Zawgyi Font Version

မၾကာခင္ ေစ်းကြက္ထဲဝင္ေတာ့မယ့္ Vivo ရဲ႕ V11 မွာ တစ္ျခား ဖုန္းေတြထက္သာလြန္ေကာင္းမြန္တဲ့ အခ်က္ေတြအမ်ားၾကီးပါဝင္ေနပါတယ္။ Smart ဖုန္းတစ္လံုးအတြက္အေရးအပါဆံုးအရာေတြထဲက ႏွစ္ခုကေတာ့ Display နဲ႔ Camera ပါပဲ။ Vivo ရဲ႕ V11 မွာ Halo FullView လို႔ေခၚတဲ့ Display နဲ႔ AI ကေန အလိုအေလ်ာက္ခ်ိန္ညွိေပးမယ့္ Dual Camera System ပါဝင္ပါတယ္။

Halo FullView Display

Halo FullView Display မွာ အေရာင္ထြက္စိုေျပေတာက္ပဖို႔အတြက္ AMOLED Display ကိုသံုးေပးထားလို႔ ရုပ္ရွင္ၾကည့္တာပဲ ျဖစ္​ျဖစ္​၊ ဂိမ္ေဆာ့တဲ့ေနရာမွာပဲျဖစ္​ျဖစ္​ ရုပ္​ထြက္​ေတြက ပံုမွန္​ LCD Display ေတြထက္​သာလြန္​ေကာင္​းမြန္​ေနမွာပါ။ Display အ႐ြယ္​အစားကလည္​း 6.41 Inches ဆိုေတာ့ ေျခာက္​လက္​မခြဲ နီးနီးျဖစ္​ေနပါၿပီ။

V11 မွာသံုးထားတဲ့ Halo FullView ရဲဲ႕ Screen Resolution ကလည္း Full HD တင္မကပဲ Full HD+ ျဖစ္လို႔ သာမာန္ Full HD Display ေတြထက္ ပိုမိုၾကည္လင္ျပတ္သားတဲ့ ရုပ္ပံုေတြကိုေဖာ္ျပႏိုင္မွာပါ။ AMOLED Display ကိုသံုးထားတဲ့အတြက္ Black Color ေတြေဖာ္ျပတဲ့ေနရာမွာ Pixel ေတြကို လံုးဝပိတ္ခ်လိုက္မွာမို႔လို႔ Power သံုးစြဲႏွုန္းေလွ်ာ့ခ်ေပးျပီး Battery ၾကာရွည္ခံေစပါတယ္။

Smartphone ေတြမွာ Screen ႀကီးေလ Entertainment အတြက္​ပိုေကာင္​းေလျဖစ္​ပါတယ္​။ V11 ရဲ႕ Display က သာမာန္ Smartphone ေတာ္​ေတာ္​မ်ားမ်ားထက္​ Size ပိုႀကီးေနတဲ့အတြက္​ PUBG လို ဂိမ္​းေတြေဆာ့တဲ့ေနရာမွာ Object ေတြကိုရွင္​းရွင္​းလင္​းလင္​းျမင္​ရၿပီး ပိုမိုသာလြန္​ေကာင္​းမြန္​တဲ့ Gaming Experience ကုိရေစတယ္​။

Halo FullView ဆိုတဲ့ နာမည္​အဆန္​းေလးကိုေပးထားရတဲ့အေၾကာင္​းရင္​းက V11 ရဲ႕ ထိပ္​က Notch ေသးေသးေလးေၾကာင္​့ပါ။ သူရဲ႕ Notch ေသးေသးေလးမွာ Selfie Camera ေလးပဲပါ၀င္​ၿပီး Notch ရဲ႕ ပံုစံဒီဇိုင္​းေလးက မီးလံုးေသးေသးေလးလိုျဖစ္​ေနတဲ့အတြက္​ Halo ဆိုတဲ့ စကားလံုးအဆန္​းေလးကိုသံုးထားတာပါ။

V11 ရဲ႕ ေဘးေဘာင္​ေတြဟာ အေတာ္​ကိုပါးၿပီး ေအာက္​ေျခနားက Chin ေလးဟာ တစ္​ကယ္​ကို ပါးပါးေလးပါ။ ထိပ္​မွာလည္း Notch ေလးက ေသးေသးေလးမို႔လို႔ Screen-to-Body Ratio ဟာ 91.27% ရွိၿပီး Android ဖုန္​းေတြထဲမွာ Screen-to-Body Ratio ေတာ္​ေတာ္​မ်ားတဲ့ ဖုန္​းတစ္​လံုးအျဖစ္​သက္​မွတ္​ႏိုင္ပါတယ္။

“Where Big Stories Happen” ဆိုတဲ့စကားေလးအတိုင္းပဲ V11 ရဲ႕ Halo FullView Display ေပၚမွာ ရုပ္ရွင္ေတြနဲ႔ Entertainment ပိုင္းေတြကို ပိုမိုၾကီးမားတဲ့ အေနအထားမ်ိဳးနဲ႔ အေကာင္းဆံုးခံစားၾကည့္ရွုႏိုင္ေတာ့မွာပါ။

