ႔ ကာကြယ္ထားေၾကာင္း Vivo က ထပ္မံ ေျပာၾကားထားပါေသးတယ္။ Vivo V11 ရဲ႕ အျမန္အားသြင္းစနစ္ကို ကြၽန္ေတာ္ စမ္းသပ္ၾကည့္တဲ့ အခါမွာေတာ့ ၀ ကေန ၁၀၀% အထိ အားအျပည့္သြင္းဖို႔ဆိုရင္ ၁နာရီခြဲ ေက်ာ္ေက်ာ္ေလာက္ပဲ လိုအပ္တဲ့အတြက္ မဆိုးဘူးလို႔ ေျပာရမွာပါ။

Unicode

Dual-engine Fast Charging နည်းပညာအသစ်နဲ့ Halo FullView ဒီဇိုင်းအဆန်းများ ပါဝင်တဲ့ Vivo V11

Vivo V11 ဟာဆိုရင် အရင်မျိူးဆက် V9 ထက် အများကြီး တိုးတက် ပြောင်းလဲလာတာကြောင့် ရသင့် ရထိုက်တဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တဲ့ စမတ်ဖုန်း တစ်လုံးလို့ ပြောရမှာပါ။ Vivo V9 ထက် ပိုမိုကောင်းမွန်လာတဲ့ အပြင် In-display Fingerprint နဲ့ Dual-engine Fast Charging လိုမျိူး နည်းပညာ အသစ်အဆန်းတွေ ပါဝင်လာတာကြောင့် လက်ရှိ စမတ်ဖုန်း စျေးကွက်ထဲမှာဆိုရင် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ စမတ်ဖုန်း တစ်လုံးလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

Vivo V9 မှာတုန်းက LCD Display ကို အသုံးပြုခဲ့ပေမယ့် V11 မှာတော့ OLED Display ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် V9 ရဲ့ Display Notch က Camera Sensor နဲ့ Receiver တွေကြောင့် အနည်းငယ် ကြီးနေခဲ့ပေမယ့် V11 မှာတော့ V9 ထက် သိသိသာသာ သေးငယ်သွားတဲ့ Display Notch ကို မြင်တွေ့ရမှာပါ။ အဆိုပါ Display Notch ဒီဇိုင်းကို Vivo ကတော့ Halo FullView ဆိုပြီး ကင်ပွန်းတပ်ထားပါတယ်။ Vivo V11 ရဲ့ Display Notch က Camera Sensor တစ်လုံးစာပဲ နေရာယူထားတဲ့အတွက် Screen-to-body ratio ကလည်း 91.27% အထိ ရှိလာပါတယ်။ အဲ့ဒါကြောင့် ဗီဒီယိုတွေကြည့်၊ ဂိမ်းတွေ ကစားတဲ့အခါမျိူးတွေမှာ Notch က Object အနည်းငယ်ကိုပဲ ဖုံးနေမှာ ဖြစ်တဲ့အတွက် Halo FullView လို့ခေါ်တဲ့ Display ကို သဘောကျမိပါတယ်။

Vivo V11 မှာ ဘက်ထရီ သိုလှောင်မှု ပမာဏ 3400mAh ထည့်သွင်းပေးထားပါတယ်။ အဆိုပါ 3400mAh ဘက်ထရီကို USB Type-B ကနေ တဆင့် အားသွင်းနိုင်မှာ ဖြစ်ပြီး Dual-engine Fast Charging အမြန်အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ Dual-engine လို့ ခေါ်ဆိုရတဲ့ အကြောင်းအရင်းကတော့ Charging Chip ၂လုံးကို ထည့်သွင်း တပ်ဆင်ပေးထားလို့ ဖြစ်ပါတယ်။ Charging Chip ၂လုံး ပါဝင်တဲ့အတွက် သာမန်အားသွင်းစနစ်တွေက လမ်းကြောင်း တစ်ကြောင်းတည်းကနေ ဘက်ထရီကို အားသွင်းနေတဲ့ အချိန်မှာ Dual-engine Fast Charging နည်းပညာကတော့ လမ်းကြောင်း ၂ကြောင်းကနေ တပြိုင်နက် အားသွင်းနေမှာ ဖြစ်ပါတယ်။

Vivo ကတော့ သူတို့ရဲ့ Dual-engine Fast Charging နည်းပညာက သာမန်အားသွင်းစနစ်တွေထက် ၂ဆ ပိုမြန်ကြောင်း ပြောကြားထားပါတယ်။ ဒါ့အပြင် အဆိုပါ အားသွင်းနည်းပညာကို မတူညီတဲ့ လုံခြုံရေး နည်းပညာ ၉မျိူးနဲ့ ကာကွယ်ထားကြောင်း Vivo က ထပ်မံ ပြောကြားထားပါသေးတယ်။ Vivo V11 ရဲ့ အမြန်အားသွင်းစနစ်ကို ကျွန်တော် စမ်းသပ်ကြည့်တဲ့ အခါမှာတော့ ၀ ကနေ ၁၀၀% အထိ အားအပြည့်သွင်းဖို့ဆိုရင် ၁နာရီခွဲ ကျော်ကျော်လောက်ပဲ လိုအပ်တဲ့အတွက် မဆိုးဘူးလို့ ပြောရမှာပါ။