Zawgyi

ေအာက္တိုဘာလ(၂၈)ရက္ေန႔က Vivo ကေန V11 ရဲ႕ ေနာက္ထပ္ကာလာတစ္မ်ိဳးျဖစ္တဲ့ Nebula ကို Vivo Official Facebook Page ကေန Live Talk Show Livestream ထုတ္လႊင့္ၿပီး မိတ္ဆက္ခဲ့ပါတယ္။

Live Talk Show အစီအစဥ္ကို ေအာက္တိုဘာလ(၂၈)ရက္ေန႔၊ ညေန(၆)နာရီ မွာ Livestream ထုတ္လႊင့္ၿပီး မိတ္ဆက္သြားတာပါ။ Live Talk Show မွာေတာ့ Zay Ya, Alice Ong, Misato Karibe (MODA), Tha Ra (My Tech), Wai Yan Thwin (Duwun) တို႔ ပါဝင္ ေဆြးေႏြး မိတ္ဆက္ခဲ့ပါတယ္။ ထူးျခားခ်က္အေနနဲ႔ Livestream ၾကည့္သူမ်ားအတြက္ 559,000 က်ပ္ တန္ဖိုးရွိတဲ့ V11 Nebula (၁)လုံး ကံစမ္းမဲေဖာက္ေပးသြားခဲ့ပါေသးတယ္။

Vivo ကေန V11 ဖုန္းကို စက္တင္ဘာလ (၂၅)ရက္ေန႔ က ရန္ကုန္ၿမိဳ႕၊ Melia Hotel မွာ စတင္မိတ္ဆက္ခဲ့ၿပီးေတာ့ အေရာင္အေနနဲ႔ Starry Night (အနက္၊ အျပာ၊ ခရမ္း ၃ေရာင္စပ္ အေရာင္ေျပး) တစ္မ်ိဳးတည္းကို ေရာင္းခ်ခဲ့ပါတယ္။ ေဈးႏႈန္းအေနနဲ႔ကေတာ့ (559,000) က်ပ္နဲ႔ ေရာင္းခ်ေပးခဲ့ပါတယ္။

Vivo V11i မွာေတာ့ စတင္မိတ္ဆက္ကတည္းက Starry Night, Nebula အေရာင္ (၂)ေရာင္ကို မိတ္ဆက္ခဲ့ၿပီး ေဈးကြက္အတြင္း ေရာင္းခ်ေပးခဲ့ပါတယ္။ V11i ရဲ႕ ေဈးႏႈန္းကိုေတာ့ (419,000) က်ပ္နဲ႔ ေရာင္းခ်ခဲ့တာပါ။ V11i သာ Starry Night နဲ႔ Nebula (၂)ေရာင္ ထြက္ရွိခဲ့ၿပီးေတာ့ ေအာက္တိုဘာလ(၂၈)ရက္မွ V11 Nebula ကာလာကို Vivo က ထပ္မံ မိတ္ဆက္လိုက္တာပါ။ အေရာင္ေၾကာင့္ ေဈးႏႈန္းေျပာင္းလဲမႈ မရွိဘဲ V11 Nebula ကိုလည္း 559,000 က်ပ္ နဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

Nebula ကာလာ ဝယ္မယ့္သူမ်ားအတြက္ Pre-order ျပဳလုပ္ထားျခင္းေတာ့ မရွိပါဘူး။ ႏိုဝင္ဘာလ(၁)ရက္ေန႔ ကစၿပီး ျမန္မာျပည္တစ္ဝွမ္းရွိ Vivo ေကာင္တာရွိတဲ့ ဖုန္းအေရာင္းဆိုင္ႀကီးမ်ား ႏွင့္ Vivo Showroom မ်ားမွာ တစ္ၿပိဳင္နက္တည္း ေရာင္းခ်ေပးသြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။

အထူးအစီအစဥ္အေနနဲ႔ ႏိုဝင္ဘာလ(၁)ရက္ေန႔ မွာ Vivo V11 | V11i ဝယ္ယူမည့္သူမ်ားအတြက္
ခဲျခစ္ကံစမ္းမဲ အစီအစဥ္လည္း Vivo ကေန ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ ကံစမ္းမဲ အစီအစဥ္မွာဆုေတြအေနနဲ႔ကေတာ့ ပထမဆု Vivo V11, ဒုတိယဆု Vivo V11i, တတိယဆု Vivo V9, ေငြသားကံစမ္းမဲ (၁)ေသာင္း ဆုမဲမ်ားစြာ ခဲျခစ္ကံစမ္းမဲအစီအစဥ္မွာ ပါဝင္မွာျဖစ္ပါတယ္။ ခဲျခစ္ကံစမ္းမဲ အစီအစဥ္ကေတာ့ ႏိုဝင္ဘာလ(၁၅)ရက္ေန႔အထိသာ ျဖစ္ေၾကာင္း သိရပါတယ္။

