Zawgyi Font Version

မေန႔ကပဲ Vivo ရဲ႕ အလန္းစားဖုန္း V 11 ကိုျပည္တြင္းမွာမိတ္ဆက္ခဲ့ပါတယ္။ Halo FullView Display နဲ႔ အတူ AI Camera ေတြနဲ႔ဆိုေတာ့ အလန္းေပါ့။ ဒါေပမယ့္ ဖုန္းထုတ္လုပ္သူေတြက ဖုန္းေတြကိုနာမည္ေပးတာ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံမတူပါဘူး။ အမွန္တစ္ကယ္ေတာ့ ျပည္တြင္းမွာမိတ္ဆက္သြားတဲ့ Vivo V11 ကို အိႏိၵယမွာ V 11 Pro လို႔ေခၚပါတယ္။ Vivo V 11 Pro ကို အိႏိၵယမွာ ဒီလ အေစာပိုင္းကတည္းက မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အိႏိၵယမွာ မနက္ဖန္ေရာင္းခ်ေတာ့မယ့္ Vivo V11 မွာေတာ့ Mediatek ရဲ႕ High End SoC ျဖစ္တဲ့ Helio P60 သံုးထားပါတယ္။

Main Rear Camera က 16MP ျဖစ္သြားလို႔ V 11 Pro ရဲ႕ 12MP Camera ထက္ Resolution ပိုေကာင္းသြားပါတယ္။ ဒါေပမယ့္လည္း Resolution မ်ားတိုင္း ရုပ္ထြက္ Quality ေကာင္းတယ္လို႔မဆိုလိုပဲ အသံုးျပဳထားတဲ့ Software နဲ႔ DSP လို႔ေခၚတဲ့ Digital Signal Processor ေကာင္းဖို႔ေတာ့လိုပါလိမ့္မယ္။ နာမည္ၾကီး Hexagon DSP သံုးထားတဲ့ V11 Pro ကေတာ့ Camera ရုပ္ထြက္ပိုင္းမွာ V11 ထက္ပိုသာမွာအေသအခ်ာပါပဲ။ ဒါေပမယ့္လည္း Vivo ရဲ႕ AI နည္းပညာေတြေၾကာင့္ Camera ရုပ္ထြက္ကေတာ့ တစ္ျခား Mid Range ဖုန္းေတြထက္ အမ်ားၾကီးသာေနမွာပါ။

6.3 Inches ရွိတဲ့ AMOLED Display ကိုသံုးစြဲထားျပီး In-Display Fingerprint Scanner ဟာ AMOLED Display အသံုးျပဳမွ အဆင္ေျပလို႔ပါ။ Battery ပမာဏကေတာ့ Vivo V11 Pro ထက္ 50mAh ေလာက္မသိမသာေလးနည္းပါတယ္။ Android Oreo 8.1 ကိုျပန္လည္ျပဳျပင္ထားတဲ့ FunTouch OS 4.5 ကိုအသံုးျပဳေပးထားပါတယ္။ ျပည္တြင္းမွာမိတ္ဆက္ခဲ့တဲ့ Vivo V11 နဲ႔ အေျခခံအားျဖင့္တူညီျပီး အသံုးျပဳထားတဲ့ SoC သာကြဲျပားသြားတာပါ။ ဘယ္ဖုန္းကပိုေကာင္းလဲဆိုရင္ေတာ့ ျပည္တြင္းမွာမိတ္ဆက္ခဲ့တဲ့ Snapdragon သံုးထားတဲ့ V11 က အိႏၵိယက Mediatek သံုးထားတဲ့ V11 ထက္ပိုေကာင္းပါတယ္။

Unicode Version

မနေ့ကပဲ Vivo ရဲ့ အလန်းစားဖုန်း V11 ကိုပြည်တွင်းမှာမိတ်ဆက်ခဲ့ပါတယ်။ Halo FullView Display နဲ့ အတူ AI Camera တွေနဲ့ဆိုတော့ အလန်းပေါ့။ ဒါပေမယ့် ဖုန်းထုတ်လုပ်သူတွေက ဖုန်းတွေကိုနာမည်ပေးတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူပါဘူး။ အမှန်တစ်ကယ်တော့ ပြည်တွင်းမှာမိတ်ဆက်သွားတဲ့ Vivo V11 ကို အိန္ဒိယမှာ V 11 Pro လို့ခေါ်ပါတယ်။ Vivo V 11 Pro ကို အိန္ဒိယမှာ ဒီလ အစောပိုင်းကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယမှာ မနက်ဖန်ရောင်းချတော့မယ့် Vivo V11 မှာတော့ Mediatek ရဲ့ High End SoC ဖြစ်တဲ့ Helio P60 သုံးထားပါတယ်။

Main Rear Camera က 16MP ဖြစ်သွားလို့ V 11 Pro ရဲ့ 12MP Camera ထက် Resolution ပိုကောင်းသွားပါတယ်။ ဒါပေမယ့်လည်း Resolution များတိုင်း ရုပ်ထွက် Quality ကောင်းတယ်လို့မဆိုလိုပဲ အသုံးပြုထားတဲ့ Software နဲ့ DSP လို့ခေါ်တဲ့ Digital Signal Processor ကောင်းဖို့တော့လိုပါလိမ့်မယ်။ နာမည်ကြီး Hexagon DSP သုံးထားတဲ့ V11 Pro ကတော့ Camera ရုပ်ထွက်ပိုင်းမှာ V11 ထက်ပိုသာမှာအသေအချာပါပဲ။ ဒါပေမယ့်လည်း Vivo ရဲ့ AI နည်းပညာတွေကြောင့် Camera ရုပ်ထွက်ကတော့ တစ်ခြား Mid Range ဖုန်းတွေထက် အများကြီးသာနေမှာပါ။

6.3 Inches ရှိတဲ့ AMOLED Display ကိုသုံးစွဲထားပြီး In-Display Fingerprint Scanner ဟာ AMOLED Display အသုံးပြုမှ အဆင်ပြေလို့ပါ။ Battery ပမာဏကတော့ Vivo V11 Pro ထက် 50mAh လောက်မသိမသာလေးနည်းပါတယ်။ Android Oreo 8.1 ကိုပြန်လည်ပြုပြင်ထားတဲ့ FunTouch OS 4.5 ကိုအသုံးပြုပေးထားပါတယ်။ ပြည်တွင်းမှာမိတ်ဆက်ခဲ့တဲ့ Vivo V11 နဲ့ အခြေခံအားဖြင့်တူညီပြီး အသုံးပြုထားတဲ့ SoC သာကွဲပြားသွားတာပါ။ ဘယ်ဖုန်းကပိုကောင်းလဲဆိုရင်တော့ ပြည်တွင်းမှာမိတ်ဆက်ခဲ့တဲ့ Snapdragon သုံးထားတဲ့ V11 က အိန္ဒိယက Mediatek သုံးထားတဲ့ V11 ထက်ပိုကောင်းပါတယ်။