AI Camera

V11 မွာ 12MP နဲ႔ 5MP ရွိတဲ့ Camera ႏွစ္လံုးနဲ႔ဖြဲ႔စည္းထားတဲ့ Dual Camera System ကိုသံုးေပးထားျပီး Selfie Camera ကိုေတာ့ 25MP သံုးေပးထားပါတယ္။ အလင္းနည္းတဲ့ေနရာေတြမွာ ဓာတ္ပံုရိုက္တဲ့အခါ ပံုေကာင္းေကာင္းထြက္ဖို႔အတြက္ အေနာက္ဘက္ 12MP Camera ကိုအလင္းအာရံုခံ Unit ေပါင္း (၂၄) သန္းနဲ႔ဖြဲ႔စည္းထားတဲ့ Dual Sensor နဲ႔အားျဖည့္ထားပါတယ္။

DSLR အဆင့္ရွိတဲ့ Dual-Pixel Autofocus Technology ကိုသံုးထားျပီး (၀.၀၃) စကၠန္႔အတြင္းမွာပဲ ရိုက္ကူးမယ့္ အရာဝတၳဳ တို႔ ျမင္ကြင္းတို႔ကို Auto Focus လုပ္ေပးႏိုင္ပါတယ္။


V11 ရဲ႕ AI Backlight HDR နဲ႔ AI Low Light Mode ေတြဟာ AI algorithms ကိုသံုးျပီး တစ္ခ်္န္တည္းမွာပဲ ဓာတ္ပံုေပါင္းမ်ားစြာကို ရိုက္ကူးေပးပါတယ္။

အဆိုပါ AI Algorithms က ဓာတ္ပံုေတြကိုျပန္ေပါင္းျပီး ပိုျပီး အႏုစိတ္က်တဲ့ ဓာတ္ပံုေတြကို ျပန္လည္ဖန္တီးေပးႏိုင္ပါတယ္။

AI Scene Recognition လို႔ေခၚတဲ့ နည္းပညာလည္းပါဝင္ျပီး ရိုက္ကူးမယ့္ အရာဟာ လူလား၊ ျမင္​ကြင္​းလား အစရွိသျဖင့္အရာဝတၱဳ ေတာ္ေတာ္မ်ားမ်ားကို အလိုလိုခြဲျခားသိႏိုင္ျပီး သက္ဆိုင္ရာ အရာဝတၳဳနဲ႔ ျမင္ကြင္းေပၚမူတည္ျပီး အေကာင္းဆံုးခ်ိန္ညွိမွုေတြလုပ္ေပးႏိုင္လို႔ Vivo V11 မွာ အေကာင္းဆံုးအရည္အေသြးနဲ႔ ဓာတ္ပံုေတြရိုက္ကူးရရွိႏိုင္မွာပါ။

Unicode Version

မကြာခင် ဈေးကွက်ထဲဝင်တော့မယ့် Vivo ရဲ့ V11 မှာ တစ်ခြား ဖုန်းတွေထက်သာလွန်ကောင်းမွန်တဲ့ အချက်တွေအများကြီးပါဝင်နေပါတယ်။ Smart ဖုန်းတစ်လုံးအတွက်အရေးအပါဆုံးအရာတွေထဲက နှစ်ခုကတော့ Display နဲ့ Camera ပါပဲ။ Vivo ရဲ့ V11 မှာ Halo FullView လို့ခေါ်တဲ့ Display နဲ့ AI ကနေ အလိုအလျောက်ချိန်ညှိပေးမယ့် Dual Camera System ပါဝင်ပါတယ်။

Halo FullView Display

Halo FullView Display မှာ အရောင်ထွက်စိုပြေတောက်ပဖို့အတွက် AMOLED Display ကိုသုံးပေးထားလို့ ရုပ်ရှင်ကြည့်တာပဲ ဖြစ်ဖြစ်၊ ဂိမ်ဆော့တဲ့နေရာမှာပဲဖြစ်ဖြစ် ရုပ်ထွက်တွေက ပုံမှန် LCD Display တွေထက်သာလွန်ကောင်းမွန်နေမှာပါ။ Display အရွယ်အစားကလည်း 6.41 Inches ဆိုတော့ ခြောက်လက်မခွဲ နီးနီးဖြစ်နေပါပြီ။

V11 မှာသုံးထားတဲ့ Halo FullView ရဲ့ Screen Resolution ကလည်း Full HD တင်မကပဲ Full HD+ ဖြစ်လို့ သာမာန် Full HD Display တွေထက် ပိုမိုကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတွေကိုဖော်ပြနိုင်မှာပါ။ AMOLED Display ကိုသုံးထားတဲ့အတွက် Black Color တွေဖော်ပြတဲ့နေရာမှာ Pixel တွေကို လုံးဝပိတ်ချလိုက်မှာမို့လို့ Power သုံးစွဲနှုန်းလျှော့ချပေးပြီး Battery ကြာရှည်ခံစေပါတယ်။

