Zawgyi

Vivo V11 ဆိုတာကေတာ့ In-display Fingerprint နည္းပညာ ပါဝင္တဲ့ Mid-range စမတ္ဖုန္း တစ္လုံးပါ။ Vivo အေနနဲ႔ In-display Fingerprint နည္းပညာကို အရင္တုန္းက Flagship စမတ္ဖုန္းေတြမွာပဲ အသုံးျပဳခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ Mid-range စမတ္ဖုန္းေတြမွာပါ အသုံးျပဳလာတာ ျဖစ္ပါတယ္။ Vivo V11 ဟာဆိုရင္ In-display Fingerprint နည္းပညာ ပါဝင္တဲ့ စမတ္ဖုန္းအျဖစ္ ျပည္တြင္းကို တရားဝင္ ဝင္ေရာက္လာတဲ့ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ Vivo V11 မွာ In-display Fingerprint နည္းပညာအျပင္ Dual-Engine Fast Charging, Halo FullView Display, Snapdragon 660 AIE နဲ႔ AI Camera စတဲ့ နည္းပညာ အသစ္အဆန္းမ်ား ပါဝင္လာတာ ေတြ႕ရပါတယ္။

 

In-display Fingerprint Technology
Vivo V11 မွာ အသုံးျပဳထားတဲ့ In-display Fingerprint နည္းပညာက Synaptics ရဲ႕ Clear ID FS9500 ျဖစ္ပါတယ္။ Synaptics အေနနဲ႔ Clear ID နည္းပညာကို ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလတုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး ၂၀၁၈ခုႏွစ္ ဇန္နဝါရီလမွာေတာ့ In-display Fingerprint (Clear ID) နည္းပညာ အသုံးျပဳ ပထမဦးဆုံး စမတ္ဖုန္းကို Vivo က CES 2018 မွာ ခ်ျပခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ Vivo Nex, X20 Plus UD တို႔လို Flagship စမတ္ဖုန္းေတြမွာ In-display Fingerprint နည္းပညာကို အသုံးျပဳခဲ့ၿပီး၊ အခု Mid-range စီးရီး ျဖစ္တဲ့ V11 မွာပါ စတင္ အသုံးျပဳလာတာ ျဖစ္ပါတယ္။

Synaptics Clear ID

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Xiaomi ရဲ႕ Mi 8 Explorer Edition မွာ အဆိုပါ Clear ID နည္းပညာကို အသုံးျပဳထားတာ ျဖစ္ၿပီး မၾကာမီ ထြက္ရွိေတာ့မယ့္ One Plus 6T မွာလည္း Clear ID နည္းပညာကိုပဲ သုံးထားတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ Synaptics ရဲ႕ Clear ID နည္းပညာက OLED Display ေတြမွာသာ အလုပ္လုပ္ၿပီး LCD Display ေတြမွာ အလုပ္မလုပ္ပါဘူး။ ဒါ့ေၾကာင့္ Vivo V11 ရဲ႕ Display အပိုင္းအတြက္ Super AMOLED Display ကို အသုံးျပဳေပးထားတာ ျဖစ္ပါတယ္။

Halo FullView Display
Vivo V11 ရဲ႕ Display အပိုင္းအတြက္ ၆.၄၁ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Super AMOLED Display ကို အသုံးျပဳေပးထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ Super AMOLED Display ကို ေျပာင္းလဲ အသုံးျပဳေပးထားတဲ့အတြက္ အရင္မ်ိဴးဆက္ V9 ရဲ႕ LCD Display နဲ႔ယွဥ္မယ္ဆိုရင္ အမ်ားႀကီး တိုးတက္လာတယ္လို႔ ေျပာရမွာပါ။ V11 ရဲ႕ Notch က V9 တုန္းကလိုမ်ိဴး အႀကီးႀကီး မဟုတ္ဘဲ ေသးေသးေလး ျဖစ္သြားပါၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ Proximity Sensor နဲ႔ Infrared illuminator ေတြကို Display ထိပ္က Frame ေအာက္မွာ ျမႇပ္ထားလို႔ပါ။ ေနာက္ၿပီးေတာ့ Receiver ကိုလည္း Frame နဲ႔ Display ၾကားမွာ ေျပာင္းထည့္ထားပါေသးတယ္။ ဒါေၾကာင့္ သူရဲ႕ Notch က Camera Sensor တစ္လုံးစာဘဲ ရွိေနတာပါ။ ဒီ ဒီဇိုင္းကို Vivo က Halo FullView ဆိုၿပီး ကင္ပြန္းတပ္ထားပါတယ္။ Oppo ကေတာ့ Waterdrop Notch ဆိုၿပီး ကင္ပြန္းတပ္ထားတာပါ

