Zawgyi


Vivo V11 ရဲ့ ပထမဦးဆုံး အရောင်းပွဲတော်တွေကို ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်အနီး၊ အင်းစိန်လမ်းမကြီးဘေးက ဂမုန်းပွင့် စင်တာ၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) က KMD Mobile ၊ မန္တလေးမြို့ရှိ ၆၂လမ်း၊ ခိုင်ရွှေဝါလမ်း x မနော်ဟရီလမ်းကြားက Central Point ၊ တောင်ကြီးမြို့ရှိ ညောင်ရွှေဟော်ကုန်းရပ်၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းပေါ်က Shine Mobile ၊ ကျိုင်းတုံမြို့ရှိ တာချီလိတ်လမ်း၊ မြို့မဈေးကြီးဘေးက BBTဆီပန့်အဟောင်းနေရာတွေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။


Unicode

Vivo V11 ရဲ့ ပထမဦးဆုံး အရောင်းပွဲတော်မှာ မျှော်မှန်းထားတာထက် ပိုပြီး ရောင်းအားကောင်း

Vivo Myanmar အနေနဲ့ Vivo V11 | V11i စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့က ရန်ကုန်မြို့ရှိ Melia Hotel မှာ စည်ကား သိုက်မြိုက်စွာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Pre-order ကို စက်တင်ဘာလ ၂၂ရက်နေ့ကနေ စက်တင်ဘာလ ၂၈ရက်နေ့အထိ လက်ခံခဲ့တာဖြစ်ပြီး Vivo V11 ရဲ့ ပထမဦးဆုံး အရောင်းပွဲတော်ကိုတော့ စက်တင်ဘာလ ၂၉ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Vivo V11 ရဲ့ ပထမဦးဆုံး အရောင်းပွဲတော်တွေကို ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်အနီး၊ အင်းစိန်လမ်းမကြီးဘေးက ဂမုန်းပွင့် စင်တာ၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) က KMD Mobile ၊ မန္တလေးမြို့ရှိ ၆၂လမ်း၊ ခိုင်ရွှေဝါလမ်း x မနော်ဟရီလမ်းကြားက Central Point ၊ တောင်ကြီးမြို့ရှိ ညောင်ရွှေဟော်ကုန်းရပ်၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းပေါ်က Shine Mobile ၊ ကျိူင်းတုံမြို့ရှိ တာချီလိတ်လမ်း၊ မြို့မစျေးကြီးဘေးက BBTဆီပန့်အဟောင်းနေရာတွေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Vivo V11 ရဲ့ ပထမဦးဆုံး အရောင်းပွဲတော်ကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ V11 ရဲ့ ရောင်းအားက ထင်မှတ်မထားဘဲ မျှော်မှန်းထားတာထက် ပိုပြီး ရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် V11 ရဲ့ ရောင်းအားဟာ Pre-order နဲ့ First Sales Promotion ကာလအတွင်းမှာတင် ရည်ရွယ်ထားတဲ့ ရောင်းအား ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားပြီလို့ သိရပါတယ်။