Smartphone တွေမှာ Screen ကြီးလေ Entertainment အတွက်ပိုကောင်းလေဖြစ်ပါတယ်။ V11 ရဲ့ Display က သာမာန် Smartphone တော်တော်များများထက် Size ပိုကြီးနေတဲ့အတွက် PUBG လို ဂိမ်းတွေဆော့တဲ့နေရာမှာ Object တွေကိုရှင်းရှင်းလင်းလင်းမြင်ရပြီး ပိုမိုသာလွန်ကောင်းမွန်တဲ့ Gaming Experience ကိုရစေတယ်။

Halo FullView ဆိုတဲ့ နာမည်အဆန်းလေးကိုပေးထားရတဲ့အကြောင်းရင်းက V11 ရဲ့ ထိပ်က Notch သေးသေးလေးကြောင့်ပါ။ သူရဲ့ Notch သေးသေးလေးမှာ Selfie Camera လေးပဲပါဝင်ပြီး Notch ရဲ့ ပုံစံဒီဇိုင်းလေးက မီးလုံးသေးသေးလေးလိုဖြစ်နေတဲ့အတွက် Halo ဆိုတဲ့ စကားလုံးအဆန်းလေးကိုသုံးထားတာပါ။

V11 ရဲ့ ဘေးဘောင်တွေဟာ အတော်ကိုပါးပြီး အောက်ခြေနားက Chin လေးဟာ တစ်ကယ်ကို ပါးပါးလေးပါ။ ထိပ်မှာလည်း Notch လေးက သေးသေးလေးမို့လို့ Screen-to-Body Ratio ဟာ 91.27% ရှိပြီး Android ဖုန်းတွေထဲမှာ Screen-to-Body Ratio တော်တော်များတဲ့ ဖုန်းတစ်လုံးအဖြစ်သက်မှတ်နိုင်ပါတယ်။

“Where Big Stories Happen” ဆိုတဲ့စကားလေးအတိုင်းပဲ V11 ရဲ့ Halo FullView Display ပေါ်မှာ ရုပ်ရှင်တွေနဲ့ Entertainment ပိုင်းတွေကို ပိုမိုကြီးမားတဲ့ အနေအထားမျိုးနဲ့ အကောင်းဆုံးခံစားကြည့်ရှုနိုင်တော့မှာပါ။

AI Camera

V11 မှာ 12MP နဲ့ 5MP ရှိတဲ့ Camera နှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ Dual Camera System ကိုသုံးပေးထားပြီး Selfie Camera ကိုတော့ 25MP သုံးပေးထားပါတယ်။ အလင်းနည်းတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်တဲ့အခါ ပုံကောင်းကောင်းထွက်ဖို့အတွက် အနောက်ဘက် 12MP Camera ကိုအလင်းအာရုံခံ Unit ပေါင်း (၂၄) သန်းနဲ့ဖွဲ့စည်းထားတဲ့ Dual Sensor နဲ့အားဖြည့်ထားပါတယ်။

DSLR အဆင့်ရှိတဲ့ Dual-Pixel Autofocus Technology ကိုသုံးထားပြီး (ဝ.၀၃) စက္ကန့်အတွင်းမှာပဲ ရိုက်ကူးမယ့် အရာဝတ္ထု တို့ မြင်ကွင်းတို့ကို Auto Focus လုပ်ပေးနိုင်ပါတယ်။


V11 ရဲ့ AI Backlight HDR နဲ့ AI Low Light Mode တွေဟာ AI algorithms ကိုသုံးပြီး တစ်ချ်န်တည်းမှာပဲ ဓာတ်ပုံပေါင်းများစွာကို ရိုက်ကူးပေးပါတယ်။

အဆိုပါ AI Algorithms က ဓာတ်ပုံတွေကိုပြန်ပေါင်းပြီး ပိုပြီး အနုစိတ်ကျတဲ့ ဓာတ်ပုံတွေကို ပြန်လည်ဖန်တီးပေးနိုင်ပါတယ်။

AI Scene Recognition လို့ခေါ်တဲ့ နည်းပညာလည်းပါဝင်ပြီး ရိုက်ကူးမယ့် အရာဟာ လူလား၊ မြင်ကွင်းလား အစရှိသဖြင့်အရာဝတ္တု တော်တော်များများကို အလိုလိုခွဲခြားသိနိုင်ပြီး သက်ဆိုင်ရာ အရာဝတ္ထုနဲ့ မြင်ကွင်းပေါ်မူတည်ပြီး အကောင်းဆုံးချိန်ညှိမှုတွေလုပ်ပေးနိုင်လို့ Vivo V11 မှာ အကောင်းဆုံးအရည်အသွေးနဲ့ ဓာတ်ပုံတွေရိုက်ကူးရရှိနိုင်မှာပါ။