Qualcomm Snapdragon 660 AIE
Vivo V11 ရဲ႕ Processor အပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 660 SoC ကို အသုံးျပဳထားပါတယ္။ V11 မွာ အသုံးျပဳထားတဲ့ Snapdragon 660 ဟာ ခါတိုင္းျမင္ေတြ႕ေနက် 660 SoC ေတြလို မဟုတ္ဘဲ Artificial Intelligence Engine ေပါင္းထည့္ထားတဲ့ SoC ပါ။ ဒါ့ေၾကာင့္ Snapdragon 660 AIE ဆိုၿပီး အမည္တြင္တာ ျဖစ္ပါတယ္။

Dual-Engine Fast Charging
Vivo V11 မွာ ဘက္ထရီသိုေလွာင္မႈ ပမာဏအေနနဲ႔ 3400mAh ထည့္သြင္းေပးထားပါတယ္။ အဆိုပါ ဘက္ထရီကို အားသြင္းဖို႔အတြက္ Dual-Engine Fast Charging Support လည္း ရရွိဦးမွာပါ။ ဘာျဖစ္လို႔ Dual Engine လို႔ေခၚလဲဆိုေတာ့ Charging Chip ၂လုံး ထည့္ေပးထားလို႔ပါ။ Charging Chip ၂လုံးပါတဲ့အတြက္ ႐ိုး႐ိုးအားသြင္းစနစ္ေတြက လမ္းေၾကာင္း တစ္ေၾကာင္းတည္းကေန ဘက္ထရီကို Power ေကြၽးေနတဲ့အခ်ိန္မွာ V11 ရဲ႕ အားသြင္းစနစ္ကေတာ့ လမ္းေၾကာင္း ၂ေၾကာင္းကေန တၿပိဳင္တည္း Power ေကြၽးေနမွာ ျဖစ္ပါတယ္။ Vivo ကေတာ့ သူတို႔ရဲ႕ Dual-Engine Fast Charging နည္းပညာက ႐ိုး႐ိုးအားသြင္းစနစ္ေတြထက္ ၂ဆပိုျမန္တယ္လို႔ ေျပာထားပါတယ္။

AI Camera
Vivo V11 ရဲ႕ Rear Camera အတြက္ Dual Pixel Phase Detection Auto Focus ပါတဲ့ 12Megapixels Camera နဲ႔ 5Megapixels Camera ေတြကို ေဒါင္လိုက္တပ္ထားပါတယ္။ ေနာက္ၿပီးေတာ့ ကင္မရာအပိုင္းမွာလည္း AI Support ေပးထားတဲ့အတြက္ AI Backlight HDR, AI Low Light Mode , AI Scene Recognition, AI Portrait Framing စတဲ့ AI Features ေတြ ပါလာတာ ေတြ႕ရပါတယ္။ Front Camera ကိုေတာ့ 25Megapixels Sensor ကို သုံးေပးထားပါတယ္။ Front Camera မွာက AI လုပ္ေဆာင္ခ်က္ေတြ ျဖစ္တဲ့ A.I Face Beauty နဲ႔ A.I Selfie Lighting features ေတြပါလာတယ္။ AI Face Beauty ဆိုတာက မ်က္လုံး၊ ႏွာေခါင္း၊ ပါးစပ္ နဲ႔ ေမးေစ့ေတြကို စိတ္ႀကိဳက္ျပင္ႏိုင္ဖို႔အတြက္ AI က Support ေပးထားတဲ့ Feature ပါ။ AI Selfie Lighting က ကိုယ့္မ်က္ႏွာကို ေပၚလြင္ေစဖို႔အတြက္ Lighting အမ်ိဴးမ်ိဴး ေပးတာတို႔၊ Background အေရာင္ေျပာင္းတာတို႔ လုပ္လို႔ရတဲ့ Feature ပါ။ ဒီလိုမ်ိဴး Feature ကို iPhone 10 ကေနစၿပီး အခုေနာက္ပိုင္း ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕လာရပါတယ္။

 