Vivo V11 | V11i ဝယ္ယူၾကမယ့္သူမ်ားအေနျဖင့္ ႏိုဝင္ဘာလ(၁၅)ရက္ေန႔အထိသာ ခဲျခစ္ကံစမ္းမဲ အစီအစဥ္ ရွိလို႔ အျမန္ဆုံး သြားေရာက္ဝယ္ယူၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

Unicode

Vivo V11 Nebula ကာလာကို နိုဝင်ဘာ(၁)ရက်နေ့မှာ ရောင်းချသွားမှာ ဖြစ်ပြီး ခဲခြစ်ကံစမ်းမဲ အစီအစဉ်လည်း ပြုလုပ်သွားမယ့် Vivo

အောက်တိုဘာလ(၂၈)ရက်နေ့က Vivo ကနေ V11 ရဲ့ နောက်ထပ်ကာလာတစ်မျိုးဖြစ်တဲ့ Nebula ကို Vivo Official Facebook Page ကနေ Live Talk Show Livestream ထုတ်လွှင့်ပြီး မိတ်ဆက်ခဲ့ပါတယ်။

Live Talk Show အစီအစဉ်ကို အောက်တိုဘာလ(၂၈)ရက်နေ့၊ ညနေ(၆)နာရီ မှာ Livestream ထုတ်လွှင့်ပြီး မိတ်ဆက်သွားတာပါ။ Live Talk Show မှာတော့ Zay Ya, Alice Ong, Misato Karibe (MODA), Tha Ra (My Tech), Wai Yan Thwin (Duwun) တို့ ပါဝင် ဆွေးနွေး မိတ်ဆက်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ Livestream ကြည့်သူများအတွက် 559,000 ကျပ် တန်ဖိုးရှိတဲ့ V11 Nebula (၁)လုံး ကံစမ်းမဲဖောက်ပေးသွားခဲ့ပါတယ်။

Vivo ကနေ V11 ဖုန်းကို စက်တင်ဘာလ (၂၅)ရက်နေ့ က ရန်ကုန်မြို့၊ Melia Hotel မှာ စတင်မိတ်ဆက်ခဲ့ပြီးတော့ အရောင်အနေနဲ့ Starry Night (အနက်၊ အပြာ၊ ခရမ်း ၃ရောင်စပ် အရောင်ပြေး) တစ်မျိုးတည်းကို ရောင်းချခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ (559,000) ကျပ်နဲ့ ရောင်းချပေးခဲ့ပါတယ်။


Vivo V11i မှာတော့ စတင်မိတ်ဆက်ကတည်းက Starry Night, Nebula အရောင် (၂)ရောင်ကို မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချပေးခဲ့ပါတယ်။ V11i ရဲ့ ဈေးနှုန်းကိုတော့ (419,000) ကျပ်နဲ့ ရောင်းချခဲ့ပါတယ်။ V11i သာ Starry Night နဲ့ Nebula (၂)ရောင် ထွက်ရှိခဲ့ပြီးတော့ အောက်တိုဘာလ(၂၈)ရက်မှ V11 Nebula ကာလာကို Vivo က ထပ်မံ မိတ်ဆက်လိုက်တာပါ။ အရောင်ကြောင့် ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ V11 Nebula ကိုလည်း 559,000 ကျပ် နဲ့ ရောင်းချသွားမှာပါ။

Nebula ကာလာ ဝယ်မယ့်သူများအတွက် Pre-order ပြုလုပ်ထားခြင်းတော့ မရှိပါဘူး။ နိုဝင်ဘာလ(၁)ရက်နေ့ ကစပြီး မြန်မာပြည်တစ်ဝှမ်းရှိ Vivo ကောင်တာရှိတဲ့ ဖုန်းအရောင်းဆိုင်ကြီးများ နှင့် Vivo Showroom များမှာ တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အထူးအစီအစဉ်အနေနဲ့ နိုဝင်ဘာလ(၁)ရက်နေ့ မှာ Vivo V11 | V11i ဝယ်ယူမည့်သူများအတွက်
ခဲခြစ်ကံစမ်းမဲ အစီအစဉ်လည်း Vivo ကနေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ကံစမ်းမဲ အစီအစဉ်မှာဆုတွေအနေနဲ့ကတော့ ပထမဆု Vivo V11, ဒုတိယဆု Vivo V11i, တတိယဆု Vivo V9, ငွေသားကံစမ်းမဲ (၁)သောင်း ဆုမဲများစွာ ခဲခြစ်ကံစမ်းမဲအစီအစဉ်မှာ ပါဝင်မှာဖြစ်ပါတယ်။ ခဲခြစ်ကံစမ်းမဲ အစီအစဉ်ကတော့ နိုဝင်ဘာလ(၁၅)ရက်နေ့အထိသာ ဖြစ်ကြောင်း သိရပါတယ်။

Vivo V11 | V11i ဝယ်ယူကြမယ့်သူများအနေဖြင့် နိုဝင်ဘာလ(၁၅)ရက်နေ့အထိသာ ခဲခြစ်ကံစမ်းမဲ အစီအစဉ် ရှိလို့ အမြန်ဆုံး သွားရောက်ဝယ်ယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။