ဒါေတြကေတာ့ Vivo V11 မွာ ပါလာတဲ့ Features အသစ္ေတြပါ။ Vivo V11 ရဲ႕ ေစ်းႏႈန္းကေတာ့ ျမန္မာေငြ ၅၅၉၀၀၀ က်ပ္ျဖစ္ၿပီး အၿမိဳ႕ၿမိဳ႕အနယ္နယ္ရွိ Vivo Showroom နဲ႔ Vivo အေရာင္းေကာင္တာေတြမွာ မွာယူႏိုင္တယ္လို႔ သိရပါတယ္။

Unicode

Vivo V11 မှာ ပါဝင်လာတဲ့ Features အသစ်များ

Vivo V11 ဆိုတာကတော့ In-display Fingerprint နည်းပညာ ပါဝင်တဲ့ Mid-range စမတ်ဖုန်း တစ်လုံးပါ။ Vivo အနေနဲ့ In-display Fingerprint နည်းပညာကို အရင်တုန်းက Flagship စမတ်ဖုန်းတွေမှာပဲ အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ Mid-range စမတ်ဖုန်းတွေမှာပါ အသုံးပြုလာတာ ဖြစ်ပါတယ်။ Vivo V11 ဟာဆိုရင် In-display Fingerprint နည်းပညာ ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပြည်တွင်းကို တရားဝင် ဝင်ရောက်လာတဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Vivo V11 မှာ In-display Fingerprint နည်းပညာအပြင် Dual-Engine Fast Charging, Halo FullView Display, Snapdragon 660 AIE နဲ့ AI Camera စတဲ့ နည်းပညာ အသစ်အဆန်းများ ပါဝင်လာတာ တွေ့ရပါတယ်။

 

In-display Fingerprint Technology
Vivo V11 မှာ အသုံးပြုထားတဲ့ In-display Fingerprint နည်းပညာက Synaptics ရဲ့ Clear ID FS9500 ဖြစ်ပါတယ်။ Synaptics အနေနဲ့ Clear ID နည်းပညာကို ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာတော့ In-display Fingerprint (Clear ID) နည်းပညာ အသုံးပြု ပထမဦးဆုံး စမတ်ဖုန်းကို Vivo က CES 2018 မှာ ချပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် Vivo Nex, X20 Plus UD တို့လို Flagship စမတ်ဖုန်းတွေမှာ In-display Fingerprint နည်းပညာကို အသုံးပြုခဲ့ပြီး၊ အခု Mid-range စီးရီး ဖြစ်တဲ့ V11 မှာပါ စတင် အသုံးပြုလာတာ ဖြစ်ပါတယ်။

Synaptics Clear ID

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Xiaomi ရဲ့ Mi 8 Explorer Edition မှာ အဆိုပါ Clear ID နည်းပညာကို အသုံးပြုထားတာ ဖြစ်ပြီး မကြာမီ ထွက်ရှိတော့မယ့် One Plus 6T မှာလည်း Clear ID နည်းပညာကိုပဲ သုံးထားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Synaptics ရဲ့ Clear ID နည်းပညာက OLED Display တွေမှာသာ အလုပ်လုပ်ပြီး LCD Display တွေမှာ အလုပ်မလုပ်ပါဘူး။ ဒါ့ကြောင့် Vivo V11 ရဲ့ Display အပိုင်းအတွက် Super AMOLED Display ကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။

 

Halo FullView Display
Vivo V11 ရဲ့ Display အပိုင်းအတွက် ၆.၄၁ လက်မ မျက်နှာပြင် အကျယ်ရှိ Super AMOLED Display ကို အသုံးပြုပေးထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ Super AMOLED Display ကို ပြောင်းလဲ အသုံးပြုပေးထားတဲ့အတွက် အရင်မျိူးဆက် V9 ရဲ့ LCD Display နဲ့ယှဥ်မယ်ဆိုရင် အများကြီး တိုးတက်လာတယ်လို့ ပြောရမှာပါ။ V11 ရဲ့ Notch က V9 တုန်းကလိုမျိူး အကြီးကြီး မဟုတ်ဘဲ သေးသေးလေး ဖြစ်သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ Proximity Sensor နဲ့ Infrared illuminator တွေကို Display ထိပ်က Frame အောက်မှာ မြှပ်ထားလို့ပါ။ နောက်ပြီးတော့ Receiver ကိုလည်း Frame နဲ့ Display ကြားမှာ ပြောင်းထည့်ထားပါသေးတယ်။ ဒါကြောင့် သူရဲ့ Notch က Camera Sensor တစ်လုံးစာဘဲ ရှိနေတာပါ။ ဒီ ဒီဇိုင်းကို Vivo က Halo FullView ဆိုပြီး ကင်ပွန်းတပ်ထားပါတယ်။ Oppo ကတော့ Waterdrop Notch ဆိုပြီး ကင်ပွန်းတပ်ထားတာပါ။

Qualcomm Snapdragon 660 AIE
Vivo V11 ရဲ့ Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 660 SoC ကို အသုံးပြုထားပါတယ်။ V11 မှာ အသုံးပြုထားတဲ့ Snapdragon 660 ဟာ ခါတိုင်းမြင်တွေ့နေကျ 660 SoC တွေလို မဟုတ်ဘဲ Artificial Intelligence Engine ပေါင်းထည့်ထားတဲ့ SoC ပါ။ ဒါ့ကြောင့် Snapdragon 660 AIE ဆိုပြီး အမည်တွင်တာ ဖြစ်ပါတယ်။

Dual-Engine Fast Charging
Vivo V11 မှာ ဘက်ထရီသိုလှောင်မှု ပမာဏအနေနဲ့ 3400mAh ထည့်သွင်းပေးထားပါတယ်။ အဆိုပါ ဘက်ထရီကို အားသွင်းဖို့အတွက် Dual-Engine Fast Charging Support လည်း ရရှိဦးမှာပါ။ ဘာြဖစ်လို့ Dual Engine လို့ခေါ်လဲဆိုတော့ Charging Chip ၂လုံး ထည့်ပေးထားလို့ပါ။ Charging Chip ၂လုံးပါတဲ့အတွက် ရိုးရိုးအားသွင်းစနစ်တွေက လမ်းကြောင်း တစ်ကြောင်းတည်းကနေ ဘက်ထရီကို Power ကျွေးနေတဲ့အချိန်မှာ V11 ရဲ့ အားသွင်းစနစ်ကတော့ လမ်းကြောင်း ၂ကြောင်းကနေ တပြိုင်တည်း Power ကျွေးနေမှာ ဖြစ်ပါတယ်။ Vivo ကတော့ သူတို့ရဲ့ Dual-Engine Fast Charging နည်းပညာက ရိုးရိုးအားသွင်းစနစ်တွေထက် ၂ဆပိုမြန်တယ်လို့ ပြောထားပါတယ်။

AI Camera
Vivo V11 ရဲ့ Rear Camera အတွက် Dual Pixel Phase Detection Auto Focus ပါတဲ့ 12Megapixels Camera နဲ့ 5Megapixels Camera တွေကို ဒေါင်လိုက်တပ်ထားပါတယ်။ နောက်ပြီးတော့ ကင်မရာအပိုင်းမှာလည်း AI Support ပေးထားတဲ့အတွက် AI Backlight HDR, AI Low Light Mode , AI Scene Recognition, AI Portrait Framing စတဲ့ AI Features တွေ ပါလာတာ တွေ့ရပါတယ်။ Front Camera ကိုတော့ 25Megapixels Sensor ကို သုံးပေးထားပါတယ်။ Front Camera မှာက AI လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ A.I Face Beauty နဲ့ A.I Selfie Lighting features တွေပါလာတယ်။ AI Face Beauty ဆိုတာက မျက်လုံး၊ နှာခေါင်း၊ ပါးစပ် နဲ့ မေးစေ့တွေကို စိတ်ကြိုက်ပြင်နိုင်ဖို့အတွက် AI က Support ပေးထားတဲ့ Feature ပါ။ AI Selfie Lighting က ကိုယ့်မျက်နှာကို ပေါ်လွင်စေဖို့အတွက် Lighting အမျိူးမျိူး ပေးတာတို့၊ Background အရောင်ပြောင်းတာတို့ လုပ်လို့ရတဲ့ Feature ပါ။ ဒီလိုမျိူး Feature ကို iPhone 10 ကနေစပြီး အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာ တွေ့လာရပါတယ်။

ဒါတွေကတော့ Vivo V11 မှာ ပါလာတဲ့ Features အသစ်တွေပါ။ Vivo V11 ရဲ့ စျေးနှုန်းကတော့ မြန်မာငွေ ၅၅၉၀၀၀ ကျပ်ဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ Vivo Showroom နဲ့ Vivo အရောင်းကောင်တာတွေမှာ မှာယူနိုင်တယ်လို့ သိရပါတယ်။